အောက်ဇင်ဟော်မုန်းဆိုတာဘာလဲ...အပင်အတွက် ဘာတွေလုပ်ပေးသလဲ?

02/01/2020 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လူတွေမှာ ဟော်မုန်းတွေ ရှိသလို အပင်တွေမှာလည်း ဟော်မုန်းတွေ ရှိပါတယ်။ အပင်တွေရဲ့ ဟော်မုန်းလို့ ဆိုလိုက်ရင် အပင်တွေမှာ ရှိပြီးသား နာမည်ကြီးပြီးသား (၃)မျိုးရှိပါတယ်။ အောက်ဇင် ဟော်မုန်း၊ ဆိုက်တိုခိုင်နင် ဟော်မုန်းနဲ့ ဂျစ်ဘဲလစ် တို့ပါပဲ။ 

အဲ့လို ဟော်မုန်းတွေကို တွေ့ရှိပြီးနောက်ပိုင်းမှာ လူတွေက အပြင်မှာ သက်သက်ထုတ်ယူပြီးတော့ လိုအပ်သလို အသုံးချကြပါတယ်။ ဈေးကွက်ထဲမှာ  အခုဆိုရင်  ဂျစ်ဘဲလစ်အက်ဆစ်ကို တော်တော်များများ သုံးနေကြတာကို တွေ့ရမှာပါ။ 

ဟော်မုန်းတွေကို ဘာကြောင့် သုံးလဲ ဘာလို့ သုံးလဲ?

လူတွေမှာ ကြွက်သားသန်မာချင်လို့၊ ဆံပင်နက်ပြီးကောင်းချင်လို့၊ ရောဂါကြောင့် ဟော်မုန်းဆေးတွေကို သောက်သုံးကြရပါတယ်။ အပင်တွေမှာလည်း တူတူပါပဲ။ ဟော်မုန်းတစ်ခုချင်းစီမှာ အပင်တွေကို အကျိုးပြုနိုင်တဲ့ အစွမ်းတွေပါလို့ပဲ ဟော်မုန်းတွေကို ဆက်သုံးနေကြတာဖြစ်ပါတယ်။ 

အောက်ဇင်

ဒီတစ်ခေါက်မှာ ပြောပြပေးမှာကတော့ အောက်ဇင် ဟော်မုန်းအကြောင်းဖြစ်ပါတယ်။ အောက်ဇင်ကို လေ့လာကြည့်တဲ့အခါမှာ - အညွှန့်အခက်တွေအပိုင်းမှာနေပြီးတော့ အပင်ဆဲလ်တွေ ရှည်ထွက်မှုနဲ့ ပုံမှန်ကြီးထွားမှုရအောင် ပြုလုပ်ပေးသော ဟော်မုန်းလို့ တွေ့ပါတယ်။ အပင်တွေရဲ့ ထိပ်ပိုင်းတွေမှာ အောက်ဇင်ရှိပါတယ်။ 

အပင်မှာ အောက်ဇင်က ဘယ်နေရာမှာပါလဲ?

အပင်တွေကိုကြည့်လိုက်ရင် တစ်ဖြည်းဖြည်းကြီးလာတဲ့ဖြစ်စဉ်မှာ တစ်ဖြောင့်တည်းကြီး မဟုတ်ပါဘူး။ ဘယ်ကိုယိမ်းလိုက် ညာကိုနွဲ့လိုက်နဲ့ ဆဲလ်တွေတစ်ဖြည်းဖြည်း ရှည်ထွက်လာတာပါ။ အပင်စပေါက်တဲ့အညှောက်ကတည်းကိုက တွန့်လိမ်ခဲ့တာမျိုးပါ။ အဲ့ဖြစ်စဉ်တစ်လျှောက်လုံးမှာ အောက်ဇင်ပါပါတယ်။ 

အရွက်ကလေးတွေ အပြင်ဖက်ကိုထွက်လာတယ်။ နေရောင်အောက်ကို ရောက်တယ်။ အမြစ်တွေကလည်း အောက်ဖက်ကိုထိုးဆင်းပြီး ကြီးထွားလာကြတယ်။ အဲ့လိုဖြစ်စဉ်တွေမှာ အောက်ဇင်ဟော်မုန်းတွေက အလုပ်လုပ်ပေးပါတယ်။

 အောက်ဇင်ရဲ့ လုပ်ဆောင်ချက်တွေ

အဓိကလုပ်ဆောင်ပေးတာကတော့ အပင်တွေကြီးထွားလာအောင် လုပ်ပေးတာပါ။ အောက်ဇင်ဟော်မုန်းရှိနေတာက အပင်တွေရဲ့ဆဲလ်တွေ ရှည်ထွက်လာအောင်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ဂရိဘာသာစကား “auxien”ကနေ ဆင်းသက်လာတာဖြစ်ပြီးတော့ ကြီးထွားဖို့လို့ အဓိပ္ပါယ်ရပါတယ်။ 

အောက်ဇင်က ဘာတွေလုပ်ပေးသလဲ?

ပင်စည်၊ အရွက်နဲ့ ပန်းတွေမှာနေပြီးတော့ အဲ့နေရာတွေကဆဲလ်တွေကို ရှည်ထွက်ကြီးလာစေပါတယ်။ 

အောက်ဇင်က ဆဲလ်တွေကို ရှည်ထွက်စေရုံသာမကပဲ ပတ်ဝန်းကျင်အလိုက်လည်း ပြောင်းလဲမှုတွေ လိုက်ပြီးတော့လုပ်နိုင်ပါတယ်။ 

မှောင်တဲ့နေရာတွေမှာဆိုရင် အောက်ဇင်ဟော်မုန်းတွေ သွားစုပြီးတော့ အဲ့ဖက်ခြမ်းက ဆဲလ်တွေကို ပိုပြီးရှည်ထွက်လာစေပါတယ်။ အဲ့လို အလင်းကိုတုံပြန်တဲ့ဖြစ်စဉ်ကို Phototropsim  လို့ခေါ်ပါတယ်။ အရိပ်ထဲကျနေရင် အပင်က မြန်မြန်ရှည်လာမယ်။ အရိပ်အောက်ကျနေတဲ့နေရာက ရှည်ထွက်လာပြီး နေရောင်ထဲကို မြန်မြန်ရောက်လာမယ်။ နေရောင်ထဲကျတဲ့အပိုင်းတွေက အစာချက်လုပ်နိုင်ကြပြီးတော့ အပင်ကို မြန်မြန်ကြီးထွားလာနိုင်စေပါတယ်။ အောက်ဇင်က အရေးပါပါတယ်နော်။ 

အပင်အပေါ်ပိုင်းပဲ ကြီးထွားတာမျိုးမဟုတ်ပဲနဲ့ အပင်အောက်ဖက် အမြစ်ပိုင်းမှာလည်း အောက်ဇင်တွေနေထိုင်ပြီးတော့ အောက်ဖက်ကို ကြီးထွားစေနိုင်ပါတယ်။ အဲ့လို ဆဲလ်တွေ အောက်ဖက်ကိုကြီးထွားစေတဲ့ တုံ့ပြန်မှုမျိုးကို Gravitropism လို့ ခေါ်ပါတယ်။ အဲ့လို ကြီးထွားတဲ့တုံ့ပြန်မှုကြောင့် အောက်ဖက်က အမြစ်စနစ်ကို ကြီးထွားသန်မာစေတာနဲ့အမျှ ရေနဲ့ အာဟာရစုပ်ယူမှုတွေ ကောင်းမွန်ပြီးတော့ အပင်ကိုသန်မာစေပါတယ်။

ဟုတ်ပါပြီ။ အညွှန့်နဲ့ အမြစ်မှာရှိတယ်။ အစေ့မှာရောရှိသလားဆိုတော့ ရှိပါတယ်။ အစေ့မှာလည်း အောက်ဇင်တွေရှိပါတယ်။ အပင်တွေစိုက်တဲ့အခါ ဖြစ်နိုင်အောင်လို့သာ ဖန်လုံအိမ်ထဲမှာ စိုက်ပျိုးကြတာ။ တကယ်တမ်း နေရောင်အောက်မှာစိုက်ပျိုးတာလောက် မဖြစ်ထွန်း မသန်မာကြပါဘူး။ အဲ့ဒါဟာ အောက်ဇင်ကြောင့်ပဲဖြစ်ပါတယ်။ အမှောင်ထဲမှာ မျိုးစေ့လေးချကြည့်။ အမှောင်ထဲက အပင်လေးတွေက  ဖြူဖြူသွယ်သွယ်လေးတွေ ဖြစ်နေမှာဖြစ်ပြီး နေရောင်အောက်က အပင်ကတော့ စိမ်းပြီးတော့ တုတ်ခိုင်နေတာကို တွေ့ရမှာပါ။ အဲ့ဒါက မျိုးစေ့မှာ အောက်ဇင်ရှိတယ်ဆိုတဲ့ အသိပေးချက်ဖြစ်ပါတယ်။  နေရောင်က အောက်ဇင်ထုတ်လုပ်မှုကို လှုံဆော်ပေးလိုက်တာဖြစ်ပါတယ်။ 

အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ အောက်ဇင်က ဆဲလ်တွေရှည်ထွက်ဖို့သာမကပဲနဲ့ အပင်တွေမှာဖြစ်တဲ့ ဒဏ်ရာတွေကို ကုသတဲ့နေရာမှာပါ ကူညီပေးနိုင်ပါတယ်။ အနာတွေ ကုသဖို့ လိုအပ်တယ်ဆိုရင် ဆဲလ်အသစ်ပြန်ဖြစ်ဖို့နဲ့ အဲ့အသစ်ဖြစ်လာတဲ့ဆဲလ်တွေ ပြန်ကြီးထွားဖို့အတွက်ဆိုရင် အောက်ဇင်က အများကြီးကူညီတုံ့ပြန်ပေးပါတယ်။  

ခုဆိုရင် အောက်ဇင်ဆိုတဲ့ အပင်ထဲက ဟော်မုန်းက ဘယ်လိုကူညီပေးတယ်။ ဘယ်နေရာတွေမှာ ရှိတယ်ဆိုတာသိသွားလောက်ပြီး ဈေးကွက်ထဲက အောက်ဇင်ဟော်မုန်းလို့ တွေ့လိုက်ရင် မှန်ကန်တဲ့နေရာမှာ အသုံးချနိုင်ပြီး အကျိုးများကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 

ထွန်းဝင်းကျော်

https://study.com/academy/lesson/auxins-in-plants-definition-functions-quiz.html


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်