ငါး/ပုစွန်မှသည် ​တန်ဖိုးမြှင့်ရေထွက်ပြုပြင်ထုတ်ကုန် ထုတ်လုပ်နည်း

22/12/2021 13:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါး၊ ပုစွန် စတဲ့ ရေထွက်ကုန်များကို ပြုပြင်၍ တန်ဖိုးမြှင့်ထုတ်ကုန် ငါး/ပုစွန် /မျှင်ငံပြာရည် ပြုလုပ်၍ ရသဖြင့် ပြုလုပ်နည်းလေးကို ဖော်ပြပေးပါမည်။ 

ငါးငံပြာရည် ပြုလုပ်ဖို့-

ငါးတောင်စင်း (သို့) ငါးဘဲဖြူ - ၁တင်း

ဆား -၂ပိဿာ ၅၀ကျပ်သား တို့လိုအပ်ပါသည်။ 

ပြုလုပ်နည်းမှာ-

၁။ ငါးများကို ရေစင်ကြယ်စွာဆေး၍ ရေစစ်ပါ။

၂။ ရေစစ်ပြီးသောငါးများကို ဆားနှင့်ရောနယ်ပြီး စဉ့်အိုးများတွင် ထည့်၍ နေပူထဲတွင် အဖုံးပိတ်ထားပါ။

၃။ သုံးလခန့်ကြာလျှင် ငါးအိုးများကို ဖွင့်ကြည့်ပါက နူးနပ်၍ နေသည်ကို တွေ့ရပါမည်။ 

၄။ ၄င်းငါးများအား နာနာမွှေပေးလျှင် အားလုံးကြေမွ၍ သွားပါလိမ့်မည်။

၅။ အရည်ပျစ်လွန်းလျှင် ဆားကျက်ရည် ရောထည့်ပြီး ဂုန်နီအိတ်ပါးပါးနှင့် စစ်ပါ။ အထပ်ထပ် စစ်ပေးပါလျှင် ဆီကဲ့သို့ ကြည်လင်နေသော ငံပြာရည်ကို ရပါလိမ့်မည်။ 

၆။ ငံပြာရည်ကောင်းကောင်း စားသုံးလိုပါက ငါးတစ်တင်းလျှင် ငါးငံပြာရည် နှစ်ပုံး၊ သုံးပုံးထက် ပိုမချက်ပါနှင့်။

၇။ စစ်ပြီးငံပြာရည်များကိုလည်း နေပူလှန်းထားပါ။ နေဖြင့်ချက်ပြီးသား ဖြစ်နေပါလိမ့်မည်။

ပုစွန်စိမ်း ငံပြာရည်ပြုလုပ်ဖို့-

ပုစွန်ဆိတ်၊ ပုစွန်ကျော့ -  ၁၀ ပိဿာ

ဆား - ၂ပိဿာ ၅၀ ကျပ်သား

သကြား- အသင့်အတင့် တို့လိုအပ်ပါသည်။ 

ပြုလုပ်နည်းမှာ-

၁။ ပုစွန်များကို ရေစင်ကြယ်စွာဆေးပြီး အမှိုက်သရိုက်များကို ဖယ်ရှားပစ်ပါ။

၂။ ဆေးပြီးပုစွန်များကို ရေစစ်၍ ဆား နှင့်ရောနယ်ပြီးစဉ့်အိုး သိပ်ထားပါ။

၃။ စဥ့်အိုးကို နေပူထဲတွင် အဖုံးဖုံး၍ ပစ်ထားပါ။ 

၄။ သုံးလခန့်ကြာလျှင် ပုစွန်များ နူးနပ်နေပါလိမ့်မည်။ 

၅။ ၄င်းပုစွန်များကို ဆယ်၍ ငရုတ်ဆုံတွင် သော်လည်းကောင်း၊ အသား ကြိတ်စက်တွင်သော်လည်းကောင်း ထောင်းပါ။ ကြိတ်ပါ။

၆။ ၄င်းနောက် ဆားရည်ကျို၍ ထပ်လောင်းပါ။ ထောင်းပြီးပုစွန်များနှင့် ရောမွှေပြီး အထက်ပါနည်းအတိုင်း ဂုန်နီအိတ်ပါးနှင့် အထပ်ထပ် ရေစစ်ပါ။ 

၇။ အရောင်အတွက်  သကြားလှော်ထည့်ပါလေ။

၈။ စစ်ပြီးငံပြာရည်များကို နေပူတွင် ထားလိုက ထားပါ။ (သို့မဟုတ်) ကျိုချက်၍ ပုလင်းများ၊ စဉ့်အိုးများနှင့် သိုမှီးထားပါ။

၉။ ပုစွန် ၁၀ပိဿာလျှင် ငံပြာရည်အကောင်းဆုံး ၃ ပုံးရအောင်ချက်ပါ။

၁၀။ ရောင်းတန်းအတွက် ၅ပုံး၊ ၆ပုံး ရအောင် ချက်နိုင်ပါသည်။

မျှင်ငံပြာရည် ပြုလုပ်ဖို့-

မျှင်ငါးပိကောင်းကောင်း- ၁ဝ ပိဿာ

ဆား -  ၁ပိဿာ

သကြား- ၅ကျပ်သား တို့ လိုအပ်ပါသည်။ 

ပြုလုပ်နည်းမှာ-

၁။ ဆား ၁ ပိဿာအား ရေနွေးနှင့် ရောကျို ပြီးလျှင် အအေးခံထားပါ။

၂။ ၄င်းရေနှင့် မျှင်ငါးပိများကို ရေဖျော်ပြီး နေပူထဲတွင် စဉ့်အိုးနှင့်ထည့်၍ နေလှန်းပါ။

၃။ လေး၊ ငါး ရက် နေ ရလျှင် လေးထောင့်စင်လုပ်၍ ဂုန်နီအိတ်ပါးပါးနှင့်စစ်ပါ။

၄။ ပထမ ရေများကျလာပါလိမ့်မည်။ ၄င်းရေ အနောက်များကို ထပ်တလဲလဲ စစ်ပေးလျှင် ဆီကဲ့သို့ ကြည်လင်သော ငံပြာရည် ရလာပါလိမ့်မည်။

၅။ သကြားငါးကျပ်သားခန့်ကို ဒယ်အိုးတွင် မတူးမခြစ်စေပဲ ညိုရောင်လာအောင် လှော်ထည့်ပါလျှင် အရောင်လှပါသည်။

၆။ ကြာရှည်ခံစေရန် ငံပြာရည်များကို ကျို ၍ ပုလင်း၊ စဉ့်အိုးများတွင် သိုမှီးထားနိုင်ပါသည်။

မှီငြမ်း-ဦးကြီးပု၏ ချက်နည်းပြုတ်နည်း ၅၀၀ စာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

                              

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်