" အစွမ်းထက်သော စားဖိုပြာ "

17/10/2018 15:23 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မော်လမြိုင်ကျွန်း ဧရာဝတီတိုင်းဖက်က ရွာအတော်များများမှာ ထမင်းဟင်းချက်ပြုတ်ရာတွင်" ထင်း" ကိုသာ အသုံးပြုနေရပြီး မီးဖိုချောင်မှထွက်ရှိလာသော " စားဖိုပြာ " များကို ခြံတွင်းရှိ အပင်များခြေရင်းတွင် ပက်ဖျန်းပြီးထားကြောင်း သိရှိရသဖြင့် စားဖိုပြာ ကိုစနစ်တကျသုံးစွဲရန် စားဖိုပြာသည် တန်ဖိုးရှိပြီး စနစ်တကျသုံးစွဲတတ်လျှင် စိုက်ပျိုးရေးအတွက် အကျိုးရှိသော ဆေးကောင်းတစ်ခု ဖြစ်နိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာကြီး ဦးဌေးအံ့၏ စားဖိုပြာအသုံးပြုနည်းများအား ဖြန့်ဝေပေး ခဲ့ပါသည်။
ဆရာကြီး ဦးဌေးအံ့အား ဤပိုစ့်ဖြင့် ဂါရဝပြုအပ်ပါသည်။
*********
ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေးအတွက်အပင်များကိုသာမက စားဖိုပြာ၊ ထင်းပြာစသော ပြာအမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါသည်။

#အသုံးပြုနည်း

#နည်း(၁)
စဖိုပြာ------------(၁)ခွက်{နို့ဆီဗူး}
ထုံးမှုန့်-----------(၁)ခွက်{နို့ဆီဗူး}
ရေ--------------(၈)ပုလင်း{၈လီတာ}

စားဖိုပြာတစ်ခွက်၊ ထုံးမှုန့်တစ်ခွက်ကိုရေ(၈)လီတာတွင်ဖျော်စပ်ပါ။ ပြာမှုန့်များရေတွင်လုံးဝပျော်ဆင်းသွားသည်အထိ မွှေ၍သမပေးပါ။ ထုံးမှုန့်၊ပြာမှုန့်များကျေပျက်သည်အထိမွှေပြီးနောက် နာရီအနည်းငယ်ကြာထားပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့်စစ်ချ၍ အသုံးပြုနိုင်ပြီဖြစ်သည်။ လောက်ကောင်များ၊ကျိုင်းကောင်များကိုကာကွယ်နိုင်သည်။

#နည်း(၂)
စဖိုပြာ-------(၆၀)ကျပ်သား/(၁)ကီလိုဂရမ်
ရေနံဆီ----(၆)ဇွန်း-လက်ဖက်ရည်ဇွန်း/(၃၀)စီစီ

စားဖိုပြာ(၆၀)ကျပ်သားကိုရေနံဆီ(၆)ဇွန်းဖြင့်ရောမွှေ၍သမအောင်လုပ်ပေးပါ။ ပြာမှုန့်များအားလုံးရေနံဆီများစိမ့်ဝင်နိုင်ရန် ကောင်းကောင်းမွှေနောက်ချေမွပေးရပါသည်။ သီးနှံပင်များပေါ်တွင်ပက်ဖြူးပေးခြင်းဖြင့် စုပ်စားပိုးများကိုကာကွယ်နိုင်သည်။

ဤစနစ်သည်သီးနှံပင်ပေါ်များတွင် ကြာရှည်မတည်ရှိနိုင်သဖြင့်တစ်ပတ်နှစ်ကြိမ်ခန့် ပက်ဖြူးသင့်သည်။စုပ်စားပိုးများကို ကြိုတင်ကာကွယ်မှုအနေဖြင့်အသုံးပြုခြင်းဖြစ်သည်။

#နည်း(၃)
စဖိုပြာ---(၁)ဇွန်းမောက်မောက်-ထမင်းစားဇွန်း
ရေ----(၁)လီတာ
နို့ချဉ်----(၁)ခွက်-(၂၅၀)စီစီ

စားဖိုပြာတစ်ဇွန်းမောက်မောက်ကိုရေတစ်လီတာဖြင့် ရောမွှေသမ၍တစ်ညသိပ်စိမ်ထားပါ။ ထို့နောက် နို့ချဉ်(နို့ပျက်/ဒိန်ချဉ်) တစ်ခွက်နှင့်ရောမွှေ သမအောင်ရောမွှေပါ။ ပြီးလျှင်ပိတ်စိမ်းပါးဖြင့်စစ်ချယူ၍ စစ်ကျရေကို ရေသုံးဆရော၍ ပက်ဖျန်း အသုံးပြုနိုင်ပြီ ဖြစ်သည်။

#နည်း(၄)
စဖိုပြာ------------(၁)ခွက်/(၂၅၀ဂရမ်)
သံပုရာရည်-------(၁)ခွက်/(၂၅၀စီစီ)
ရေ-------------(၁၀)ပုလင်း/(၁၀လီတာ)

စားဖိုပြာတစ်ခွက်သံပုရာရည်တစ်ခွက်တို့ကိုရေ(၁၀)ပုလင်းတွင်ရောမွှေသမပေးပြီး ပြာမှုန့်များအနည်ကျသည်အထိထားပါ။

ထို့နောက်ပိတ်စိမ်းပါးဖြင့်စစ်ချ၍ သီးနှံပင်များကိုပက်ဖျန်းနိုင်သည်။ ဘူး၊ဖရုံ၊ကျိုင်းကောင်များကိုထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်သည်။

#နည်း(၅)
စားဖိုပြာကိုဇကာချ၍ပြာနုနုရယူကာ သီးနှံပင်များကိုပက်ဖြူးပေးခြင်းဖြင့် ပျများ၊စုပ်စားပိုးများ၊ ရွက်ထွင်းပိုးများကို ကာကွယ်နိုင်သည်။ ကောက်ပဲသီးနှံဘေးထွက်ပစ္စည်းဖြစ်သော ကောက်ရိုး၊ပြောင်းဖူးအူတိုင်များကို  မီးရှို့၍ ရလာသော ပြာများကိုလည်း အသုံးပြုနိုင်သည်။ ယူကလစ်ရွက်ခြောက်ကိုပြာချ၍လည်းအသုံးပြုနိုင်သည်။ သတိပြုရန်တစ်ချက်မှာ အုန်းဆန်၊အုန်းခွံမှရသောပြာများသည် ဟင်းသီးဟင်းရွက်ပင်များ၏အရွက်ကို လောင်ကျွမ်းနိုင်သော အာနိသင်ရှိသဖြင့် ၎င်းပြာများကိုမသုံးသင့်ပါ။ သီးနှံပင်ခြေရင်းတွင်ပြာများဖြူးပေးထားခြင်းဖြင့် ပုရွက်ဆိတ်များကိုလည်းကာကွယ်နိုင်သည်။

သင်္ဘောပင်ခြေရင်းတွင်ပြာများများပုံပေးခြင်းဖြင့် သင်္ဘောပင်ပုပ်ရိသေဆုံးတတ်သည်ကိုမူသတိပြုရန်လိုသည်။
ရှမ်းပြည်တွင်အလေ့ကျပေါက်သော စိန်နားပန်(Lantana aculeata)ကိုပြာချ၍ ပက်ဖြူးပေးခြင်းဖြင့် ရွက်ထွင်းပိုးများကို ကာကွယ်နိုင်သည်။ ဟင်းသီးဟင်းရွက်ပျိုးခင်းများတွင် ပြာမှုန့်ဖြူးပေးထားခြင်းဖြင့်ပုရွက်ဆိတ်၊ပင်ဖြတ်ပိုးများကို ကာကွယ် နိုင်သည်။ ပိစပ်ပင်ကိုမီးရှို့၍ရလာသောပြာသည်လည်း ထိရောက်မှုရှိသည်။ ပိစပ်ပင်များသည်ပေါင်းပင်များ ဖြစ်သဖြင့် ပေါင်းရှင်းပြီးသားဖြစ်သကဲ့သို့ ပြာကိုလည်းအကျိုးရှိစွာအသုံးချနိုင်သည်။ ပိစပ်ပင်များကို ခုတ်စင်း၍ ပျိုးခင်းဘောင်၊ စိုက်ဘောင်များပေါ်တွင် နေလှန်းခြောက်သွေ့စေ၍မီးရှို့ပေးခြင်းဖြင့် ပျိုးပင်၊စိုက်ပင်များကိုပုရွက်ဆိတ်ရန်မှ ကင်းဝေးစေကာ ပင်ဖြတ်ပိုးများကိုလည်းကြိုတင်ကာကွယ်ပေးသည် စိုက်ခင်းများတွင် ပင်ကြွင်းပင်ကျန်   များကို မီးရှို့ပေးခြင်းဖြင့် ပိုးများကို ကာကွယ်နိုင်သကဲ့သို့အပင်ရောဂါများကိုလည်း သုတ်သင်ပြီးသားဖြစ်ကာ မြေဆီလွှာ ကိုလည်း ကောင်းမွန်စေပါသည်။

ပြာမှုန့်များကိုစိုက်ခင်များတွင်ပက်ဖြူးမည်ဆိုပါကနည်း(၃)နည်းဖြင့်အသုံးပြုနိုင်သည်။

၁။ ပြာမှုန့်များကိုလက်တွင်ဆုပ်ယူ၍ အပင်များပေါ်သို့ပက်ဖြူးခြင်းဖြစ်သည်။

၂။ ပြာမှုန့်ကိုပိတ်စိမ်းပါးနှင့်ထုပ်ယူပြီးအပင်များပေါ်တွင် ခါချပေး၍ ပက်ဖြူးပေးနိုင်သည်။

၃။ ပြာမှုန့်ကိုပေါင်ဒါမှုန့်ဘူးခွံများတွင်ထည့်သွင်းပြီးအပင်များပေါ်သို့ပက်ဖြူးပေးနိုင်သည်။

Lu Gyan Gyi


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်