အတုအစစ် ခွဲခြားသိရှိနိုင်သော ရိုးရာနည်းလမ်းများ

16/06/2020 11:30 AM တွင် အိစက်ဝေ အိစက်ဝေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပျားသတ္တဝါတို့ရဲ့ ဝတ်မှုန်ကူးခြင်း လုပ်ငန်းစဉ်ကနေ ထွက်ရှိလာတဲ့ ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ ပျားရည်ဟာ အာဟာရဓာတ်များစွာပါဝင်ပြီး အနံ့အရသာနဲ့ပြည့်စုံတဲ့ သဘာဝဆေးဘက်ဝင် အစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ပျားရည်ဖြစ်ပေါ်လာပုံကတော့ ပန်းပွင့်ကနေရလာတဲ့ ရှုပ်ထွေးသော သကြားပုံစံ ( complex sugar) ကို ပျားရဲ့ အင်ဇိုင်းအကူအညီနဲ့ ရိုးရှင်းသော သကြားပုံစံ (simple sugar)ကို ပြောင်းလဲပြီး ပျားသလက်တွေထဲမှာ သိုလှောင်ထားခြင်းကနေ ပျားရည်ဆိုပြီး ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ ပျားရည်ရဲ့ အရောင်နဲ့ အနံ့တို့ဟာ ဝတ်ရည်စုပ်ယူရရှိတဲ့ ပန်းပွင့်အမျိုးအစားကိုလိုက်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ ဒါ့အပြင် ပျားရည်ရဲ့ ပျစ်ခြင်း၊ ကျဲခြင်းဟာ ပြင်ပအပူချိန်နဲ့ ရေပါဝင်မှုနှုန်းအပေါ်မူတည်ပြီး ကွဲပြားသလို ဝတ်ရည်ရရှိတဲ့ အပင်အပေါ်မူတည်ပြီး ပျားရည်သကာကျခြင်းကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။

    ပျားရည်အစစ်ဟာ နှစ်လိုဖွယ်အရသာနဲ့အတူ ခံတွင်းရှင်းပြီး ဝမ်းကိုလည်းရှင်းစေပါတယ်။ အသားအရည်ကိုကြည်လင်စေပြီး အားအင်ပြည့်ဝ လန်းဆန်းစေပါတယ်။

    ဆေးဘက်လည်းဝင်ပြီး အာဟာရဓာတ်တန်ဖိုးမြင့်မားတဲ့ ပျားရည်အား အတုအစစ် ခွဲခြားသိရှိနိုင်‌စေတဲ့ ရိုးရာနည်းလမ်းအချို့ကို ဖော်ပြပေးလိုပါတယ်။

    • ပျားရည်အစစ်ဆိုပါက လက်ဖဝါးထဲမှာ ပျားရည်အနည်းငယ်ကိုထည့်ပြီး ရေနဲ့ ပွတ်သပ်ဆေးကြောလိုက်တဲ့အခါ သန့်ရှင်းစင်ကြယ်သွားပါလိမ့်မယ်။

    • မှင်နှိပ်စက္ကူ ဒါမှမဟုတ် သတင်းစာစက္ကူပေါ် ပျားရည်အစက်ချလိုက်တဲ့အခါ အရည်စိုပြီး အောက်ကိုစိမ့်ကျခြင်း၊ ဘေးကိုပြန့်သွားခြင်း မရှိပါက ပျားရည်အစစ်ဖြစ်ပါတယ်။

    • စတီးဇွန်းထဲ ပျားရည်ထည့်ပြီး မီးပြပေးတဲ့အခါ ပျားရည်ပျင်းတွဲတွဲဖြစ်ပြီး မီးလောင်ရင် ပျားရည်စစ်ပါတယ်။

    • လက်ဖဝါးပေါ် ကွမ်းစားထုံးနဲ့ ပျားရည်ကို ရောပွတ်လိုက်တဲ့အခါ လက်ဖဝါးပူလာရင် ပျားရည်စစ်ပါတယ်။

    • ပွက်ပွက်ဆူရေနွေးထည့်ထားတဲ့ ဖန်ခွက်ထဲကို ပျားရည်အစက်ချလိုက်တဲ့အခါ ရေပူအောက်ခြေမှာ စုနေပြီး ရေပူပေါ်မှာ ဝေ့မနေဘဲ သန့်ရှင်းကြည်လင်နေပါက ပျားရည်အစစ်ဖြစ်ပါတယ်။

    • ယင်ကောင်ပေါ်ကို ပျားရည်အစက်ချပါက ယင်ကောင်ပျံသန်းနိုင်ရင် ပျားရည်အစစ်ဖြစ်ပါတယ်။

    • ပျားရည်အစစ်ဖြစ်ပါက မီးခြစ်ဆံကို ပျားရည်ထဲထည့်ပြီး မီးခြစ်ကြည့်တဲ့အခါ မီးခြစ်ဆံ မီးတောက်လာပါလိမ့်မယ်။

အိစက်ဝေ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်