ကျွန်တော် သိလိုက်မိတဲ့ နနွင်းမှုန့် (တနည်း) ဆနွင်းမှုန့်

16/01/2018 13:39 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

 နနွင်းက သဘာဝပိုးသတ်ဆေး မှိုသတ်ဆေးအဖြစ် အထောက်အပံ့ပေးပါသလား။ ခင်ဗျားတို့ ကျွန်တော်တို့ စိုက်ခင်းတွေကို ပိုး ရောဂါတွေကျလာရင် သဘာဝနည်းနဲ့ တိုက်ဖျက်ကာကွယ်လို့ ရတယ်ဆိုတာ သိပါသလား။ 

နနွင်းမှာပါဝင်တဲ့ အာနိသင်တချို့က ပိုး၊ ရောဂါကို တိုက်ဖျက်နိုင်မယ်ဆိုရင် အော်ဂဲနစ်စိုက်ခင်း တွေအတွက် ကောင်းကျိုးချမ်းသာဖြစ်လာမယ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်နော်။ နနွင်းဟာ ပိုးရောဂါ ထိန်းသိမ်းနိုင်တဲ့ ပရဆေးဖြစ်ပြီး ပါကစ္စတန်၊ အမေရိက နိုင်ငံတွေမှာ ဆေးဘက်ဝင် ပိုးသတ်ဆေးအဖြစ်ပါ အသုံးပြုနေပါတယ်။ နနွင်းမှုန့်၊ နနွင်းအဆီကနေ ပိုး၊ မှို ဆန့်ကျင်နိုင်တဲ့ ဓာတ်၊ ကွန်ပေါင်းတွေ ပါဝင်နေပါတယ်။ နနွင်းမှာ ပါဝင်တဲ့ 1, 8 - cineole ဟာ အိမ်တွင်း ကြမ်းပိုး၊ အနီရောင်ကျိုင်းကောင်တွေကို မောင်းထုတ်နိုင်ပါတယ်။ နနွင်းမှုန့်၊ ငရုတ်သီး ဆီတစ် ခုခုကို ရောစပ်ထားတဲ့ အရည်မှာ linalool ဓာတ် ပါလာပြီး ခေါင်ညွန့်ဖြတ်ပိုးနဲ့ စိုက်ခင်းထဲက လောက်ကောင် အဆင့် ပိုးများကို ဖြေရှင်းထိန်းသိမ်းနိုင်ပါသေးတယ်။ နနွင်းရွက်မှာဆိုရင် Alpha - phellandrene ပါရှိတဲ့အတွက် နနွင်းရွက်ကို စိမ်ပြီး ပိုးသတ်ဆေး အသုံးပြုမယ်ဆို လျှင် စိန်ကွက်ဖလံ၊ ဝါသီးလုံးဖောက်ပိုးတွေ အနီရောင် ကျိုင်းကောင်များ ဥ အုခြင်းကို တိုက် ထုတ်နိုင်ပါဦးမယ်။ နနွင်းမှာပါရှိတဲ့ Cinnamic acid, geraniol, နှင့် terpineol compounds တွေဟာဆိုရင် ယင်ကောင်များ ဥမအုအောင် အကာကွယ်ပေးပါတယ်။ Alpha-pinene, geraniol, limonene, α-terpineol တို့ဟာ ပြောင်းပင်စည်ထိုးပိုးကို ကာကွယ်ပေးပါတယ်။ Limonene and α-terpineol ဟာဆိုရင် ပိုးဟပ်ကြီးထွားမှုကို အဟန့်အတား လုပ်နိုင်ပါသေး တယ်။ Eugenol and cineole ကလည်း ခြင်တွေကို ကောင်းကောင်း မောင်းထုတ်ပေးနိုင် ပါတယ်။

နနွင်းကို အသုံးပြုမယ်ဆိုလျှင် ထိုင်းနိုင်ငံမှာ နနွင်းတောင့် ၂ - ၃ ကီလို ကိုနှုတ်နှုတ်စင်း ပြီး ရေ ၂လီတာနဲ့ ၂ ည လောက်စိမ်၊ ဇကာနဲ့ အနည်မပါအောင်စစ်၊ ပြီးရင် ရေ ၄ ဂါလံ မှာထည့် ပြီး ပိုးနှင်ဆေးအဖြစ်သုံးပါတယ်။ ဖားဥမှို ကာကွယ်ဖို့အတွက် နနွင်းမှုန့် ၁၀၀-၂၀၀ ဂရမ်၊ မီးဖို ပြာ ၂၀၀ - ၄၀၀ ဂရမ်၊ ရေ ၄ ဂါလံ ရောပြီး (၇) ရက် တစ်ပတ် ပုံမှန်ဖျန်းမယ်ဆိုလျှင် ဖားဥမှိုရန် က ကာကွယ်ပါလိမ့်မယ်။ ပုရွက်ဆိတ်တွေ ခြတွေကို နနွင်းမှုန့်ဖြူးပြီးတားဆီးတာ အိမ်တိုင်း လုပ်နေကျဖြစ်ပါတယ်။ အဝါရောင် ငှက်မျှားစာ၊ နနွင်းမှုန့် ၁၂၅ ဂရမ်၊ ဆန် ၁ ကီလို သမအောင် နယ်ပြီး စိုက်ခင်းထဲ ၄- ၅ - ၈ နေရာလောက် ပုံပေးပြီး ငှက်၊ စာကလေး လာအောင်မျှားခေါ် ပါတယ်။ ငှက်တွေ စာကလေးတွေက အဝါရောင် ဆန်စေ့တွေလဲစား အခင်းထဲက ငမြှောင်တောင် လို လောက်ကောင်အဆင့် ဖျက်ပိုးတွေကိုပါ အစာအဖြစ် တစ်ပါတည်းကောက်စားကြပါတယ်။ ဒါပေမယ့် စပါးခင်းလိုနေရာမှာတော့ မသုံးသင့်တဲ့နည်းပါ။

နနွင်းသုတ်ဆေး - အပင်တွေ ကိုင်းချချိန် ကိုင်းဖြတ်ထားတဲ့နေရာက ဒဏ်ရာကို ပိုး၊ မှို မဝင် အောင် ကာကွယ်ချိန်တွေ၊ ပင်စည်ထိုးပိုးရှိတဲ့ အကိုင်းတွေ၊ ပိုးသတ်ဆေး ဆေးထိုးပြီး ဆေးငွေ့ အာနိသင် အပြင်ပြန်မထွက်ပဲ ကိုင်းထဲ ပင်စည်ထဲ ရှိစေရန် အပေါက်ဝကို ပိတ်တဲ့ အခါမျိုးတွေ မှာ နနွင်းကို ရေနဲ့ပျစ်ပျစ်ခဲခဲဖျော်ပြီး အကိုင်းဒဏ်ရာနေရာတွေ အပေါက်ဝတွေမှာ သုတ်လိမ်း ထားလို့ ရပါတယ်။ 

ဟင်းသီးဟင်းရွက် သစ်သီးဆေးရည် - ဟင်းသီးဟင်းရွက် သစ်သီးဆေးရည် ဟာဆိုရင် ပိုး၊ ရောဂါ၊ ဖုန် မှုန့်၊ ဘက်တီးရီးယားများ စားသုံးတဲ့နေရာမှာ မကျန်ရှိအောင် နနွင်းမှုန့် ၅၀ ဂရမ်၊ ရေနွေးပူ တစ်ပန်းကန်လုံး ၂၅၀ - ၃၀၀ စီစီ ခန့် နှင့်ဖျော်ပြီး ၂မိနစ်ခန့် စိမ်ကာ ရေသန့်ဖြင့်ဆေး ကာ အသုံးပြုနိုင်ပါ သေးတယ်။ နနွင်းနဲ့ပက်သက်ပြီး အော်ဂဲနစ်စိုက်ကွင်းတွေအပြင် လက်ရှိ စိုက်ခင်းများ GAP စံညွှန်းမှီစိုက်ခင်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ 

နနွင်းနဲ့ပတ်သက်ပြီး အချက်အလက် အတော်အများကို စုဆောင်းပေးလိုက်တဲ့သဘောပါ။ မိမိကိုယ်တိုင် ကိုင်တွယ်စမ်းသပ်ကြည့်မှသာ ပိုပြီးသိမြင်နိုင်လိမ့်မယ်လို့ အကြံပေးပါရစေ။ ကျွန်တော်က စိုက်ပျိုးရေးဘက်ကို အဓိကထား လေ့လာထားလို့ လူကျန်းမာရေးအတွက် အ ထောက်အကူပြုမှုကိုတော့ ရေးသားဖော်ပြမှုမပြုခဲ့တာ နားလည်ပေးစေလိုပါတယ်။ Google မှ ရှာမိသမျှကို အတိုချုပ်ရေးသား စုဆောင်းထားတာ ဖြစ်လို့ ref; ဖော်မပြနိုင်မိတာ ကျွန်တော့် အပြစ်ဖြစ်ပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

Khant Zaw Htet


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်