သဲကန္တာရ ကျိုင်းကောင်များ အန္တရာယ်

30/06/2020 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သန်းပေါင်းများစွာသော သဲကန္တာရ ကျိုင်းကောင်တွေဟာ ၂၈၊ ၀၆၊၂၀၂၀ နေ့မှာ အိန္ဒိယမြို့တော် နယူးဒေလီအထိ ရောက်လာပြီဖြစ်ကြောင်းသိရပါတယ်။ 

ဒီ သဲကန္တာရကျိုင်းကောင်ကပ်ဟာ ၂၀၂၀ ဇန်နဝါရီလမှာ အာဖရိကတိုက် အရှေ့ပိုင်းနိုင်ငံတွေက စတင်ခဲ့ပြီး အရှေ့ဖက်ကို ရွေ့လျား ပြန့်နှံ့နေပါတယ်။ 

အကောင်ရေ သန်းပေါင်းများစွာပါဝင်ပြီး (၇) ကီလိုမီတာလောက် အထိ ကြီးမားကာ တစ်နာရီ  (၁၉)ကီလိုမီတာနှုန်းအထိ ပျံသန်းနိုင်ကာ၊ တစ်ရက်ကို ကီလိုမီတာ (၁၅၀)ကနေ (၂၀၀) လောက်ကို ရွေ့လျားနိုင်ပါတယ်။ (သဲကန္တာရကျိုင်းကောင်အုပ်ဟာ အကောင်ရေ သန်း (၈၀) အထိ ပါဝင်နိုင်ပါတယ်)

သူတို့ရဲ့ ကြီးမားတဲ့ အဖျက်စွမ်းအားကြောင့် အာဖရိကအရှေ့ပိုင်း (၉) နိုင်ငံမှာ သန်းပေါင်းများစွာသော လူများ အငတ်ဘေးနဲ့ ကြုံတွေ့နေရပြီလို့ သိရပါတယ်။

၂၀၂၀ ဇွန်လမှာ ရောက်ရှိလာတဲ့ ဒီကျိုင်းကောင်များကြောင့် ပါကစ္စတန်နိုင်ငံမှာလည်း သီးနှံများ ပျက်စီးဆုံးရှုံးပြီး အရေးပေါ်အခြေအနေ ကြေငြာထားကာ နိုင်ငံတကာ အကူအညီများကို တောင်းခံနေရပါပြီ။

ကျိုင်းကောင်အုပ်ကြီး စားသောက်ဖျက်ဆီးပြီး အရှေ့ဖက်ကို ဆက်လက် ရွေ့လျားနေပေမယ့် ပိုမိုထိန်းသိမ်းရခက်တဲ့ ပြဿနာကတော့ လမ်းတစ်လျှောက် ဥများကို ဥထားခဲ့ခြင်းကြောင့် ထပ်မံ အသစ်ပေါက်ပွားလာတဲ့ ကျိုင်းကောင်သစ်တွေက ဆက်လက် ဖျက်ဆီးမှုကို ပြုလုပ်နိုင်ခြင်းပါပဲ။

ကျိုင်းကောင်တွေဟာ ဇွန်-စက်တင်ဘာ ကာလအတွင်း အဓိက စိုက်ပျိုးရေးပြုလုပ်ကြမယ့် နိုင်ငံများတောက်လျှောက်ကို ပျံသန်းဖျက်ဆီးနိုင်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေဟာ စိုးရိမ်ရတဲ့ စာရင်းထဲမှာ ပါနေပါတယ်။ 

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးဌါနက သဲကန္တာရကျိုင်းကောင်ကပ်အတွက် ကြိုတင် တပ်လှန့် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးရေးဌါနအတွင်း ပညာပေး အသိပေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ယခု ကျိုင်းကောင်များရောက်ရှိနေပြီဖြစ်တဲ့ နယူးဒေလီမြို့ဟာ မြန်မာနိုင်ငံ အနောက်ဖက် အိန္ဒိယနယ်စပ် ပလက်ဝမြို့နဲ့ဆိုရင် ကီလိုမီတာပေါင်း (၁၈၀၀) နီးပါးပဲ ကွာဝေးပါတယ်။ 

တစ်ရက်ကို ကီလိုမီတာ (၁၅၀) အထိ ပျံသန်းနိုင်တဲ့ ကျိုင်းကောင်အုပ်ဟာ တောက်လျှောက်သာ ပျံမယ်ဆိုရင် (၁၂) ရက်တာ အကွာအဝေးသာဖြစ်ပါတယ်။ 

ကျိုင်းကောင်အုပ်ကြီးဟာ လမ်းတစ်လျှောက် အနားယူဖျက်ဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် မြန်မာနိုင်ငံဖက် ရောက်ခဲ့မယ်ဆိုရင် ဇူလိုင်လကုန်လောက်အထိ အချိန်ရဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် လေလမ်းကြောင်း၊ မုန်တိုင်းအခြေအနေများပေါ်မူတည်ပြီး ဒီကျိုင်းကောင်အုပ်ဟာ မြန်မာနိုင်ငံကို ဘယ်အချိန် ရောက်လာမယ်ဆိုတာ သေချာတွက်ချက်လို့ မရသေးပါဘူး။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO က တောက်လျှောက်ထုတ်ပြန်နေတဲ့ ကျိုင်းကောင်အုပ်ကြီးရဲ့ ရွေ့လျားမှုသတင်းများကို မျက်ချေမပြတ် ကြည့်ရှုသွားရမှာဖြစ်သလို၊ 

စိုက်ပျိုးရေးဌါနနဲ့ စိုက်ပျိုးရေးနဲ့ ဆက်စပ်ကုမ္ပဏီများကလည်း ဒီကျိုင်းကောင်များရဲ့ ဘေးဒဏ်ကို တတ်နိုင်သလောက် နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းနည်းတွေကို အများပြည်သူများကို ကြိုတင်အသိပေး နှိုးဆော်ထားသင့်နေပါပြီ။  

၂၀၂၀ မိုးရာသီကာလ မိုးကြီးရေလျှံမှုများ၊ ကိုဗစ်-၁၉ ရောဂါကပ်အပြင် ဒီ သဲကန္တာရကျိုင်းကောင်ကပ် (၃) ခု ပေါင်းဆုံခဲ့ရင် အာဖရိက အရှေ့ပိုင်း (၉)နိုင်ငံလိုပဲ သန်းပေါင်းများစွာသော လူများ အငတ်ဘေးဒဏ်ခံရမှာကို အထူးသတိပြုသင့်ပါတယ်။

Climate Change Inside Myanmar

ကိုးကား - 

http://www.fao.org/ag/locusts/en/info/info/index.html

https://reliefweb.int/report/ethiopia/wfp-east-africa-update-desert-locust-outbreak-12-june-2020

https://edition.cnn.com/2020/06/27/india/india-desert-locusts-gurgaon-intl/index.html

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်