အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးခင်းတွင် စနစ်တကျရေထိန်းသိမ်းနည်း

စပါးခင်းတွင် စနစ်တကျရေထိန်းသိမ်းနည်း

Soe Myint
Soe Myint • 15/09/2021

စပါးတွင် ရေထိန်းသိမ်းမှုကောင်းဖို့လိုသည်။

ဘယ်အထိလဲ?

စပါးမရိတ်သိမ်းမှီ ၇ ရက်မှ ၁၀ ရက်အလို အထိဖြစ်ပါသည်။ 

ရေထိန်းသိမ်းမှုကောင်းလျှင် ထည့်သွင်းလိုက်သော မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးတို့၏အာနိသင်ကို အကျိုးရှိစေပြီး အထွက်ကောင်းစေသည်။ ထိုမျှမက အရည်အသွေးပါ ကောင်းစေပါသည်။

စပါးစိုက်ပျိုးရာတွင် စိုက်ပျိုးကာစတွင် စပါးပင်သည် ရေအနည်းငယ်သာလိုအပ်၍ စိုက်ခင်းတွင်း ရေမြှုပ်နေရန် မလိုအပ်ပါ။ စိုက်ခင်းအတွင်း ရေပမာဏကို အပင်ကြီးထွားမှု ကာလအလိုက် ထားရှိသင့်ပါသည်။ 

စပါးပင်ပွားထွက်ချိန်တွင် ခြောက်သွေ့မနေစေရေးဂရုစိုက်ရန်လိုသည်။ စိုက်ခင်းအတွင်းရေ နှစ်လက်မခန့် ရှိနေသင့်ပါသည်။

အပင်ကြီးထွားစဉ်ကာလအတွင်း အထူးသဖြင့် စပါးနှံစထွက်ချိန်မှ ပန်းပွင့်ချိန်ကာလအထိ  ရေထိန်းထားသင့်ပါသည်။ လယ်ကွက်အတွင်း ရေကို နှစ်လက်မမှ သုံးလက်မအမြင့်ခန့် အမြဲသွင်းထားသင့်ပါသည်။ 

စိုက်ခင်းသည် ရေသွင်းရေထုတ်လွယ်ကူပါက ရေသုံးစွဲမှုချွေတာနိုင်ရန် စိုတစ်လှည့် ခြောက်တစ်ခါရေထိန်းစနစ် (Alternate Wetting and Drying-AWD) ကို ဆောင်ရွက်သင့်ပါသည်။ ဤစနစ်သည် စပါးစိုက်ခင်း၌ ရေပေးသွင်းရာတွင် စိုက်ခင်းရေလျော့နည်းတိုင်း ရေပေးသွင်းမည့်အစား အလိုအပ်ဆုံးအချိန်ရောက်မှသာ နောက်တစ်ကြိမ်ရေပေးသွင်းသည့်စနစ် ဖြစ်ပါသည်။

ပန်းပွင့်ပြီး ရက် ၂၀ ခန့်အကြာ၊ စပါးမရိတ်မီ ၇ ရက်မှ ၁၀ ရက်အလိုတွင်တော့ စိုက်ခင်းအတွင်း ရေရှိမနေသင့်တော့ပါ။ မြေအမျိုးအစားပေါ်မူတည်ပြီး လက်ကျန်ရေကို ထုတ်ပစ်ရန်လိုပါသည်။

အစိမ်းရောင်လမ်းရဲ့ "အရေးကြီးဆုံး ပို့ကုန်သီးနှံငါးမျိုး၏ စိုက်ပျိုးနည်းစနစ်များ" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

စပါးခင်းရေပေးစနစ်

စပါးခင်းရေပေးစနစ်

5
WinMOETHU

WinMOETHU

လွန်ခဲ့သော ၃ နှစ် က

မျိုးစပါးကဘယ်စပါးအကောင်းဆုံးလဲခင်ဗျ

WinMOETHU

WinMOETHU

လွန်ခဲ့သော ၃ နှစ် က

yest

Tun Win

Tun Win

လွန်ခဲ့သော ၃ နှစ် က

နွေစပါးက ဘယ်လစိုက်ပျိုးတာ အထွက်နှုန်းကောင်းဆုံးလည်း ခမျာ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

စပါးပင်ကသိပ်မကြီးထွားဘဲ မာတတ်တတ်ဖစ်​​​ေနတယ် ဝါလဲဝါတယ် အဲ့တာဘာ​လုပ်​ေပးရမလဲ႐ွင့်

Lin Linn Tun

Lin Linn Tun

လွန်ခဲ့သော ၄ နှစ် က

မိုးစပါးတွက်ရေချိန်နည်လေးကိုသိချင်ပါတယ်ဗျာ

You

ဆက်စပ်မေးခွန်းများ

ဒီလို အခင်းကို မတ်ပဲ ရေလိုက် ကျဲချင်လို့ ပေါင်းသက်ဆေး ထိုးပီ ကျဲရင် အဆင်ပြေနိုင်လား မြတ် မခုတ်ပဲ ပေါင်းသက်ဆေးနာနာထိုးပီ ကျဲ ရင် အဆင်ပြေနိုင်မလားဗျ

ကိုကောင်းကြီး • ဖြေကြားချက် 2 ခု

ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား

ကိုရှား • ဖြေကြားချက် 2 ခု

အပင်မတက်လိုဝါလဲဝါနေတယ်ဘာလုပ်ရမလဲ ာ

pupu • ဖြေကြားချက် 5 ခု

တောင်ငူထန်တပင်ဘက်မိုးရှိသေးလာဗျပဲကျဲချင်တာမိုးကြောက်လိုပါမိုးရှိမရှိသိတဲ့ဆရာများဖြေကြားပေးပါအုံ

ko phyo • ဖြေကြားချက် 2 ခု

ဒီစပါး ၃ မျိုးက ဘာ ဖြစ်တာလဲ ရောဂါးကြောင့်လား ပိုးလား ဘယ်တီးရီးယားကြောင့်လား 1 စပါးက စပါးမိုးသီး လား 2က အဖျစ် များပြီး မဲကပ် လိုက်တယ် ဘာကြောင့်လဲ 3က အရွက်ထိပ်ဖျား‌‌ခြောက်ပြီး ထွက်လားတဲ့စပါး မဲကပ်များပြီး အဖျစ်များပါတယ် သိချင်ပါတယ်

ကျော်ထွေး • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။