ဟင်းသီးဟင်းရွက်ပင်များကို ရေပေးရာတွင် သိထားရမည့်အချက် (၄) ချက် အပိုင်း(၂)

14/10/2021 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ဖော်ပြခဲ့ပြီးသော “ဟင်းသီးဟင်းရွက်များပင်များကို ရေပေးရာတွင်သိထားရမည့်အချက် (၄) ချက်” ဆောင်းပါးတွင် ရေလိုအပ်မှုပမာဏနှင့် လိုအပ်သောအချိန်တို့ကို ဆုံးဖြတ်ရာတွင် စဉ်းစားရမည့် အချက်(၄) ချက်မှ ဆက်လက်၍ ရာသီဥတုနှင့် ရေပေးနည်းတို့ကို ယခုဆောင်းပါးတွင် ဖော်ပြသွားပါမည်။

၃) ရာသီဥတု

    မိုးတိမ်ကင်းစင်ပြီး နေပူသောနေ့တွင် လေတိုက်ခတ်နေပါက လေမတိုက်ခတ်သောနေ့ထက် သစ်ပင်နှင့် မြေဆီလွှာမှရေတို့သည် ပိုမို၍ကုန်ဆုံးသည်။ အလားတူပင် အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်ရှိပြီး၊ လေထုစိုထိုင်းဆနည်းသောနေ့တွင် လေထုစိုထိုင်းဆများသောနေ့ထက် ရေပိုမိုလိုအပ်သည်။

    ရေငတ်ဒဏ်ခံနိုင်ခြင်း မတူကြချေ။ နှစ်ရှည်စားသုံးသီးနှံပင်များ မြေကွက်တွင် အခြေတကျဖြစ်ထွန်းပြီးသောအခါ အပင်များ၏ ရေလိုအပ်ချက်ခြားနားမှုသည် ပိုမိုထင်ရှားလာသည်။ ခရမ်းရောင်အပွင့်ရှိသော လာဗင်ဒါရေမွှေးပန်းပင်၌ သေးငယ်ပြီး ဖယောင်းသုတ်ထားသကဲ့သို့ အဖြူရောင်အရွက်ရှိသည်။ ထိုအပင်သည် ပူပြင်းသောနေ့၌ပင် ရေခမ်းခြောက်မှုဒဏ်ကိုခံနိုင်သည်။ သို့ရာတွင် ပူဒီနာပင်နှင့် လီမွန်ဘမ်းပင်တို့၌ ပါးလွှာသောအရွက်ရှိသည်။ ထိုအရွက်မှ ရေငွေ့ပျံသည်။ ထို့ကြောင့် အမြစ်များအတွက် ရေကို မကြာမကြာပေးရသည်။

    မြေဆီလွှာမှ ရေငွေ့ပျံသည်။ ထို့ကြောင့် သစ်ပင်အမြစ်များ မြေဆီလွှာတွင် နက်နက်ဆင်းခြင်း၊ တိမ်တိမ်ဆင်းခြင်းသည် ရေလိုအပ်မှုပမာဏနှင့် ရေပေးရန် အနှေးအမြန်တို့ကို ဆုံးဖြတ်သည်။ ခရမ်းချဉ်ပင်၏အမြစ်များသည် ရာသီကုန်ချိန်၌ မြေတွင် ၂၄ လက်မခန့်အထိဆင်းသည်။ ဆလပ်ပင်၏အမြစ်သည် ၁၂ လက်မခန့်သာ မြေတွင်ဆင်းသည်။ နှစ်ရှည်ဟင်းခတ်အမွှေးအကြိုင်ပင်များနှင့် အသီးငယ်သောအပင်အများစု၏အမြစ်များသည် မြေတွင် ၁၂ လက်မခန့်ဆင်းပြီး၊ ဘေးသို့ ၃၆ လက်မနှင့်အထက် ဖြာထွက်သည်။ သစ်သီးပင်များ၏အမြစ်များသည် မြေတွင် ၂ ပေခန့်ဆင်းပြီး ဘေးသို့ ၂ ပေ သို့မဟုတ် ထို့ထက်ပိုပြီးဖြာထွက်သည်။ အမြစ်များ မြေတွင် နက်နက်ဆင်းပြီး၊ ဘေးသို့ ကျယ်ကျယ်ဖြာထွက်လျှင် မြေထဲမှ အစိုဓာတ်ကို ပိုမိုရယူနိုင်ပြီး ရေပေးသွင်းရချိန်လည်း ကျဲနိုင်သည်။

     မိုးရွာသွန်းမှုနှင့် ရေပေးသွင်းမှုကိုချိန်ဆ၍ ဆောင်ရွက်ရသည်။ သစ်ပင်အမြစ်များသည် ရေကိုလည်းလိုအပ်သည့်နည်းတူ လေကိုလည်း လိုအပ်သည်။ ထို့ကြောင့် ရေဝပ်နေလျှင် အပင်များ သေကြေပျက်စီးကြသည်။ ထို့အပြင် ရေကိုလိုအပ်သည်ထက် ပိုမိုပေးသွင်းပါက အမြစ်ပွားရာနေရာထက် ကျော်လွန်သွားလျှင် ရေကို ဖြုန်းတီးပစ်ရာရောက်သည်။

    သစ်ပင်က ရေလိုသလောက် ပေးသွင်းရန် နှစ်နည်းရှိသည်။ ပထမတစ်နည်းမှာ အပင်ကိုလေ့လာကြည့်ရှု့ရသည်။ စနစ်တကျလေ့လာလျှင် သစ်ပင်က ရေလိုအပ်သောလက္ခဏာကို မညှိုးမီပြသည်။ အခြားတစ်နည်းမှာ မြေဆီလွှာကို စစ်ဆေးရသည်။ မြေဆီလွှာကို တူရွင်းပြား(ငန်းပြား)နှင့် တူးပြီး အပေါ်မှ ၅-၇ လက်မခန့်အနက်မှရသောမြေမှ အချင်းတစ်လက်မခန့်ရှိသောမြေကို ကြည့်ရသည်။ မြေဆီလွှာတွင် အစိုဓာတ် မည်သည့်အနက်တွင်ရှိကြောင်း သိနိုင်သည်။ သို့မဟုတ် သံချောင်းတစ်ချောင်းနှင့် မြေဆီလွှာတွင် ထိုးသွင်းကြည့်ပါက အလွှယ်တကူဝင်သွားသောနေရာအထိ အစိုဓာတ်ရှိနေသည်။

၄) ရေပေးနည်း

    ရေပေးနည်းများစွာရှိသည်။ ရေပုံးနှင့် ရေဖျန်းခြင်း၊ ရေဖျန်းကိရိယာနှင့်ဖျန်းခြင်း၊ ရေမြောင်းနှင့် ရေသွင်းခြင်း၊ ကျင်းဖွဲ့၍ရေသွင်းခြင်း၊ အစက်ချနည်းဖြင့်ရေပေးခြင်း စသည်တို့ဖြစ်သည်။ ရေကိုမြန်မြန်သွင်းလျှင် မြေဆီလွှာက မြန်မြန်မစုပ်ယူနိုင်သောအခါ ရေများစီးဆင်းသွားခြင်း သို့မဟုတ် အိုင်ငယ်လေးများ ဖြစ်ပေါ်ခြင်းကိုတွေ့နိုင်သည်။ ရေများစီးဆင်းသွားလျှင် မြေဆီလွှာအပေါ်ယံသာစိုနိုင်သည်။ စိမ့်၍မဝင်နိုင်ချေ။ အချို့မြေကွက်သည် နာရီပေါင်းအတော်များများ သို့မဟုတ် ရက်ပိုင်းအထိ ရေသွင်းပေးရန်လိုအပ်သည်။ မြန်မာနိုင်ငံ၌ စနယ်မြေစေးတွင် ၈ နာရီ ရေသွင်းပေးရသည်။ ရေကို မြေကြီးက စုပ်ယူနိုင်သည့်နှုန်းအတိုင်း ပေးရသည်။ အကယ်၍ ရေသွင်းနှုန်းကို မထိန်းနိုင်လျှင် ရေကိုစီးဆင်းသွားသည်အထိသွင်း၍ တစ်နာရီခန့် ရေကိုမသွင်းဘဲ နားပြီး နောက်တစ်ကြိမ်ထပ်မံသွင်းရသည်။ ဤနည်းအားဖြင့် မြေဆီလွှာအစိုဓာတ်လုံလောက်သည်အထိ သွင်းရသည်။ 

နည်းပညာများကို ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်