အဆီနဲ့ ကိုလက်စထရော ပါဝင်မှုနည်းတဲ့ စေတီခရုရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

21/08/2025 15:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

စေတီခရုကို ပြုတ်၍ အသားထုတ်ပြီး သုပ်စား၊ ချက်စား ကြပါသည်။ ထို့ပြင် စေတီခရုကို ရခိုင်သုပ် သုပ်စားခြင်း၊ ချဥ်စပ် ချက်စားခြင်း၊ ကင်စားခြင်း၊ ဟင်းချို ချက်စားခြင်း၊ အစပ်ဟင်း ချက်စားခြင်း စသဖြင့် ပြုလုပ်စားကြသည်။ ထို့ပြင် စေတီခရု(ခေါ်) မရွတ်အဆံကို အခြောက်လှန်း၍ရသော မရွတ်ခြောက်ကိုလည်း သုပ်စားကြပါသည်။

စေတီခရုအစေ့ (ခေါ်) မရွတ်စေ့

မရွတ်စေ့ ဆိုသည်မှာ စေတီခရု၏ အဆန်ကို ခေါ်ကြခြင်းဖြစ်သည်။ စေတီခရုသည် အချွန်ပုံသဏ္ဍာန်ရှိသော ခရုဖြစ်ပြီး ဟင်းလျာအပြင် ဟင်းချိုအဖြစ်လည်း ချက်သောက်ကြပါသည်။ မရွတ်ခရု၏ အဆန်ကို ထုတ်ကာ နေလှန်းပြီးလည်း ရောင်းချကြသဖြင့် စျေးတွင်အသင့်ဝယ်၍ရပါသည်။ ပင်လယ်ပိုင်းဒေသများတွင် တွေ့ရသော ပင်လယ်စာဟင်းလျာ မရွတ်ခရုအဆန်ကို ဟင်းလျာအဖြစ် ချက်စားကြသော်လည်း သုပ်စားရသည့် အရသာကို ပိုမိုကြိုက်နှစ်သက်ကြကြောင်း သိရပါသည်။

စေတီခရု(ခေါ်) မရွတ်တွင်ပါဝင်သော အာဟာရဓာတ်များ

စေတီခရုတွင် ပရိုတိန်း၊ သံဓာတ်၊ ဗီတာမင် B12၊ မဂ္ဂနီဆီယမ်၊ ဆီလီယမ်နှင့် Omega-3 တို့ကြွယ်ဝစွာ ပါဝင်ပါသည်။ အဆီဓာတ်နည်းပြီး ကိုလက်စထရော ပါဝင်မှုနည်းပါးသဖြင့် ကျန်းမာရေးအတွက်အလွန် ကောင်းမွန်ကြောင်း လေ့လာသိရှိရပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင် ခရုကို ဟင်းလျာအဖြစ် စားသုံးကြသည်။ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများတွင်လည်း ရှေးယခင်ကတည်းကပင် စေတီခရု(ခေါ်) မရွတ်အပါအဝင် ခရုမျိုးစိတ်များကို နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။ အာဖရိကနိုင်ငံအချို့မှာ giant snail ဟုခေါ်သော ခရုကြီးများကိုလည်း စားသုံးနေကြကြောင်း လေ့လာမှတ်သားရပါသည်။ ထို့ကြောင့် အချို့နိုင်ငံများတွင် ခရုမွေးမြူရေးကိုပင် စီးပွားဖြစ် လုပ်ကိုင်နေကြပြီဖြစ်သည်။

စေတီခရုနှင့် ကျန်းမာရေး

 စေတီခရု ခေါ်  မရွတ်ကို ဖိလစ်ပိုင်နိုင်ငံတွင် ရိုးရာဟင်းလျာအဖြစ် စားသုံးကြပြီး ယင်းတွင် သွေးကြောသစ်များဖြစ်ပေါ်မှုကိုဟန့်တားနိုင်သည့် အာနိသင်ရှိကြောင်း UP မနီလာဆေးဝါးကျောင်းသားများ၏ သုတေသနတွင် ဖော်ပြထားပါသည်။ စေတီခရုအဖြစ် လူသိများသော ခရုမှထုတ်လုပ်သည့် ဓာတ်စာများသည် ကင်ဆာဆဲလ်များပြန့်ပွားမှုကို တားဆီးနိုင်စွမ်းရှိကြောင်း ဖိလစ်ပိုင်တက္ကသိုလ်(မနီလာ)မှ သုတေသီများ၏ လေ့လာတွေ့ချက်အရ သိရပါသည်။ စေတီခရု၏ အသားသည် သွေးကြော သစ်များဖြစ်ပေါ်မှုကို ဟန့်တားကာ ကင်ဆာအဟာရလမ်းကြောင်းကို ဖြတ်တောက်နိုင်ပါသည်။ ဆေးဘက်ဆိုင်ရာအကျိုးကျေးဇူးများစွာ ပါရှိသဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ဆေးဝါးများတွင်လည်း အသုံးပြုနေကြောင်းသိရသည်။

စေတီခရု(ခေါ်) မရွတ်စားသုံးခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

စေတီခရု(ခေါ်) မရွတ်ဆိုသည်မှာ ပင်လယ်စာများတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး.ရခိုင်စားသောက်ဆိုင်များတွင် မပါမဖြစ်သော မီနူးများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ စေတီခရုသုပ်၊ ခရု ချဉ်စပ်၊ ခရု ဟင်းချို တို့ဆိုသည်မှာ စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြသော ဟင်းလျာများ ဖြစ်သည်။ အလွန်ကြိုက်နှစ်သက်ကြသူများရှိသလို ခရုနှင့် ဓာတ်မတည့်တဲ့သူတချို့လည်း ရှိပါသည်။ သို့သော် စေတီခရု (ခေါ်) မရွတ်စားသုံးခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများမှာ များပြားလှပါသည်။ ၄င်းတို့မှာ-

၁။ ပရိုတင်းဓာတ် ကြွယ်ဝစွာပါရှိခြင်း

ပင်လယ်စာတို့၏ ထုံးစံအတိုင်း စေတီခရုသည် ကယ်လိုရီအများကြီး မပါသော ပရိုတင်း ကြွယ်ဝသည့် အသား တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူများ၊ ကြွက်သားတက်အောင် လုပ်နေသူများအတွက် စားပေးလို့ရသော အသားတစ်မျိုးပဲ ဖြစ်ပါသည်။ ပင်လယ်စာများ အားလုံးထဲတွင် စေတီခရုတို့လို ခရုမျိုးစိတ်များသည် ပရိုတင်း အကြွယ်ဝဆုံးဖြစ်သည်။

၂။ သံဓာတ်ကြွယ်ဝခြင်း

စေတီခရုအပါအဝင် ခရုများသည် သံဓာတ်အကြွယ်ဝဆုံးသော အစားအစာများထဲမှ တစ်ခုဖြစ်သည့်အတွက် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ခံစားနေရသော သူများအတွက် အလွန်ကို သင့်တော်သော အစားအစာ တစ်ခုဖြစ်သည်။

၃။ ဗီတာမင် B- 12 ကြွယ်ဝခြင်း

စေတီခရု အပါအဝင်  ခရုများသည် ဗီတာမင် B-12 ကြွယ်ဝသော အစားအသောက်တစ်ခု ဖြစ်သောကြောင့် အာရုံကြော အားကောင်းဖို့ အတွက်လည်း အထောက်အကူဖြစ်စေပါသည်။

၄။ မဂ္ဂနီဆီယမ်ကြွယ်ဝခြင်း

သွေးပေါင်ချိန် ထိန်းညှိဖို့၊ နှလုံး အားကောင်းဖို့နှင့် အရိုးများသန်မာဖို့ အတွက် မဂ္ဂနီဆီယမ်က မရှိမဖြစ် လိုအပ်ပါသည်။ ထို့ကြောင့်  မဂ္ဂနီဆီယမ် ကြွယ်ဝသော အစားအသောက် တစ်ခုကို ဆိုရလျှင် စေတီခရု(ခေါ်) မရွတ်က အကောင်းဆုံးဖြစ်သည်။

၅။ ဆီလီနီယမ်ဓာတ် ကြွယ်ဝခြင်း

လူ့ကိုယ်ခန္ဓာတွင် selenium ဓာတ်ကို အများကြီး မလိုအပ်သော်လည်း ခုခံအားစနစ်နှင့် ကိုယ်တွင်းဆဲလ်များ ထိခိုက်ခြင်းကို ကာကွယ်ပေးဖို့အတွက် selenium မရှိမဖြစ်လိုပါသည်။ စေတီခရုတွင်ကိုယ်တွင်း လိုအပ်ချက် စနစ်နှင့် ကိုက်ညီသော selenium ပါပြီးသား ဖြစ်သည့်အတွက် စားပေးသင့်သော အရာတစ်ခု​ဖြစ်သည်။

၆။ အိုမီဂါ-၃ ကြွယ်ဝခြင်း

နှလုံးအတွက် အလွန်ကို အရေးကြီးသော Omega-3 သည် ပင်လယ်စာတိုင်းတွင် ပါသလို စေတီခရုတွင်လည်း ကြွယ်ဝစွာပါသည့်အတွက် ခရုသည် နှလုံးအတွက် ထောက်ပံ့ပေးမည့် အကောင်းဆုံး အစားအစာ တစ်ခုဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော်

စေတီခရု(ခေါ်) မရွတ်သည် သဘာဝအားဖြင့် ထူးခြားလှသော ကျောရိုးမဲ့ရေသတ္တဝါ ဖြစ်သည်။ ထို့ပြင် ၄င်း၏ အသားကိုလည်း ကြိုက်နှစ်သက်သူများပြီး ကျန်းမာရေးအကျိုးကျေးဇူးလည်း များပြားလှသဖြင့် စားပေးသင့်သောပင်လယ်စာဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်