နံနံပင်အကြောင်း သိကောင်းစရာ

22/01/2018 16:39 PM တွင် Shwe-Yee-linn Shwe-Yee-linn မှ ရေးသား

နံနံပင်ကိုမြန်မာနိုင်ငံတွင် ဗမာနံနံနှင့် တရုတ်နံနံဟူ၍ ခွဲထားကြသည်။ ဗမာနံနံသည် အသုပ်စုံ မြန်မာလက်သုပ်စုံ၊ မြန်မာအစားအစာမျိုးစုံတွင် တွင်ကျယ်စွာ စားသုံးကြသော အရွက်တစ်မျိုးဖြစ်သည်။ စားသုံးမှု တွင်ကျယ်လှသဖြင့် ဝယ်လိုအားအမြဲတစေပုံမှန်ရှိနေသော စျေးကွက်ဝင် အရွက်လည်းဖြစ်သည်။ ကျန်းမာရေးအတွက် အကျိုးရှိသော အာဟာရများကိုလည်း ပေးနိုင်သော အရွက်ဖြစ်သည်။ အာရှတွင် ပိုမိုစားသုံးမှုပိုများသည်။ သက်စောင့်ဓာတ်ကြွယ်ဝသောအပင်ဖြစ်ပြီး ပဥ္စငါးပါးလုံး စားသုံးနိုင်သော အပင်ဖြစ်သည်။ ဗမာနံနံသည် အရွက်သေးငယ်ပြီး ရိုးတံသေးသွယ်ကာ တရုတ်နံနံ(celery)ကဲ့သို့ အရောင်မနုပါ။ အရောင်နည်းနည်းရင့်ပြီး အရိုးတွင် ပွယောင်းယောင်းနှင့်ဖြစ်မနေဘဲ ကျစ်လျစ်သိပ်သည်းသည်။

နံနံပင် ကြိုက်နှစ်သက်သည့်ရာသီဥတုမှာ အေးမြ၍ခြောက်သွေ့သောရာသီဥတု၊ ဆီးနှင်းဒဏ်ကို လုံးဝ ခံနိုင်ရည်မရှိပါ။ ပျမ်းမျှအပူချိန် ၂၀ မှ ၃၀ ဒီဂရီ ဆဲလ်ဆီးယပ်တွင်ကောင်းစွာ ရှင်သန် ဖြစ်ထွန်းနိုင်သည်။ ဇွန်၊ ဇူလိုင်တွင် စိုက်ပျိုးနိုင်သလို အောက်တိုဘာလ နှင့် နိုဝင်ဘာလသည်လည်း စိုက်ပျိုးရန် အကောင်းဆုံးလများ ဖြစ်သည်။ အကောင်းဆုံး မြေအမျိုးအစားမှာ လေဝင်လေထွက်ကောင်းပြီး မြေစိုင်မြေခဲသေးငယ်သောမြေအမျိုးအစားဖြစ်လျှင် ပိုမို ကောင်းမွန်ပါသည်။ မြေချဉ်ငန်ဓာတ် ၆နှင့်၈ကြားသည် အသင့်တော်ဆုံးဖြစ်သည်။

ဗမာနံနံ

ဗမာနံနံရဲ့အရွက်ဟာ အနည်းငယ်ဝိုင်းပြီး အရောင်နည်းနည်းဖျော့ပါတယ်။ ကိုရီယမ်ထရမ် စာတိုင်ဗန်လို့ အပင်ဗေဒအရ အမည်ရှိတဲ့ တစ်ရာသီပင် ဗမာနံနံဟာ Apiaceae မျိုးရင်းဝင် ဖြစ်ပါသည်။ ပဥ္စငါးပါးလုံး အသုံးဝင်တဲ့ အပင်ဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးလည်း ဖြစ်ပါသည်။

ဥရောပအစားအစာနှင့်အမေရိကန်အစားအစာများမှာ ဟိုးရှေးယခင်ထဲက အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ အာရှတွင်လည်း တွင်ကျယ်စွာ စားသုံးကြသည်။ ဗမာနံနံ၏အစေ့ကို ကြိတ်ချေရာတွင် စူးရှသော အနံ့ကို ရသည်။ အရွက်ကိုကြိတ်ချေလျှင် ချွဲကျိကျိနှင် စူးရှသောအနံ့ကိုပေးသည်။ ဗမာနံနံ ၏ အစေ့မှာ ခြောက်သွားသောအခါ နှစ်ခြမ်းကွဲသွားလေ့ရှိပြီး ပေါ့ပါးသည်။

ပါစလေ (Persley)

မြန်မာနိုင်ငံတွင် လူအများသိပ်မသိတဲ့ နံနံအပင်တစ်မျိုးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် နိုင်ငံတကာတွင် သုံးကြသည်။ တရုတ်နံနံနဲ့ ဆင်တူရိုးမှား ဖြစ်သည်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးမှုမရှိသေးချေ။ ဆေးဝါးတစ်မျိုးလည်း ဖြစ်ပါသည်။ ဗမာနံနံ တရုတ်နံနံထက်ပို အရောင်ရင့်ပြီး အရိုးလည်း ပိုသန်မာသည်။

Petroselinum crispum ဟု သိပ္ပံအမည်ရှိပြီး နှစ်ရာသီ ကြာရှည်သော Apiaceae မျိုးရင်းဝင် အရွက်တစ်မျိုးဖြစ်သည်။ အရွက်တစ်မျိုးသာစားသုံးပြီး အရည်သောက်စွပ်ပြုတ်နှင့် ဟင်းအနှစ်အချို့တွင် အဓိက ထည့်သွင်းချက်ပြုတ်ကြသည်။ ဗမာနံနံနှင့်တရုတ်နံနံလောက် အနံ့မပြင်းချေ။

ပါစလေတွင် ရွက်ပြားပါစလေနှင့် ရွက်တွန့်ပါစလေဟူ၍လည်း ရှိသေးသည်။ ရွက်ပြား ပါစလေကိုသာ အသုံးများကြသည်။ ပါစလေအရွက်သည် ဗမာနံနံနှင့် တရုတ်နံနံထက်ပို၍ အရွက်ဖျားများချွန်သည်။ ဗမာနံနံသည် အရွက်ဝိုင်းပြီးအနံ့ပြင်းသည်။ တရုတ်နံနံသည် အရွက်အနည်းငယ်ချွန်ပြီး အနံ့အနည်းငယ်ယဉ်သည်။ ပါစလေအရွက်သည် စုပ်ချွန်းချွန်းဖြစ်ပြီး အနံ့ကို တစ်ခါတစ်ရံမှသာ ရနိုင်သည်အထိ အနံ့ နည်းသည်။

ပါစလေ ရိုးတံအနားများသည် သေချာကြည့်လျှင် အခုံးဝိုင်းဝိုင်းပုံရှိပြီး တရုတ်နံနံအရိုးများမှာ အနည်းငယ် ကြမ်းကြမ်းရှရှ ရှိသည်။ ဗမာနံနံအရိုးမှာ ချောမွေ့နေသည်။ ပါစလေနဲ့တရုတ်နံနံအရွက်တွေသည် အပင်ခြေရင်း တစ်ခုနှင့် တစ်ခု ထပ်ပြီး ထွက်ကြသော်လည်း ဗမာနံနံတွင် ရိုးတံတစ်ခုချင်းစီလွတ်လွတ်လပ်လပ် ထပ်မနေဘဲ ထွက်ကြတာကို အသေးစိတ်ကြည့်လျှင် မြင်ရသည်။

တရုတ်နံနံ

တရုတ်နံနံကို (celery) ဟုခေါ်ကြသည်။ အရွက်မှာ ဗမာနံနံထက် ပိုကြီးပြီး အရိုးပိုတုတ်သည်။ ပဥ္စငါးပါးလုံး အသုံးဝင်ပြီး အသားအရည်လှအောင် အဓိကစားသုံးကြသော အရွက်ဖြစ်သည်။ အဓိကစားသုံးကြသည်မှာ တရုတ်နံနံအရိုးသည် ဝိတ်ကျစေပြီး အနံ့သိပ်မပြင်းသည့်အတွက် ဖျော်ရည်များတွင် တွင်ကျယ်စွာ ထည့်သွင်းအသုံးပြုကြသည်။ တရုတ်နံနံဟု ဘာကြောင့်ခေါ်တွင်သည် မသိရသော်လည်း နိုင်ငံတကာတွင်မူ ဆာလရီ(celery)ဟု ခေါ်ကြသည်။ အရွက်အရိုးအမြစ်အထိ စားသုံးနိုင်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အတော်အသင့် စားသုံးမှုရှိကြသည်။

တရုတ်နံနံကို တစ်ပေမှ တစ်ပေခွဲထိ ကြီးထွားအောင် စိုက်ပျိုးကြသည်။ အစိမ်းဖြစ်စေ၊ စွပ်ပြုတ်ဟင်းချိုတို့တွင် ထည့်သွင်း၍ဖြစ်စေ စားသုံးကြသည်။ အအေးပိုင်းဒေသများတွင် မျိုးစေ့အတွက် စိုက်ပျိုးကြသည်။ အခြောက်ခံ၍လည်း အမှုန့်ပြုလုပ်ကာ ဟင်းခတ်အမွေးအကြိုင်များဖော်စပ်ရာတွင်လည်း ကျယ်ပြန့်စွာ အသုံးပြု ကြသည်။ အေပီရေးစီး အပင်မျိုးရင်းဝင် ဖြစ်ပြီး အေပိရန်မျိုးကွဲတွင် ပါဝင်သည်။

ဆေးဝါးအဖြစ်လည်း သုံးကြသည်။ လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော သက်စောင့်ဓာတ်များအပြင် သံဓာတ်ကြွယ်ဝသော အပင်တစ်မျိုးဖြစ်သည်။ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိသော်လည်း ဝိတ်လျော့ရန်အဆီပိုများလောင်ကျွမ်းရန်အတွက် အဓိကစားသုံးကြသည်။ အခြားသီးနှံများ၏ အနံ့များကိုကောင်းစွာ စုပ်ယူတတ်ပြီး အနံ့ကူးစက်လွယ်၍ သီးခြားသိုလှောင်သိမ်းဆည်းရသော အရွက်တစ်မျိုး လည်းဖြစ်သည်။

ရွှေရည်လင်း

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်