ရေရှည်တွဲဖက် မြေနဲ့ မြက်

24/01/2018 10:54 AM တွင် ဦးထင်အောင်ရှိန် ဦးထင်အောင်ရှိန် မှ ရေးသား

ပြောင်းလဲလာသော ရာသီဥတုအကြောင်းကိုသာ ရေနေကြပြီး မည်သို့ကာကွယ်မည်နည်း? မည်သို့ စီစဉ် ဆောင်ရွက်ကြမည်နည်းနှင့် အလားတူမြေဆီလွှာပြဿနာရပါများ (မြေဆီလွှာရေ၊ လေ တိုက်စားခြင်း၊ မြစ်ချောင်းကမ်းပါးများ ပြိုကျပျက်စီးခြင်း၊ မြေအောက်မှ ခဲဆိပ်သင့်စေခြင်း...စသော အခက်အခဲ) ကိုလည်း ကာကွေယ်ပေးနိုင်မည့် ရေရှည်တွဲဖက် မြေနဲ့မြက် တစ်မျိုးအကြောင်း နည်းပညာပေးလိုပါ သည်။

Erosion ခေါ် မြေဆီလွှာရေ၊ လေတိုက်စားမှုများ
မြေဆိလွှာတစ်ခုဖြစ်ပေါ်ဖို့ရာအတွက် အကြောင်းအချက် (၆) ချက်က လွှမ်းမိုးထားသည်ဟု ဆိုပါသည်။ ၎င်းအချက်(၆) ချက်မှာ
(၁) အမိကျောက်မြေ
(၂) မြေအနိမ့်အမြင့်
(၃) ရာသီဥတု
(၄) သက်ရှိအဏုဇီဝများ
(၅) အချိန်
(၆) လူ တို့ဖြစ်ကြပါသည်။

အထူးသဖြင့် သဘာဝကပေးထားသော မြေဆီလွှာသည် လူတို့၏ ကာကွယ်ထိန်းသိမ်းစောင့်ရှောင့်မှု ကြောင့် ယနေ့ကမ္ဘာတွင် ရေလေတိုက်စားမှု များပြားနေရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏မြောက်ဖက်၊ အရှေ့ဖက်၊ အနောက်ဖက်နှင့် အလယ်ပိုင်း(အပူပိုင်း) ဒေသများမှ နုံမြေများ၏ ဧရာဝတီမြစ်ဝကျွန်းပေါ် နှင့် မွန်၊ တနင်္သာရီ စေသာ ပင်လယ်ကမ်းစပ်ဒေသများတွင် စုစည်းလာသော နုံးပမာဏမှာ တစ်နှစ်လျှင် မြစ်အတွင်ထွန်းလာသော သဲသောင်ပြင်ပမာဏသည် တဖြေးဖြေး ကြီးထွားလာရခြင်းမှာလည်း (erosion) ခေါ် မြေဆီလွှာရေလေတိုက်စားမှုကြောင့်ဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့သိရှိနိုင်ပါသည်။
ထို့ကြောင့်ဖြစ်ပေါ်လာသော ရေလေတိုက်စားမှုများကို မည်ကဲ့သို့ကာကွယ်ကြမည်နည်း? မည်ကဲ့သို့ ကြိုတင်စီစဉ် ဆောင်ရွက်ကြမည်နည်း? တို့ကို နိုင်ငံသူ နိုင်ငံသားအားလုံးတွင် တာဝန်သိသိ၊ သစ္စာရှိရှိ ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်လာပြီး “ခလုတ်ထိမှ အမိတ” ဆိုတာမျိုး “အပ်နဲ့ထွင်းရမည့် ကိစ္စ ပုဆိန်နဲ့ထွင်း” မဖြစ်ရလေအောင် လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်လိုပါသည်။

မြစ်ချောင်းကမ်းပါးများ ပြိုကျပျက်စီးခြင်း
၂၀၁၂ ခုနှစ်၏ နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံအတွင်းရေကြီးရေလျှံမှုများ၊ ကွက်ကြားမိုး သည်း ထန်စွာ ရွာသွန်းခြင်းများ၊ ရေစီးရေလာပြင်းထန်မှုများကြောင့် မြစ်ချောင်းကမ်းပါးများပြိုကျခြင်း၊ စိုက် ပျိုးမြေများ သဲနုံးဖုံးခြင်း၊ ကြက်သွန်စိုက်ချောင်းမြေများ ပျက်စီးခြင်းစသော မြေဆီလွှာပြဿနာရပ် များ ဖြစ်ပေါ်နေကြပါသည်။ ထိုကဲ့သို့ ပြဿနာရပ်များကိုလည်း ကာကွယ်ပေးနိုင်မည့် “မြက်” တစ်မျိုးကို လူထုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ်သည်။

တွေ့ကြုံခဲ့ရဘူးသော မြင်ကွင်းများမှာ ချင်းပြည်နယ်မှ မြေများ ကလေးလွင်ပြင်ပေါ်သို့ ဖုံးလွှမ်းလာမှု၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာစိုက်ပျိုးမြေများနှင့် လူနေအိမ်ခြေများ ပြိုကျပျက်စီးမှု၊ အချို့သော သဲသောင်ပြင် ကြက်သွန်စိုက်ခင်းများ ရေတိုက်စားမှု၊ ကျိုက္ခမီရေလယ်ဘုရားအနီးရှိ သဲသောင်ပြင်မြေ များ ပြိုကျပြီး မြေနိမ့်ကျသွားမှုများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောင့်ရမည့် နည်းလမ်းများ ရှာဖွေဖော် ထုတ်ဖို့ လိုအပ်ကြောင်းဆက်လက်ဆွေးနွေးပါမည်။

ဦးထင်အောင်ရှိန် (ဘိုးရာဇာ) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်