စိုက်ပျိုးရေးတွင် ပိုးသတ်ဆေးများကို အသုံးပြုခြင်း

17/01/2020 11:45 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးမှာ ဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းဖို့ ပိုးသတ်ဆေးတွေကို တစ်ကမ္ဘာလုံး အသုံးပြုနေကြပါတယ်။ ဓါတုပိုးသတ်ဆေးတွေကို မသုံးဘဲနဲ့ ဒီနေ့ အထွက်နှုန်းနဲ့ စားနပ်ရိက္ခာဖူလုံမှုကို ခန့်မှန်းဖို့ လုံးဝခက်ခဲပါတယ်။ ဒါပေမဲ့  ပိုးသတ်ဆေးတွေကို မဆင်မခြင်သုံးစွဲတာဟာ အာရှတိုက်မှာ စပါးလိုသီးနှံတွေမှာ ဆိုးဝါးတဲ့ပြဿနာရှိပြီး ပိုးသတ်ဆေးအတွက် ကုန်ကျစရိတ်ဟာ အကျိုးအမြတ်ထက် ပိုများနေပါတယ်။ ဝါ၊ ခရမ်းချဉ် ဒါမှမဟုတ် သခွားမွှေးတို့လိုသီးနှံတွေမှာ ဓါတုပိုးသတ်ဆေးတွေကိုသုံးပြီး ဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းရာမှာ အခက်အခဲတွေရှိလာပြီး အချို့နိုင်ငံတွေမှာ ဒီသီးနှံတွေကို မစိုက်တော့ဘဲ လုံးဝစွန့်လွှတ်လာကြပါတယ်။ 

ပတ်ဝန်းကျင်နဲ့ လူ့ကျန်းမာရေးအပေါ်  ပိုးသတ်ဆေးတွေရဲ့ စိုးရိမ်စရာကြီးထွားလာပြီး အချို့နိုင်ငံတွေမှာ ပိုးသတ်ဆေးတွေကိုလျှော့သုံးဖို့ ပြင်းထန်တဲ့ လူထုဖိအားရှိလာပြီဖြစ်သည်။  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ အဆင့် (၁) ပိုးသတ်ဆေးတွေကို သုံးစွဲနေဆဲ ဖြစ်ကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုးသတ်ဆေးသုံးစွဲမှုကြောင့် ပြဿနာတွေ အမြဲတမ်းရှိပါတယ်။ အလွန် ဒါမှမဟုတ် အလွန့်အလွန်အဆိပ်ပြင်းတဲ့ ဒီပိုးသတ်ဆေးတွေဟာ အဆိပ်သင့်ခြင်းတော်တော်များများကို ဖြစ်စေပါတယ်။ အချို့သတင်းရင်းမြစ်တွေအရ တစ်နှစ်ကို ပိုးသတ်ဆေးအဆိပ်သင့်မှုပြဿနာ (၂၅,၀၀၀,၀၀၀) အထိ ရှိပါတယ်။ 

ဒီအကြောင်းပြချက်တွေကြောင့် ဖျက်ပိုးကာကွယ်နှိမ်နင်းဖို့အတွက် အခြားနည်းလမ်းတွေကို ပိုမိုအသုံးပြုလာကြပြီး ပရော်ဖက်ရှင်နယ်စိုက်ပျိုးရေးမှာ ဓါတုပိုးသတ်ဆေးကို နောက်ဆုံး အားကိုးရာအဖြစ်သာအသုံးပြုတဲ့ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး အယူအဆကို ယခုအခါ ထည့်သွင်းစဉ်းစားလာကြပါတယ်။ ဓါတုပိုးသတ်ဆေးတွေရဲ့ အစားထိုးစရာတွေမှာ စိုက်ပျိုးနည်း၊ ခံနိုင်ရည်ရှိတဲ့မျိုးတွေကို ရွေးချယ်အသုံးပြုတာ၊ ဖျက်ပိုးတွေရဲ့ သဘာ၀ရန်သူတွေကို အခွင့်အရေးပေးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးတာနဲ့ အကျိုးပြုအင်းဆက်တွေအပါအဝင် ဇီဝပိုးသတ်ဆေးတွေကို အသုံးပြုတာတွေပါဝင်ပါတယ်။ 

ဒီအခြေအနေတွေအောက်မှာ ဓါတုပိုးသတ်ဆေးတွေဟာ ဒီနေ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ပိုးသတ်ဆေးဖြစ်ဖို့လိုပါတယ်။ ၄င်းတို့ဟာ လူသားတွေအတွက် အဆိပ်သင့်မှု ပိုနည်း လာပြီး ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး အယူအဆအတွင်း အသုံးဝင်တဲ့အရာတစ်ခုအဖြစ် ပိုမိုသီးသန့်ဖြစ်လာပြီး ပိုမိုအစွမ်းထက်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) လောက်က တစ်ဟက်တာကို ပိုးသတ်ဆေးအဆိပ်ရှိပစ္စည်းကို ကီလိုဂရမ် ဒါမှမဟုတ် လီတာတွေနဲ့ အသုံးပြုခဲ့ကြပေမဲ့ တူညီတဲ့ရလဒ်ကိုရဖို့ ခေတ်သစ်ပိုးသတ်ဆေးကို မီလီဂရမ် ဒါမှမဟုတ် မီလီလီတာသာ လိုအပ်ပါတယ်။ 

အခြားတစ်ဖက်မှာတော့ ပိုးသတ်ဆေးအသစ်တွေမှာ ညီညာပြီးထိရောက်တဲ့ အသုံးပြုမှုအတွက် ပိုမိုခေတ်မီတဲ့ နည်းပညာလိုအပ်ပါတယ်။ ဖျက်ပိုးကာကွယ်နှိမ်နင်းဖို့အတွက် ဇီဝပိုးသတ်ဆေးတွေကို ကြည့်ပါက ဧရိယာအကျယ်ကြီးမှာ စက်ဖြင့် အသုံးပြုနိုင်ဖို့အတွက် သင့်တော်တဲ့နည်းပညာ လိုအပ်ပါတယ်။ 

ပိုးသတ်ဆေးသုံးစွဲမှုအလေ့အထကို ထိထိရောက်ရောက်တိုးတက်စေဖို့ စံချိန်မီကောင်းမွန်တဲ့ အရည်အသွေးကောင်း ကိရိယာနဲ့ ပိုးသတ်ဆေးဖျန်းကိရိယာသုံးစွဲမှုသင်တန်း လိုအပ်ပါတယ်။ 

ပိုးသတ်ဆေးကို အတော်အတန်ဘေးကင်းပြီး ထိရောက်တဲ့အသုံးပြုမှုကိုဖြစ်စေတဲ့ နည်းပညာနဲ့ အဲဒီအယူအဆကို လက်တွေ့စတင်ကျင့်သုံးဖို့ လိုပါတယ်။ ဒါပေမဲ့ နိုင်ငံအသီးသီးမှာ ကျင့်သုံးနေကြတဲ့ အခြေအနေတွေကို လက်ခံရမှာ ဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေကို စတင်အသုံးပြုဖို့ရာ နည်းပညာစွမ်းရည်၊ အဖွဲ့အစည်း၊ ယဉ်ကျေးမှုနောက်ခံနဲ့ ပါဝင်တဲ့ ပြည်သူတွေရဲ့ စိတ်ရင်းစေတနာအပေါ် အများကြီးမူတည်ပါတယ်။ 

နိုင်ငံတော်အစိုးရရဲ့ အခန်းကဏ္ဍကတော့ သံစုံတီးဝိုင်းရဲ့ လမ်းညွှန်သူနဲ့ နှိုင်းယှဉ်နိုင်ပြီး ပုဂ္ဂလိကကဏ္ဍကို သံစုံတီးဝိုင်းနဲ့ နှိုင်းယှဉ်ရမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုကတော့ နည်းပညာအသေးစိတ် အများကြီးမဟုတ်ဘဲ လူတိုင်းဟာ သူတို့ရဲ့လုပ်ဆောင်မှုကို အကောင်းဆုံးလုပ်ဆောင်ဖို့ အာမခံရန် ဖြစ်ပါတယ်။ ဂီတပွဲတစ်ခုလို ပလေယာတိုင်းက တစ်ယောက်နဲ့တစ်ယောက် စည်းဝါးကိုက်ပြီး တာဝန်သိသိလုပ်ဆောင်မှသာ အစီအစဉ် အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း မီးမောင်းထိုးပြလိုက်ပါရစေ။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်