အစိုဓာတ်
မြေကြီးထဲမှာ အစိုဓာတ်တွေရှိတာပေါ့။ မြေကြီးအနက်ဘယ်လောက်မှာ ရေဘယ်လောက်မီလီမီတာရှိတယ်ဆိုတာမျိုးနဲ့ ဖော်ပြပါတယ်။ ဥပမာ - တစ်မီတာမှာ ရေအလွှာက (၁၅၀)မီလီမီတာရှိတယ် ဆိုတာမျိုးပါ။ ဒီမှာ မီလီမီတာဆိုတာ
ထုထည်နဲ့မဟုတ်ပဲ ရေအလွှာလိုက် တွက်ပါတယ်နော်။ နောက်တစ်ခုက ရာခိုင်နှုန်းနဲ့ဖော်ပြချက်ပါ။ သူက တစ်မီတာပတ်ပတ်လည်ထုထည်မှာ ရေဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြတဲ့ဖော်ပြချက်ပါ။ အလျား တစ်မီတာ x အနံ တစ်မီတာ x အမြင့် တစ်မီတာ ဆိုတဲ့ ထုထည်အတွင်းမှာ ရေဘယ်လောက်ရှိနေတယ်ဆိုတာကို ဖော်ပြပါတယ်။ အဲ့လိုဆိုရင် ခုနက ရေ (၁၅၀)မီလီမီတာကို ပြန်တွက်ကြည့်ကြရအောင်
အရင်ဆုံး မီလီမီတာနဲ့ မီတာတို့ ဆက်သွယ်ချက်ကို သိရပါမယ်။ (၁)မီတာမှာ (၁၀၀၀)မီလီမီတာရှိပါတယ်။ (၁၅၀)မီလီမီတာကို မီတာနဲ့ဖော်ပြချင်ရင်တော့ (၁၅၀)ကို (၁၀၀၀)နဲ့ပြန်စားရပါတယ်။ အဲ့တော့ (၀.၁၅၀) မီတာဖြစ်သွားပါတယ်။ အဲ့ဒါကိုမှ ရာခိုင်နှုန်းကို လိုချင်ရင်တော့ (၁)မီတာမှာ (၁၀၀)ရာခိုင်နှုန်း၊ (၀.၁၅၀)မှာ ဘယ်လောက်ရှိသလဲဆိုတာမျိုး (၃)ချက်တွက်နည်းနဲ့ အနည်းလို အများစားခြေ တွက်လိုက်တဲ့အခါမှာ (၁၅)ရာခိုင်နှုန်း ရပါတယ်။
မြေကြီးမှာရှိတဲ့ မြေအစိုဓာတ်ကို အဲ့လိုဖော်ပြတဲ့နည်း (၂)နည်းရှိပါတယ်။ တစ်ခုတော့ရှိပါတယ်။ မြေအစိုဓာတ်တွေကို တိုင်းတာတာက အချိန်နဲ့လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ အမြဲတမ်း တသမှတ်တည်းတော့ ရှိနေမှာမဟုတ်ပါဘူး။
ပြည့်ဝခြင်း
မြေကြီးထဲမှာ မြေကြီးမှုန့်တွေက တစ်ဝက်ကျော်ပဲပါတာပါ။ ကျန်တဲ့တစ်ဝက်လောက်က လေနဲ့ ရေဝင်လို့ရတဲ့ လေဟာနယ်အပေါက်တွေဖြစ်ကိုဖြစ်နေရပါမယ်။ အဲ့လိုမြေကမှ စိုက်ပျိုးဖို့ ကောင်းတဲ့မြေကြီးမျိုး ဖြစ်ပါတယ်။ မြေကြီး ဖွဲ့စည်းတည်ဆောက်ပုံနဲ့တကွ ပြောင်းလဲနိုင်တယ်ဆိုပေမဲ့ အဲ့လို လေဟာနယ်လေးတွေက ရှိကိုရှိပါတယ်။
မိုးရွာတာပဲကြောင့်ပဲဖြစ်ဖြစ်၊ ရေစိုသွားလို့ မြေကြီးထဲကို ရေတွေ ဖြတ်စီးတယ်။ အဲ့လိုနဲ့ မြေကြီးတွေကြားထဲက အပေါက်လေးတွေ မှာ ရေတွေ နဲ့ပြည့်သွားတဲ့အခြေအနေကို ပြည့်ဝတယ်လို့ခေါ်ပါတယ်။ အဲ့လိုချိန်မှာ မြေကြီးကို လက်နဲ့ကလော်ကြည့်ရင်တော့ လက်ထဲကနေ ရေတွေ နည်းနည်းစီးကျတာကို ခံစားရမှာပါ။
အဲ့လိုအခြေအနေမျိုးဆိုတာ အပင်တွေကြိုက်ပါ့မလားဆိုတော့ ဘယ်ကြိုက်မလဲ၊ အမြဲတမ်းရေတွေနဲ့ ရှိနေတာရယ်။ လေမရှိပဲ ရေစိမ်နေရတာကြောင့် အပင်တွေမှာ ထိခိုက်မှုတွေဖြစ်တတ်ပါတယ်။ အပင်တော်တော်များများက အဲလိုအခြေအနေမှာ (၂)ရက်ကနေ (၅)ရက်လောက်ထိပဲ နေနိုင်ကြပါတယ်။
ရေထုတ်နိုင်အား ဆိုတာကတော့ ခုနကလို မြေကြီးထဲက ပြည့်ဝနေတဲ့ရေတွေက အောက်ဖက်က လေထုအပေါက်တွေစီကို စီးဆင်းပြီးတော့ ရေတွေ ထွက်သွားတာကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒါကိုတွေ့ရှိပြီးတော့ လူတွေက ရေပိုက်တွေ မြေအောက်ထဲမှာထည့်ပြီးတော့ စိုက်ပျိုးမြေတွေကို ရေထုတ်စွမ်းအားကောင်းအောင် ပြုပြင်ကြပါတယ်။ သဲမြေတွေဆို
အပေါက်တွေက အရမ်းကြီးတယ်။ ပြီးတော့ များလည်းများတယ်ဆိုတော့ ရေကလည်း အောက်ဖက်ကို မြန်မြန်စီးကြပါတယ်။ အရမ်းမှုန့်တဲ့ မြေကြီးမှုန်လေးတွေမှာဆိုရင် ရေတွေ ပြန်ဆင်းဖို့ (၂) ရက်ကနေ (၃)ရက်လောက်အထိ ကြာတတ်ပါတယ်။ ဒီအချက်ကလည်း ရေကို စီမံခန့်ခွဲတဲ့ပညာတစ်ခုပါပဲ။
Field Capacity (ရေရှိ လေရှိ အခြေအနေ)
ပြည့်တာကလည်း ပြည့်ဝပြီးပြီ။ ရေကလည်း ထုတ်ပြီးပြီ။ အဲ့ကနေ မြေကြီးရယ်၊ ကျန်တဲ့လေဟာနယ် အပေါက်ကလေးတွေမှာ လေက တစ်ဝက် ရေကတစ်ဝက်ဆိုတဲ အခြေအနေကို Field Capacity လို့ခေါ်ပါတယ်။ အဲ့လိုအခြေအနေကတော့ အပင်တွေနေထိုင်ဖို့အတွက် အကောင်းဆုံးအခြေအနေဖြစ်ပါတယ်။
Permanent Wilting Point
အပင်တွေက ရေများတာဖြစ်ဖြစ်၊ ရေနည်းတာဖြစ်ဖြစ်၊ နေပြင်းတာဖြစ်ဖြစ် ညိုးနွမ်းကြတယ်။ ပြီးရင်တော့ ပြန်ကောင်းသွားကြတယ်။ အဲ့လိုမျိုးဖြစ်တာကနေ အမြဲတမ်းညိုးသွားတာမျိုးဖြစ်စေတဲ့ နေရာတစ်ခုရှိပါတယ်။ အဲ့နေရာ အဲ့အမှတ်ကို ထာဝရအပင်ညိုးမှတ် လို့ခေါ်တာပါ။
မြေကြီးထဲကိုရေတွေလောင်းလိုက်တယ်။ အောက်ကိုဆင်းသွားတာမျိုးရှိမယ်။ အပင်တွေကနေ စုပ်ယူလိုက်တာရှိတယ်။ ပြီးတော့ အငွေ့ပျံသွားတာမျိုးတွေလည်းရှိမယ်။ အဲ့လိုဆိုရင် မြေကြီးထဲကို ရေတွေ ပြန်ဖြည့်ပေးရမယ်။ ပြန်မဖြည့်ပေးနိုင်ရင် အပင်တွေညိုးမယ်။
မဖြည့်ပေးမိဘူး မြေကြီးထဲက အပင်တွေအတွက် ရေတွေ လည်းမရှိတော့ဘူး။ ကုန်နေပြီဆိုရင် အပင်တွေက ပြန်လန်းလာမဲ့ ညိုးခြင်းမဟုတ်ပဲ သေတဲ့အထိ ဖြစ်သွားမှာပါ။ အဲ့လိုအချိန်ဆိုတာ မြေကြီးထဲမှာ ရေလုံးဝမရှိတော့တာမဟုတ်ပါဘူး၊ အပင်တွေက စုပ်ယူဖို့ ခက်ခဲသွားတာဖြစ်ပါတယ်။
ကဲ ရေကို စိမံခန့်ခွဲရတာ ခက်သလား။ ကျန်ပါသးတယ်နော်။
ထွန်းဝင်းကျော်
http://www.fao.org/3/r4082e/r4082e03.htm
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်