အတုအစစ် ခွဲခြားသိရှိနိုင်သော ရိုးရာနည်းလမ်းများ

16/06/2020 11:30 AM တွင် အိစက်ဝေ အိစက်ဝေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပျားသတ္တဝါတို့ရဲ့ ဝတ်မှုန်ကူးခြင်း လုပ်ငန်းစဉ်ကနေ ထွက်ရှိလာတဲ့ ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ ပျားရည်ဟာ အာဟာရဓာတ်များစွာပါဝင်ပြီး အနံ့အရသာနဲ့ပြည့်စုံတဲ့ သဘာဝဆေးဘက်ဝင် အစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ပျားရည်ဖြစ်ပေါ်လာပုံကတော့ ပန်းပွင့်ကနေရလာတဲ့ ရှုပ်ထွေးသော သကြားပုံစံ ( complex sugar) ကို ပျားရဲ့ အင်ဇိုင်းအကူအညီနဲ့ ရိုးရှင်းသော သကြားပုံစံ (simple sugar)ကို ပြောင်းလဲပြီး ပျားသလက်တွေထဲမှာ သိုလှောင်ထားခြင်းကနေ ပျားရည်ဆိုပြီး ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ ပျားရည်ရဲ့ အရောင်နဲ့ အနံ့တို့ဟာ ဝတ်ရည်စုပ်ယူရရှိတဲ့ ပန်းပွင့်အမျိုးအစားကိုလိုက်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ ဒါ့အပြင် ပျားရည်ရဲ့ ပျစ်ခြင်း၊ ကျဲခြင်းဟာ ပြင်ပအပူချိန်နဲ့ ရေပါဝင်မှုနှုန်းအပေါ်မူတည်ပြီး ကွဲပြားသလို ဝတ်ရည်ရရှိတဲ့ အပင်အပေါ်မူတည်ပြီး ပျားရည်သကာကျခြင်းကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။

    ပျားရည်အစစ်ဟာ နှစ်လိုဖွယ်အရသာနဲ့အတူ ခံတွင်းရှင်းပြီး ဝမ်းကိုလည်းရှင်းစေပါတယ်။ အသားအရည်ကိုကြည်လင်စေပြီး အားအင်ပြည့်ဝ လန်းဆန်းစေပါတယ်။

    ဆေးဘက်လည်းဝင်ပြီး အာဟာရဓာတ်တန်ဖိုးမြင့်မားတဲ့ ပျားရည်အား အတုအစစ် ခွဲခြားသိရှိနိုင်‌စေတဲ့ ရိုးရာနည်းလမ်းအချို့ကို ဖော်ပြပေးလိုပါတယ်။

    • ပျားရည်အစစ်ဆိုပါက လက်ဖဝါးထဲမှာ ပျားရည်အနည်းငယ်ကိုထည့်ပြီး ရေနဲ့ ပွတ်သပ်ဆေးကြောလိုက်တဲ့အခါ သန့်ရှင်းစင်ကြယ်သွားပါလိမ့်မယ်။

    • မှင်နှိပ်စက္ကူ ဒါမှမဟုတ် သတင်းစာစက္ကူပေါ် ပျားရည်အစက်ချလိုက်တဲ့အခါ အရည်စိုပြီး အောက်ကိုစိမ့်ကျခြင်း၊ ဘေးကိုပြန့်သွားခြင်း မရှိပါက ပျားရည်အစစ်ဖြစ်ပါတယ်။

    • စတီးဇွန်းထဲ ပျားရည်ထည့်ပြီး မီးပြပေးတဲ့အခါ ပျားရည်ပျင်းတွဲတွဲဖြစ်ပြီး မီးလောင်ရင် ပျားရည်စစ်ပါတယ်။

    • လက်ဖဝါးပေါ် ကွမ်းစားထုံးနဲ့ ပျားရည်ကို ရောပွတ်လိုက်တဲ့အခါ လက်ဖဝါးပူလာရင် ပျားရည်စစ်ပါတယ်။

    • ပွက်ပွက်ဆူရေနွေးထည့်ထားတဲ့ ဖန်ခွက်ထဲကို ပျားရည်အစက်ချလိုက်တဲ့အခါ ရေပူအောက်ခြေမှာ စုနေပြီး ရေပူပေါ်မှာ ဝေ့မနေဘဲ သန့်ရှင်းကြည်လင်နေပါက ပျားရည်အစစ်ဖြစ်ပါတယ်။

    • ယင်ကောင်ပေါ်ကို ပျားရည်အစက်ချပါက ယင်ကောင်ပျံသန်းနိုင်ရင် ပျားရည်အစစ်ဖြစ်ပါတယ်။

    • ပျားရည်အစစ်ဖြစ်ပါက မီးခြစ်ဆံကို ပျားရည်ထဲထည့်ပြီး မီးခြစ်ကြည့်တဲ့အခါ မီးခြစ်ဆံ မီးတောက်လာပါလိမ့်မယ်။

အိစက်ဝေ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်