ကျွန်တော် သိလိုက်မိတဲ့ နနွင်းမှုန့် (တနည်း) ဆနွင်းမှုန့်
နနွင်းက သဘာဝပိုးသတ်ဆေး မှိုသတ်ဆေးအဖြစ် အထောက်အပံ့ပေးပါသလား။ ခင်ဗျားတို့ ကျွန်တော်တို့ စိုက်ခင်းတွေကို ပိုး ရောဂါတွေကျလာရင် သဘာဝနည်းနဲ့ တိုက်ဖျက်ကာကွယ်လို့ ရတယ်ဆိုတာ သိပါသလား။
နနွင်းမှာပါဝင်တဲ့ အာနိသင်တချို့က ပိုး၊ ရောဂါကို တိုက်ဖျက်နိုင်မယ်ဆိုရင် အော်ဂဲနစ်စိုက်ခင်း တွေအတွက် ကောင်းကျိုးချမ်းသာဖြစ်လာမယ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်နော်။ နနွင်းဟာ ပိုးရောဂါ ထိန်းသိမ်းနိုင်တဲ့ ပရဆေးဖြစ်ပြီး ပါကစ္စတန်၊ အမေရိက နိုင်ငံတွေမှာ ဆေးဘက်ဝင် ပိုးသတ်ဆေးအဖြစ်ပါ အသုံးပြုနေပါတယ်။ နနွင်းမှုန့်၊ နနွင်းအဆီကနေ ပိုး၊ မှို ဆန့်ကျင်နိုင်တဲ့ ဓာတ်၊ ကွန်ပေါင်းတွေ ပါဝင်နေပါတယ်။ နနွင်းမှာ ပါဝင်တဲ့ 1, 8 - cineole ဟာ အိမ်တွင်း ကြမ်းပိုး၊ အနီရောင်ကျိုင်းကောင်တွေကို မောင်းထုတ်နိုင်ပါတယ်။ နနွင်းမှုန့်၊ ငရုတ်သီး ဆီတစ် ခုခုကို ရောစပ်ထားတဲ့ အရည်မှာ linalool ဓာတ် ပါလာပြီး ခေါင်ညွန့်ဖြတ်ပိုးနဲ့ စိုက်ခင်းထဲက လောက်ကောင် အဆင့် ပိုးများကို ဖြေရှင်းထိန်းသိမ်းနိုင်ပါသေးတယ်။ နနွင်းရွက်မှာဆိုရင် Alpha - phellandrene ပါရှိတဲ့အတွက် နနွင်းရွက်ကို စိမ်ပြီး ပိုးသတ်ဆေး အသုံးပြုမယ်ဆို လျှင် စိန်ကွက်ဖလံ၊ ဝါသီးလုံးဖောက်ပိုးတွေ အနီရောင် ကျိုင်းကောင်များ ဥ အုခြင်းကို တိုက် ထုတ်နိုင်ပါဦးမယ်။ နနွင်းမှာပါရှိတဲ့ Cinnamic acid, geraniol, နှင့် terpineol compounds တွေဟာဆိုရင် ယင်ကောင်များ ဥမအုအောင် အကာကွယ်ပေးပါတယ်။ Alpha-pinene, geraniol, limonene, α-terpineol တို့ဟာ ပြောင်းပင်စည်ထိုးပိုးကို ကာကွယ်ပေးပါတယ်။ Limonene and α-terpineol ဟာဆိုရင် ပိုးဟပ်ကြီးထွားမှုကို အဟန့်အတား လုပ်နိုင်ပါသေး တယ်။ Eugenol and cineole ကလည်း ခြင်တွေကို ကောင်းကောင်း မောင်းထုတ်ပေးနိုင် ပါတယ်။
နနွင်းကို အသုံးပြုမယ်ဆိုလျှင် ထိုင်းနိုင်ငံမှာ နနွင်းတောင့် ၂ - ၃ ကီလို ကိုနှုတ်နှုတ်စင်း ပြီး ရေ ၂လီတာနဲ့ ၂ ည လောက်စိမ်၊ ဇကာနဲ့ အနည်မပါအောင်စစ်၊ ပြီးရင် ရေ ၄ ဂါလံ မှာထည့် ပြီး ပိုးနှင်ဆေးအဖြစ်သုံးပါတယ်။ ဖားဥမှို ကာကွယ်ဖို့အတွက် နနွင်းမှုန့် ၁၀၀-၂၀၀ ဂရမ်၊ မီးဖို ပြာ ၂၀၀ - ၄၀၀ ဂရမ်၊ ရေ ၄ ဂါလံ ရောပြီး (၇) ရက် တစ်ပတ် ပုံမှန်ဖျန်းမယ်ဆိုလျှင် ဖားဥမှိုရန် က ကာကွယ်ပါလိမ့်မယ်။ ပုရွက်ဆိတ်တွေ ခြတွေကို နနွင်းမှုန့်ဖြူးပြီးတားဆီးတာ အိမ်တိုင်း လုပ်နေကျဖြစ်ပါတယ်။ အဝါရောင် ငှက်မျှားစာ၊ နနွင်းမှုန့် ၁၂၅ ဂရမ်၊ ဆန် ၁ ကီလို သမအောင် နယ်ပြီး စိုက်ခင်းထဲ ၄- ၅ - ၈ နေရာလောက် ပုံပေးပြီး ငှက်၊ စာကလေး လာအောင်မျှားခေါ် ပါတယ်။ ငှက်တွေ စာကလေးတွေက အဝါရောင် ဆန်စေ့တွေလဲစား အခင်းထဲက ငမြှောင်တောင် လို လောက်ကောင်အဆင့် ဖျက်ပိုးတွေကိုပါ အစာအဖြစ် တစ်ပါတည်းကောက်စားကြပါတယ်။ ဒါပေမယ့် စပါးခင်းလိုနေရာမှာတော့ မသုံးသင့်တဲ့နည်းပါ။
နနွင်းသုတ်ဆေး - အပင်တွေ ကိုင်းချချိန် ကိုင်းဖြတ်ထားတဲ့နေရာက ဒဏ်ရာကို ပိုး၊ မှို မဝင် အောင် ကာကွယ်ချိန်တွေ၊ ပင်စည်ထိုးပိုးရှိတဲ့ အကိုင်းတွေ၊ ပိုးသတ်ဆေး ဆေးထိုးပြီး ဆေးငွေ့ အာနိသင် အပြင်ပြန်မထွက်ပဲ ကိုင်းထဲ ပင်စည်ထဲ ရှိစေရန် အပေါက်ဝကို ပိတ်တဲ့ အခါမျိုးတွေ မှာ နနွင်းကို ရေနဲ့ပျစ်ပျစ်ခဲခဲဖျော်ပြီး အကိုင်းဒဏ်ရာနေရာတွေ အပေါက်ဝတွေမှာ သုတ်လိမ်း ထားလို့ ရပါတယ်။
ဟင်းသီးဟင်းရွက် သစ်သီးဆေးရည် - ဟင်းသီးဟင်းရွက် သစ်သီးဆေးရည် ဟာဆိုရင် ပိုး၊ ရောဂါ၊ ဖုန် မှုန့်၊ ဘက်တီးရီးယားများ စားသုံးတဲ့နေရာမှာ မကျန်ရှိအောင် နနွင်းမှုန့် ၅၀ ဂရမ်၊ ရေနွေးပူ တစ်ပန်းကန်လုံး ၂၅၀ - ၃၀၀ စီစီ ခန့် နှင့်ဖျော်ပြီး ၂မိနစ်ခန့် စိမ်ကာ ရေသန့်ဖြင့်ဆေး ကာ အသုံးပြုနိုင်ပါ သေးတယ်။ နနွင်းနဲ့ပက်သက်ပြီး အော်ဂဲနစ်စိုက်ကွင်းတွေအပြင် လက်ရှိ စိုက်ခင်းများ GAP စံညွှန်းမှီစိုက်ခင်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။
နနွင်းနဲ့ပတ်သက်ပြီး အချက်အလက် အတော်အများကို စုဆောင်းပေးလိုက်တဲ့သဘောပါ။ မိမိကိုယ်တိုင် ကိုင်တွယ်စမ်းသပ်ကြည့်မှသာ ပိုပြီးသိမြင်နိုင်လိမ့်မယ်လို့ အကြံပေးပါရစေ။ ကျွန်တော်က စိုက်ပျိုးရေးဘက်ကို အဓိကထား လေ့လာထားလို့ လူကျန်းမာရေးအတွက် အ ထောက်အကူပြုမှုကိုတော့ ရေးသားဖော်ပြမှုမပြုခဲ့တာ နားလည်ပေးစေလိုပါတယ်။ Google မှ ရှာမိသမျှကို အတိုချုပ်ရေးသား စုဆောင်းထားတာ ဖြစ်လို့ ref; ဖော်မပြနိုင်မိတာ ကျွန်တော့် အပြစ်ဖြစ်ပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။
Khant Zaw Htet
sai ip
လွန်ခဲ့သော ၂ လ ကစနွင်းမှုန့်ကိုပြောင်းရွှေ့စိုက်မဲ့ပျိုးပင်ရဲ့အမြစ်ကိုရေဖျော်းြဖြန်းပေးလို့ရမလား
ညိုထွန်းနောင်
လွန်ခဲ့သော ၄ နှစ် ကမြန်မာနိုင်ငံမှာ ဘယ်ဒေသထွက် နနွင်းက အကောင်းဆုံး ပါလဲ..
ဆက်စပ်မေးခွန်းများ
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရင်ကောင်းမလည်း
အောင်သန်းဦး • ဖြေကြားချက် 1 ခု
အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
More from Khant Zaw Htet
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....