သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ?

30/04/2020 11:30 AM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သံပုရာပင်စိုက်တဲ့ ဦးကြီးတချို့ စိုက်ထားတာ (၃-၄) နှစ်ရှိပြီ အပွင့်တွေလည်း ပွင့်တဲ့အခါပွင့်ပေမယ့် အသီးမတင်ဘူး ကြုံတွေ့နေပါသလား။

ဒါဆိုရင်တော့ အောက်ကအချက်တွေ လုပ်ဖို့ လိုအပ်နေပါပြီဗျ။

၁။ နေရောင်ခြည်

သံပုရာပင်က အသီးတွေ မသီးခင်အချိန်မှာ နေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ်ဗျ။ နေရောင်ကောင်းစွာမရရင်တော့ ပန်းလည်းများများစားစားပွင့်မှာ မဟုတ်ပါဘူး။ ပန်းမပွင့်ရင်တော့ အသီးလဲ မတင်တော့ပါဘူး။ သံပုရာပင်က တစ်ရက်ကို အနည်းဆုံး (၆)နာရီလောက် နေရောင်ရဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဦးကြီးတို့ရဲ့ သံပုရာပင်တွေက အရိပ်အောက်ရောက်နေတယ်ဆိုရင်တော့ အရိပ်​​ဖြစ်စေတဲ့အပင်တွေကို ကိုင်းချိုင်တာမျိုးလုပ်ပြီး အလင်းရရှိအောင် လုပ်ပေးလိုက်ပါ။

၂။ ရေ

အသီးတင်ဖို့ ဒုတိယအရေးကြီးဆုံးအချက်ကတော့ ရေရရှိမှုပါ။ ရေကို လုံလုံလောက်လောက် ပေးသွင်းခြင်းက သံပုရာသီးတွေ အထွက်ကောင်းဖို့ ကူညီပါလိမ့်မယ်။ စိုက်တဲ့မြေကလည်း ရေစီးရေလာကောင်းတဲ့မြေ ဖြစ်သင့်ပြီး အမြဲခြောက်သွေ့နေတဲ့မြေမှာ မစိုက်သင့်ပါဘူး။ မြေကိုလည်း အမြဲစမ်းစစ်သင့်ပြီး အနက်(၂) လက်မလောက်ထိ မြေကခြောက်နေတယ်ဆိုရင်တော့ ရေများများပေးဖို့ လိုအပ်နေပါပြီဗျ။ အရွက်တွေ ငိုက်ကျနေတယ်ဆိုရင်လည်း ရေလိုအပ်နေပါပြီ။ တစ်ပတ် (၁)ကြိမ် ပုံမှန် ရေရွှဲရွှဲလောင်းပေးသင့်ပါတယ်။ 

၃။ အာဟာရဓာတ်

အာဟာရဓာတ်ရရှိဖို့ အပင်စစိုက်ကတည်းက သဘာဝမြေသြဇာတွေ ထည့်ပေးသင့်ပါတယ်ဗျ။ ရှောက်သံပုရာအုပ်စုဝင်တွေကိုကျွေးတဲ့ ဓာတ်မြေသြဇာ (citrus fertilizer)တချို့ကို တစ်နှစ်ကို လေးကြိမ်လောက် ကျွေးပေးပါ။ သံပုရာပင်က နိုက်ထရိုဂျင်ကို ပိုပြီးစားသုံးတဲ့ကောင်မို့ (N:P:K) အချိုး (၃:၁:၁) နဲ့ (၂:၁:၁) လိုမျိုး နိုက်ထရိုဂျင်အချိုးပိုပါတဲ့ ဓာတ်မြေသြဇာတွေကို ရွေးချယ်ပြီးသုံးသင့်ပါတယ်။

၄။ အပူချိန်

သံပုရာပင်တွေက အပူချိန်( ၂၀ )ဒီဂရီစင်တီဂရိတ် လောက်ထိ လျော့ကျပြီး အေးသွားတာကို ခံနိုင်ရည်ရှိကြပါတယ်။ ဒါပေမယ့် (၂၀) ဒီဂရီစင်တီဂရိတ်ရဲ့အောက်ရောက်ပြီး အလွန်အေးသွားရင်တော့ အသီးသီးနှုန်း ကျသွားတတ်ပါတယ်။ ဒါ့ကြောင့် အိုးနဲ့စိုက်တဲ့အပင်တွေကို အလွန်အေးလာတဲ့အခါ အအေးဒဏ်သက်သာမယ့်နေရာဆီ ပြောင်းထားပေးသင့်ပါတယ်။ နေပွင့်လာပြီး အအေးပေါ့လာတဲ့ နေ့လည်ခင်းလိုအချိန်တွေမှာတော့ အပြင်ပြန်ထုတ်ပေးပါ။ အအေးဒဏ်ရှောင်ဖို့ အဆောက်အအုံထဲ ပြောင်းရွှေ့ထားတဲ့အခါ အရွက်တွေခြောက်လာတတ်တာမို့ ရေဖျန်းပေးဖို့ မမေ့ပါနဲ့ဗျ။

 ၅။ ဝတ်မှုန်ကူးခြင်း

သံပုရာပင်တွေက အများအားဖြင့် တစ်နှစ်ပတ်လုံး ပန်းပွင့်နိုင်ကြပေမယ့် အဓိကအားဖြင့်တော့ မိုးရာသီနဲ့ နွေဦးပိုင်းမှာ ပန်းအများဆုံးပွင့်တတ်ကြပါတယ်ဗျ။ ပန်းတွေပွင့်တိုင်းမှာ ဝတ်မှုန်ကူးဖို့ လိုအပ်ပါတတယ်။ ဆိုလိုတာက ပန်းတော့ပွင့်ပေမယ့် ဝတ်မှုန်မကူးပဲ ကြွေသွားရင် အသီးလည်း မရနိုင်တော့ပါဘူး။ ဒါ့ကြောင့် ပွင့်တည်းဝတ်မှုန်ကူးခြင်းက အကောင်းဆုံးဖြစ်ပေမယ့် အသီးအထွက်ကောင်းဖို့ဆိုရင်တော့ လက်နဲ့ဝတ်မှုန်ကူးခြင်းကို လုပ်ပေးဖို့ လိုပါတယ်ဗျ။ လက်နဲ့ဝတ်မှုန်ကူးခြင်းဆိုတာကတော့ စုပ်တံခပ်သေးသေး (သို့) ဂွမ်းစလေးနဲ့ အဖိုဝတ်မှုန်တွေကိုခြစ်ယူပြီး အမအင်္ဂါပေါ် သုတ်ပေးခြင်းဖြစ်ပါတယ်။ အသေးစိတ်ဆန်ပြီး လက်ဝင်တာမို့ တစ်နိုင်တစ်ပိုင် စိုက်တဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်ဗျ။

၆။ ကိုင်းချိုင်ပေးခြင်း

အသီးများများသီးဖို့ရန် အပင်ကရှည်စရာမလိုပါဘူးဗျ။ ဒါ့ကြောင့် မိုးဦးပိုင်းမှာ ကိုင်းချိုင်ခြင်းတွေ ပြုလုပ်ပေးပါ။ အပေါ်ကို ရှည်ထွက်နေတဲ့ ကိုင်းတွေက ပုံမှန်အားဖြင့် အသီးမသီးကြပါဘူး။ ဒါကြောင့်မို့ အဲ့လိုကိုင်းတွေကို ဦးစားပေးချိုင်ပါ။ ထို့ပြင် ခြောက်နေတဲ့ကိုင်းတွေနဲ့ ရောဂါကျနေတဲ့ကိုင်းတွေကို (၄၅) ဒီဂရီစောင်း၍ ဖြတ်ပေးပါ။

ပင်မပင်စည်ကို နေရောင်မဝင်နိုင်လောက်အောင် ပိတ်စို့နေတဲ့ ကိုင်းတချို့ကိုလည်း ချိုင်ပေးပါ။ ဒါမှ ပင်စည်ကို နေရောင်ရရှိမှာဖြစ်ပြီး လေဝင်လေထွက်လည်းကောင်းကာ မှိုရောဂါတွေဖြစ်ခြင်းမှ ကင်းလွတ်မှာလည်း ဖြစ်ပါတယ်ဗျ။ ပြုံပြွတ်ပြီးသီးနေတဲ့အထဲမှ တချို့အသီးတွေကို ခြွေပေးခြင်းက အရည်အသွေးကောင်းပြီး အရွယ်အစားကြီးတဲ့အသီးတွေရရှိမှာလည်းဖြစ်ပါတယ်ဗျ။

ဒီအချက်တွေကို လုပ်ဆောင်ပေးပြီး ဦးကြီးတို့ရဲ့ သံရာပုပင်တွေ အသီးထွက်ကောင်း၍ စျေးကောင်းရကြပါစေဗျာ။

ထွန်းရာဇာ

Ref; https://www.fast-growing-trees.com/pages/meyer-lemon-trees-secrets-fruit


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်