သဲကန္တာရ ကျိုင်းကောင်များ အန္တရာယ်
သန်းပေါင်းများစွာသော သဲကန္တာရ ကျိုင်းကောင်တွေဟာ ၂၈၊ ၀၆၊၂၀၂၀ နေ့မှာ အိန္ဒိယမြို့တော် နယူးဒေလီအထိ ရောက်လာပြီဖြစ်ကြောင်းသိရပါတယ်။
ဒီ သဲကန္တာရကျိုင်းကောင်ကပ်ဟာ ၂၀၂၀ ဇန်နဝါရီလမှာ အာဖရိကတိုက် အရှေ့ပိုင်းနိုင်ငံတွေက စတင်ခဲ့ပြီး အရှေ့ဖက်ကို ရွေ့လျား ပြန့်နှံ့နေပါတယ်။
အကောင်ရေ သန်းပေါင်းများစွာပါဝင်ပြီး (၇) ကီလိုမီတာလောက် အထိ ကြီးမားကာ တစ်နာရီ (၁၉)ကီလိုမီတာနှုန်းအထိ ပျံသန်းနိုင်ကာ၊ တစ်ရက်ကို ကီလိုမီတာ (၁၅၀)ကနေ (၂၀၀) လောက်ကို ရွေ့လျားနိုင်ပါတယ်။ (သဲကန္တာရကျိုင်းကောင်အုပ်ဟာ အကောင်ရေ သန်း (၈၀) အထိ ပါဝင်နိုင်ပါတယ်)
သူတို့ရဲ့ ကြီးမားတဲ့ အဖျက်စွမ်းအားကြောင့် အာဖရိကအရှေ့ပိုင်း (၉) နိုင်ငံမှာ သန်းပေါင်းများစွာသော လူများ အငတ်ဘေးနဲ့ ကြုံတွေ့နေရပြီလို့ သိရပါတယ်။
၂၀၂၀ ဇွန်လမှာ ရောက်ရှိလာတဲ့ ဒီကျိုင်းကောင်များကြောင့် ပါကစ္စတန်နိုင်ငံမှာလည်း သီးနှံများ ပျက်စီးဆုံးရှုံးပြီး အရေးပေါ်အခြေအနေ ကြေငြာထားကာ နိုင်ငံတကာ အကူအညီများကို တောင်းခံနေရပါပြီ။

ကျိုင်းကောင်အုပ်ကြီး စားသောက်ဖျက်ဆီးပြီး အရှေ့ဖက်ကို ဆက်လက် ရွေ့လျားနေပေမယ့် ပိုမိုထိန်းသိမ်းရခက်တဲ့ ပြဿနာကတော့ လမ်းတစ်လျှောက် ဥများကို ဥထားခဲ့ခြင်းကြောင့် ထပ်မံ အသစ်ပေါက်ပွားလာတဲ့ ကျိုင်းကောင်သစ်တွေက ဆက်လက် ဖျက်ဆီးမှုကို ပြုလုပ်နိုင်ခြင်းပါပဲ။
ကျိုင်းကောင်တွေဟာ ဇွန်-စက်တင်ဘာ ကာလအတွင်း အဓိက စိုက်ပျိုးရေးပြုလုပ်ကြမယ့် နိုင်ငံများတောက်လျှောက်ကို ပျံသန်းဖျက်ဆီးနိုင်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေဟာ စိုးရိမ်ရတဲ့ စာရင်းထဲမှာ ပါနေပါတယ်။
ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးဌါနက သဲကန္တာရကျိုင်းကောင်ကပ်အတွက် ကြိုတင် တပ်လှန့် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးရေးဌါနအတွင်း ပညာပေး အသိပေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။
ယခု ကျိုင်းကောင်များရောက်ရှိနေပြီဖြစ်တဲ့ နယူးဒေလီမြို့ဟာ မြန်မာနိုင်ငံ အနောက်ဖက် အိန္ဒိယနယ်စပ် ပလက်ဝမြို့နဲ့ဆိုရင် ကီလိုမီတာပေါင်း (၁၈၀၀) နီးပါးပဲ ကွာဝေးပါတယ်။
တစ်ရက်ကို ကီလိုမီတာ (၁၅၀) အထိ ပျံသန်းနိုင်တဲ့ ကျိုင်းကောင်အုပ်ဟာ တောက်လျှောက်သာ ပျံမယ်ဆိုရင် (၁၂) ရက်တာ အကွာအဝေးသာဖြစ်ပါတယ်။
ကျိုင်းကောင်အုပ်ကြီးဟာ လမ်းတစ်လျှောက် အနားယူဖျက်ဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် မြန်မာနိုင်ငံဖက် ရောက်ခဲ့မယ်ဆိုရင် ဇူလိုင်လကုန်လောက်အထိ အချိန်ရဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် လေလမ်းကြောင်း၊ မုန်တိုင်းအခြေအနေများပေါ်မူတည်ပြီး ဒီကျိုင်းကောင်အုပ်ဟာ မြန်မာနိုင်ငံကို ဘယ်အချိန် ရောက်လာမယ်ဆိုတာ သေချာတွက်ချက်လို့ မရသေးပါဘူး။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO က တောက်လျှောက်ထုတ်ပြန်နေတဲ့ ကျိုင်းကောင်အုပ်ကြီးရဲ့ ရွေ့လျားမှုသတင်းများကို မျက်ချေမပြတ် ကြည့်ရှုသွားရမှာဖြစ်သလို၊
စိုက်ပျိုးရေးဌါနနဲ့ စိုက်ပျိုးရေးနဲ့ ဆက်စပ်ကုမ္ပဏီများကလည်း ဒီကျိုင်းကောင်များရဲ့ ဘေးဒဏ်ကို တတ်နိုင်သလောက် နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းနည်းတွေကို အများပြည်သူများကို ကြိုတင်အသိပေး နှိုးဆော်ထားသင့်နေပါပြီ။
၂၀၂၀ မိုးရာသီကာလ မိုးကြီးရေလျှံမှုများ၊ ကိုဗစ်-၁၉ ရောဂါကပ်အပြင် ဒီ သဲကန္တာရကျိုင်းကောင်ကပ် (၃) ခု ပေါင်းဆုံခဲ့ရင် အာဖရိက အရှေ့ပိုင်း (၉)နိုင်ငံလိုပဲ သန်းပေါင်းများစွာသော လူများ အငတ်ဘေးဒဏ်ခံရမှာကို အထူးသတိပြုသင့်ပါတယ်။
Climate Change Inside Myanmar
ကိုးကား -
http://www.fao.org/ag/locusts/en/info/info/index.html
https://reliefweb.int/report/ethiopia/wfp-east-africa-update-desert-locust-outbreak-12-june-2020
https://edition.cnn.com/2020/06/27/india/india-desert-locusts-gurgaon-intl/index.html
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 1 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 0 ခု
ဥစားကြက်စမွေးမယ်ဆိုဘာတေလိုအပ်လဲ
Ar Ker Ar Kar • ဖြေကြားချက် 0 ခု
ကြက်မွေးမြူရေး အကြောင်း သိချင်ပါတယ် ခုမှ စမွေး မှာ မလို့ပါ
မောင်သား • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
More from Green Way
အားလုံး
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026