ရေရှည်တွဲဖက် မြေနဲ့ မြက်

24/01/2018 10:54 AM တွင် ဦးထင်အောင်ရှိန် ဦးထင်အောင်ရှိန် မှ ရေးသား

ပြောင်းလဲလာသော ရာသီဥတုအကြောင်းကိုသာ ရေနေကြပြီး မည်သို့ကာကွယ်မည်နည်း? မည်သို့ စီစဉ် ဆောင်ရွက်ကြမည်နည်းနှင့် အလားတူမြေဆီလွှာပြဿနာရပါများ (မြေဆီလွှာရေ၊ လေ တိုက်စားခြင်း၊ မြစ်ချောင်းကမ်းပါးများ ပြိုကျပျက်စီးခြင်း၊ မြေအောက်မှ ခဲဆိပ်သင့်စေခြင်း...စသော အခက်အခဲ) ကိုလည်း ကာကွေယ်ပေးနိုင်မည့် ရေရှည်တွဲဖက် မြေနဲ့မြက် တစ်မျိုးအကြောင်း နည်းပညာပေးလိုပါ သည်။

Erosion ခေါ် မြေဆီလွှာရေ၊ လေတိုက်စားမှုများ
မြေဆိလွှာတစ်ခုဖြစ်ပေါ်ဖို့ရာအတွက် အကြောင်းအချက် (၆) ချက်က လွှမ်းမိုးထားသည်ဟု ဆိုပါသည်။ ၎င်းအချက်(၆) ချက်မှာ
(၁) အမိကျောက်မြေ
(၂) မြေအနိမ့်အမြင့်
(၃) ရာသီဥတု
(၄) သက်ရှိအဏုဇီဝများ
(၅) အချိန်
(၆) လူ တို့ဖြစ်ကြပါသည်။

အထူးသဖြင့် သဘာဝကပေးထားသော မြေဆီလွှာသည် လူတို့၏ ကာကွယ်ထိန်းသိမ်းစောင့်ရှောင့်မှု ကြောင့် ယနေ့ကမ္ဘာတွင် ရေလေတိုက်စားမှု များပြားနေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏မြောက်ဖက်၊ အရှေ့ဖက်၊ အနောက်ဖက်နှင့် အလယ်ပိုင်း(အပူပိုင်း) ဒေသများမှ နုံမြေများ၏ ဧရာဝတီမြစ်ဝကျွန်းပေါ် နှင့် မွန်၊ တနင်္သာရီ စေသာ ပင်လယ်ကမ်းစပ်ဒေသများတွင် စုစည်းလာသော နုံးပမာဏမှာ တစ်နှစ်လျှင် မြစ်အတွင်ထွန်းလာသော သဲသောင်ပြင်ပမာဏသည် တဖြေးဖြေး ကြီးထွားလာရခြင်းမှာလည်း (erosion) ခေါ် မြေဆီလွှာရေလေတိုက်စားမှုကြောင့်ဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့သိရှိနိုင်ပါသည်။
ထို့ကြောင့်ဖြစ်ပေါ်လာသော ရေလေတိုက်စားမှုများကို မည်ကဲ့သို့ကာကွယ်ကြမည်နည်း? မည်ကဲ့သို့ ကြိုတင်စီစဉ် ဆောင်ရွက်ကြမည်နည်း? တို့ကို နိုင်ငံသူ နိုင်ငံသားအားလုံးတွင် တာဝန်သိသိ၊ သစ္စာရှိရှိ ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်လာပြီး “ခလုတ်ထိမှ အမိတ” ဆိုတာမျိုး “အပ်နဲ့ထွင်းရမည့် ကိစ္စ ပုဆိန်နဲ့ထွင်း” မဖြစ်ရလေအောင် လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်လိုပါသည်။

မြစ်ချောင်းကမ်းပါးများ ပြိုကျပျက်စီးခြင်း
၂၀၁၂ ခုနှစ်၏ နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံအတွင်းရေကြီးရေလျှံမှုများ၊ ကွက်ကြားမိုး သည်း ထန်စွာ ရွာသွန်းခြင်းများ၊ ရေစီးရေလာပြင်းထန်မှုများကြောင့် မြစ်ချောင်းကမ်းပါးများပြိုကျခြင်း၊ စိုက် ပျိုးမြေများ သဲနုံးဖုံးခြင်း၊ ကြက်သွန်စိုက်ချောင်းမြေများ ပျက်စီးခြင်းစသော မြေဆီလွှာပြဿနာရပ် များ ဖြစ်ပေါ်နေကြပါသည်။ ထိုကဲ့သို့ ပြဿနာရပ်များကိုလည်း ကာကွယ်ပေးနိုင်မည့် “မြက်” တစ်မျိုးကို လူထုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ်သည်။

တွေ့ကြုံခဲ့ရဘူးသော မြင်ကွင်းများမှာ ချင်းပြည်နယ်မှ မြေများ ကလေးလွင်ပြင်ပေါ်သို့ ဖုံးလွှမ်းလာမှု၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာစိုက်ပျိုးမြေများနှင့် လူနေအိမ်ခြေများ ပြိုကျပျက်စီးမှု၊ အချို့သော သဲသောင်ပြင် ကြက်သွန်စိုက်ခင်းများ ရေတိုက်စားမှု၊ ကျိုက္ခမီရေလယ်ဘုရားအနီးရှိ သဲသောင်ပြင်မြေ များ ပြိုကျပြီး မြေနိမ့်ကျသွားမှုများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောင့်ရမည့် နည်းလမ်းများ ရှာဖွေဖော် ထုတ်ဖို့ လိုအပ်ကြောင်းဆက်လက်ဆွေးနွေးပါမည်။

ဦးထင်အောင်ရှိန် (ဘိုးရာဇာ) 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်