သဘာဝမြေဩဇာမထည့်သင့်တဲ့ လယ်မြေအမျိုးအစားများ

11/08/2022 14:40 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 စပါးတစ်တင်းရိတ်လိုက်တိုင်း ကောက်ရိုး ၂၃ ပိဿာထဲမှာပါတဲ့ အာဟာရဓာတ်ပမာဏနဲ့ ညီမျှတဲ့မြေဩဇာဓာတ်တွေ မြေအတွင်းမှာ ကုန်ဆုံးပါတယ်။ စပါးတစ်တင်းရိတ်သိမ်းပြီးတိုင်း ကောက်ရိုး ၂၃ ပိဿာထည့်ပေးရင် မြေအတွင်းမှာ မူလရှိရင်းစွဲ အာဟာရဓာတ် ပမာဏအတိုင်းရှိနေပါမယ်။

ဒါ့ကြောင့် စပါး ၁၀တင်း ရိတ်သိမ်းလိုက်တယ်ဆိုရင် ကောက်ရိုး သို့မဟုတ် သဘာဝမြေဩဇာ ပိဿာ ၂၃၀၊ စပါးတင်း (၁၀၀) ဆိုရင် ပိဿာ ၂၃၀၀ ထည့်ပေးဖို့လိုအပ်ပါတယ်။

ယေဘုယျအားဖြင့် သဘာဝမြေဩဇာဟာ သီးနှံပင်တွေအတွက် ဘေးရန်ကင်းတယ်လို့ အယူရှိတယ်ဆိုပေမယ့် သဘာဝမြေဩဇာတွေ မထည့်သင့်တဲ့ လယ်မြေတွေလည်းရှိပါတယ်။

အဲ့ဒါတွေကတော့

• ရေဝပ်တဲ့မြေ

• မြေအောက်ရေမျက်နှာပြင် မြင့်တဲ့မြေ

• အထက်အစိုဓာတ်နဲ့ အောက်အစိုဓာတ် ဆက်စပ်နေတဲ့မြေ

• လူ့ဒူးခေါင်း၊ ကျွဲနွားဗိုက်အထိ ကျွံတဲ့မြေ၊ မြေဆီလွှာအောက်မှာ မပုပ်မဆွေးတဲ့ ရိုးပြတ်၊ အပင်အကြွင်းအကျန်တွေရှိတဲ့မြေ

• စပါးနီတိုဖြစ်တဲ့မြေ

ဒုံပေါက်မြေ၊ စမ်းပေါက်မြေ၊ စမ်းစွဲမြေတွေမှာ သဘာဝမြေဩဇာထည့်ရင် စပါးနီတိုကို ပိုဖြစ်စေပါတယ်။

 

(FSWG မှထုတ်ဝေတဲ့ လယ်သမားကြီးများသိထားရမယ့် စပါးအထွက်တိုးစေတဲ့ အင်္ဂါရပ်များနဲ့သဘောတရားများ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။)

 

ဒီစာအုပ်လေးကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်