ရေစီးနှုန်း (Flow-rate) ဆိုတာဘာလဲ

02/12/2020 12:45 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ကောင်းသောနေ့လေး ဖြစ်ပါစေခင်ဗျ

ဒီတစ်ခေါက်တော့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ရေစီးနှုန်းကိုတွက်ကြမယ်။ 

ရေစီးနှုန်း (Flow-rate) ဆိုတာဘာလဲ

        ဆိုတာကတော့ မြစ်ကနေဖြစ်စေ၊ မြောင်းကနေပဲဖြစ်စေ အချိန်ကာလ တစ်ခုမှာ ရေပမာဏ ဘယ်လောက်စီးနေတယ်ဆိုတာကို တွက်ချက်တာပဲဖြစ်ပါတယ်။ အဓိကက သွင်းရေနဲ့ သက်ဆိုင်ပါတယ်။ မြေမရှိပဲ စိုက်လို့ရပေမဲ့ မြေမဲ့ ရေနဲစိုက်ပျိုးတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာဆိုအရမ်းကို အရေးကြီးပါတယ်။ သွင်းရေနဲ့ ဆိုလည်း ရေစီးနှုန်းကို သိရင် ရေမများအောင် ရေမနည်းအောင် စီမံနိုင်တာဖြစ်ပါတယ်။ 

        ရေတင်မကဘူးနော်၊ ကိုယ်က ပိုးသတ်ဆေးဖျန်းမှာ၊ ဧရိယာ ဘယ်လောက်ထွက်တယ်။ ဆေးက ပမာဏ ဒီလောက်ပဲ သုံးချင်တာ၊ ရေဘယ်လောက်ရောရင် မပိုမလို ကွက်တိကျမလဲ ဆိုတာမျိုး လည်းတွက်လို့ရပါတယ်။ ဆေးဖျန်းပုံးနဲ့လည်း သုံးလို့ရတယ်။ ကိုယ်က အကွက်များလို့ တိုင်ကီကြီးနဲ့ ဖျော်ပြီး စက်နဲ့ပက်ဖျန်းမယ်ဆိုရင်လည်း စက်ကို ဘယ်လောက် ဖိအားနဲ့ ချိန်ရမလဲဆိုတာကိုပါ နားလည်နိုင်မှာပါ။ 

ရေစီးနှုန်းကို ဘယ်လိုဖော်ပြနိုင်သလဲ

         ရေစီးနှုန်းက အချိန်ကာလ တစ်ခုပါမယ်။ ပြီးတော့ အဲ့အချိန်ကာလ မှာ ဘယ်လောက် လီတာထွက်သွားသလဲ ဒါမှမဟုတ် ထုထည်(မီတာxမီတာxမီတာ) ဘယ်လောက် စီးထွက်သွားသလဲ ဆိုတာကို တွက်ချက်ပြီးတော့ ဖော်ပြပါတယ်။ 

ဘယ်လိုတွက်ချက်နိုင်သလဲ

သေးသေးလေးတွေအတွက်

        ဥပမာ ရေဘုံဘိုင်ခေါင်းကို ဖွင့်လိုက်ပါ၊ အောက်မှာ တစ်လီတာ ရေဘူး ခံထားပါ။ စဖွင့်တာကနေ အချိန်မှတ်ပါ။ အောက်က ရေဘူး ရေပြည့်ရင် အချိန်ကိုလည်း ရပ်လိုက်ပါ၊ အဲ့လိုဆို ရေတစ်လီတာပြည့်ဖို့ အချိန်ဘယ်လောက်လိုတယ်ဆိုတာကို သိရမှာပါ။ ရေဘုံဘိုင်က ရေကျတာက တသမတ်တည်းတော့ ဖြစ်ဖို့ လိုပါတယ်။ အဲ့လိုတိုင်းရင်း တစ်စက္ကန့်ကို တစ်လီတာပြည့်တယ်ဆိုရင် (၁) စက္ကန့် ကို (၁)လီတာ ရတယ်လို့ဆိုပြီး (1) L/s လို့ ဖော်ပြနိုင်ပါတယ်။

ပုံသေနည်းကတော့ 

        စီးသွားတဲ့ ရေလီတာကို တည်ပြီးတော့ မှတ်ထားတဲ့အချိန်နဲ့ စားရမှာဖြစ်ပါတယ်။ 

တစ်ခုတွက်ကြည့်ရအောင်

ရေပန့် တစ်ခုက (၂၀) စက္ကန့်မှာ ရေလီတာ (၂၀၀) ကို ထုတ်ပေးနိုင်တယ် ဆိုရင် ဒီစက်ကဘယ်လောက် စီးနှုန်းနဲ့ ထုတ်ပေးနိုင်တာလဲ?

ဆိုတော့ စီးသွားတဲ့ရေလီတာ (၂၀၀) ကိုတည်ပြီးတော့ ကုန်သွားတဲ့အချိန် (၂၀) စက္ကန့်နဲ့ စားရပါမယ်။ အဖြေက - တစ်က္ကန့် (၁၀) လီတာ လို့ အဖြေထွက်ပါတယ်။ စက္ကန့် နဲ့ မတွက်ချက်ဘူး တစ်မိနစ် ဘယ်လောက်ထွက်လဲဆိုတာ သိချင်ရင်လည်း တွက်လို့ရပါတယ်။ စက္ကန့်ကို (၆၀) နဲ့ မြှောက်လိုက်ရင် တစ်မိနစ် ဘယ်လောက်ထွက်မလဲ ရမှာပါ။ အချိန်ကို မိနစ်နဲ့ စောင့်ပြီးမှ တွက်လည်းရပါတယ်။ 

        ဒီလိုနည်းလမ်းက မြစ်တွေချောင်းတွေမှာ တွက်တာချက်တာမဟုတ်ပဲနဲ့ ရေစီးသေးသေးမှာတွက်ချက်တာပါ။ ပြောခဲ့သလိုပဲ Hydroponicလိုမျိုး Aquaponic လိုမျိုး မြေကြီးမပါပဲ ရေစီးနှုန်းနဲ့ စိုက်ပျိုးတဲ့နေရာတွေအတွက်၊ ဆေးဖျန်းမဲ့ ဆေးစပ်မဲ့ နေရာတွေမှာ သုံးပါတယ်။ 

ဒါဆို အကြီးကြီးတွေအတွက်ဆို ဘယ်လို တိုင်းတာသလဲ 

        အကြီးကြီးတွေအတွက်ကျတော့ ရေပမာဏထုထည် ဘယ်လောက် စီးသလဲ ဆိုတာနဲ့ တိုင်းတာ တွက်ချက်ပါတယ်။ တစ်မီတာ(၃)ပေ ပတ်ပတ်လည် ထုထည်ကြီး အလျား(၃)ပေ၊ အနံ (၃)ပေ၊ အမြင့် (၃)ပေ (အမှန်တော့ တစ်မီတာကို ပေနဲ့ တွက်ရင် ၃.၂၈၀၈၄ ပေ ရှိပါတယ်။ အတိအကျ တွက်ရင် အကောင်းဆုံးဖြစ်ပါတယ်) အဲ့လို ထုထည်ကြီး ကဘယ်လောက် အချိန်ကာလမှာ စီးသွားတယ်ဆိုတာကို တိုင်းတာရပါတယ်။ 

          ဥပမာဆိုရင် ပင်လယ်ထဲက ရေတွေက  (၂)စက္ကန့် ကို (၁၀၀) ကုဗမီတာ စီးထွက်တယ်ဆိုရင် တစ်စက္ကန့်ကို သူ ဘယ်လောက် စီးနေသလဲ လို့ တွက်ကြည့်ရအောင်။ 

ပုံသေနည်းကတော့ အရင်တစ်ခုလိုပဲ 

စီးသွားတဲ့ ရေပမာဏ (ကုဗမီတာ) ကို စီးတဲ့အချိန်ကာလ နဲ့ စားရပါတယ်

သူပေးထားတဲ့ အတိုင်းတွက်ရင် စီးတဲ့ ရေပမာဏ ဖြစ်တဲ့ (၁၀၀) ကို ရေစီးချိန် (၂)စက္ကန့်နဲ့ စားပါမယ်။

(၁၀၀)/(၂) = (၅၀) ထွက်ပါတယ်။ ဆိုတော့ တစ်စက္ကန့်ကို ရေ ကုဗမီတာ (၅၀) စီးနေပါတယ် ဆိုတဲ့ အဖြေကို ရပါတယ်။

သူ့ကိုလည်း မိနစ်နဲ့ မှတ်၊ မိနစ်နဲ့ တွက်လို့ရသလို ရှိတဲ့စက္ကန့်ကို မိနစ်ပြောင်းချင်လည်း (၆၀) နဲ့ မြှောက်လိုက်ပါ။ 

နာရီနဲ့လည်း မှတ်လို့ရပါသတဲ့။

အဆင်ပြေသလို သုံးနိုင်ဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။

အောင်မြင်ပျော်ရွှင်သော တောင်သူကြီးများ ဖြစ်နိုင်ကြပါစေ။

Reference

http://www.fao.org/3/r4082e/r4082e02.htm#1.4.1%20definition

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်