မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၇၅)
စားမှိုများမှ တန်ဖိုးမြှင့် ပစ္စည်းအမျိုးမျိုး ထုတ်ကြရအောင် (၂)
ရည်ရွယ်ချက်
မြန်မာနိုင်ငံတွင် စျေးကွက်ဝင် စားမှိုများကို မှိုအစို/မှိုခြောက်မှုန့် ပုံစံအမျိုးမျိုးဖြင့် အသင့်စား အသင့်ချက်ပြုတ် အစားအစာများတွင် အသုံးပြုခြင်းသည် အစားအစာများ၏ အရည်အသွေးကို တိုးစေသည်။
သုတေသနအနေအထားမှတဆင့် အသုံးချနိုင်သော တန်ဖိုးမြင့်ပစ္စည်းများ
စားမှို များမှ အသင့်စား/ အသင့်ချက်ပြုတ် အစားအစာများထုတ်ခြင်း
စားမှိုများကို အမှုန့်ပြုလုပ်ပြီး စက်ရုံထုတ် ကွတ်ကီး၊ ဘီစကစ်နှင့် ကိတ်များပြုလုပ်သည်။ စားမှိုအမှုန့် များကို ကိတ်မုန့်များတွင် ဖြည့်စွက်သုံးပါက အမျှင်ကြမ်းများ၊ မင်နရယ်များ၊ ပရိုတင်းနှင့် ဗိုက်တာမင်များ တိုးသည်။ စားမှို ဘေးထွက်ပစ္စည်းများမှ ပိုလီစက္ကရိုက်များကို ရေနွေးဖြင့် ထုတ်ယူခြင်းသည် အသုံးများသည်။ ၎င်းနည်းသည် လွယ်ကူသည်။ ပတ်ဝန်ကျင်ကိုလည်း အကျိုးပြုသည်။
၁။ ကြယ်သီးမှို
Button mushroom (Agaricus bisporus)
၂။ နို့စိမ်းမှို Milky white (Calocybe indica)
၃။ ငွေနှင်းမှို Oyster mushroom ( Pleurotus sajor-caju)
၄။ငွေမိုးမှို Oyster mushroom ( Pleurotus osteratus)
၅။ ရှီတာကီ Shiitake ( Lentinula edodes)
၆။ King Trumpet ( Pleurotus eryngii)
ကိုးကား
Kumar, H.; Bhardwaj, K.; Sharma, R.; Nepovimova, E.; Cruz-Martins, N.; Dhanjal, D.S.; Singh, R.; Chopra, C.; Verma, R.; Abd-Elsalam, K.A.; et al. Potential Usage of Edible Mushrooms and Their Residues to Retrieve Valuable Supplies for Industrial Applications. J. Fungi 2021, 7, 427. https://doi.org/ 10.3390/jof7060427
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။