ပဲပုပ်ရဲ့ ရေလိုအပ်ချက်

22/08/2019 22:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပဲပုပ်ပင်ရဲ့ရေလိုအပ်ချက်ကိုအကြောင်းလေ့လာကြတဲ့အခါမှာ ပထမဦးစွာ ပဲပုပ်ပင်ရဲ့ အပင်ကြီးထွားမှု အဆင့်တွေကို ကောင်းစွာသိထားဖို့လိုအပ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ပင်ပိုင်းကြီးထွားတဲ့အဆင့်နဲ့၊ အစေ့အစံဖွံ့ဖြိုးအောင်မြင်တဲ့အဆင့် ဆိုပြီး ()မျိုးရှိပါတယ်။

စတင်စိုက်ပျိုးချိန်ကတော့ စိုဓာတ်ကောင်းစွာရရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မစိုက်ပျိုးခင် ၁ပတ် ကနေ ပတ်အတွင်း ရေသွင်းထားနိုင်ရင်အကောင်းဆုံးပါ။ မိုးရွာပြီး ပတ်အကြာမှာရှိတဲ့မြေအနေအထားကလည်း ပဲပုပ်စိုက်ဖို့ အကောင်းဆုံးအစိုဓာတ်ကို ပေးနိုင်မှာဖြစ်ပါတယ်။ မိုးလေဝသအခြေအနေနဲ့ အပင်ရဲ့ကြီးထွားမှု အဆင့်အလိုက် ရေလိုအပ်ချက်တွေက ကွာခြားသွားမှာဖြစ်ပါတယ်။

အပွင့်အသီး စလိုက်တဲ့အချိန်ကတော့ ရေလိုအပ်အများဆုံးအချိန်ပါ။ ဒီအချိန်မှာ ရေငတ်ဒါဏ်ခံရရင် အထွက်နှုန်းထိခိုက်နိုင်ပါတယ်။ မရှိမဖြစ် ရေလိုအပ်တဲ့အချိန်ကတော့ အသီးတောင့်စဖြစ်တဲ့အချိန်နဲ့ အစေ့အဆန် တည်တဲ့အချိန်ဖြစ်ပါတယ်။ တစ်ရက်အတွက် မီလီမီတာ ကနေ မီလီမီတာထိလိုအပ်မှာဖြစ်ပြီး စိုက်ပျိုးပြီး ရက် ( ၆၀ ) ကနေ (၇၀) အတွင်းမှာရောက်ရှိမှာဖြစ်ပါတယ်။ သဲဆန်တဲ့မြေနဲ့ ကုန်းမြင့်ဒေသတွေမှာတော့ ရေလိုအပ်မှုပိုများမှာဖြစ်ပြီး ရွံစေးပါဝင်မှုများတဲ့ မြေတွေမှာတော့ အစိုဓာတ်ထိန်းထားနိုင်တဲ့အတွက် ရေလိုအပ်မှု နည်းမှာဖြစ်ပါတယ်။

ပဲပုပ်ပင်ရဲ့ရေအသုံးပြုမှု (ပင်ငွေ့ပျံခြင်းနှင့်ရေငွေ့ပျံခြင်းအပါအဝင်) အများဆုံးအချိန်ကို သိရှိထားခြင်း ဖြင့် ရေပေးသွင်းမှုကို ကောင်းစွာစီမံခန့်ခွဲနိုင်မှာဖြစ်ပြီး ရေသွင်းကုန်ကျစရိတ်ကိုလျော့ချနိုင်မှာဖြစ်ပါတယ်။ စတင်စိုက်ပျိုးချိန်မှာသာ ကောင်းမွန်တဲ့ရေအစိုဓာတ်ရှိခဲ့ရင် ပန်းပွင့်စပွင့်တဲ့အချိန်နဲ့ သီးတောင့်ဖြစ်တဲ့အချိန်မှသာ ထပ်မံရေပေးသွင်းဖို့လိုမှာဖြစ်ပါတယ်။ ရေသွင်းတာများသွားခဲ့ရင် ပဲပုပ်ရဲ့အမြစ်ဖြစ်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်စီးပွားရေးအရတွက်ခေျကိုက်ဖို့ဆိုရင် အထက်မှာဖော်ပြထားတဲ့အချိန် ချိန်မှာ ဂရုတစိုက်ရေပေးသွင်းပေးရမှာဖြစ်ပါတယ်။

ပဲပုပ်ပင်ရဲ့ ရေလိုအပ်ချက်ကို ခြုံငုံကြည့်ရမယ်ဆိုရင်ပုံစံ ()မျိုးနဲ့ရေပေးသွင်းနိုင်မှာပါတယ်

ပင်ပိုင်းကြီးတဲ့အချိန်မှာတော့ ရေငတ်ဒါဏ်မခံရရုံသာ ပေးသွင်းရန်လိုအပ်ပါတယ်။ ဒီအချိန်မှာ ရေအများကြီး သွင်းမိခဲ့ရင် ယိုင်လဲတာမျိုးတွေဖြစ်နိုင်တဲ့အတွက် သတိထားသင့်ပါတယ်။

သီးတောင့်စဖြစ်တဲ့အချိန်မှာတော့ ပေါပေါသီသီသွင်းပေးသင့်ပါတယ်။ ဒီအချိန်မှာ ရေငတ်ဒါဏ် ခံရခဲ့မယ်ဆိုရင်တော့ အထွက်နှုန်းနဲ့အစေ့အရွယ်အစားကို ထိခိုက်နိုင်ပါတယ်။ သီးတောင့် စဖြစ်တဲ့အချိန်မှာ အပေါ်ယံ ()ပေလောက်မှာ အစိုဓာတ်ရှိနေအောင်ထိန်းပေးသင့်တာဖြစ်ပါတယ်။

သိမ့်ဇာ

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်