ဓာတ်ဖိုနဲ့ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားဆိုတာ ဘာတွေလဲ

05/02/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒါကတော့ မြေကြီးနဲ့ ဆိုင်ပါတယ်။ အပင်လေးတွေ အာဟာရတွေကို ဘယ်လိုစားသလဲဆိုတာ ဓာတုဗေဒနည်းအားဖြင့်ကြည့်ရင် ဓာတ်ဖို ဓာတ်မလေးတွေကို ဖလှယ်ပြီးတော့ စားတာပါ။ အဲ့လို ဖလှယ်ယူထားတာကိုမှ စုပေါင်းပြီး နောက်ထပ်ပစ္စည်းအသစ်တစ်ခု ထုတ်လုပ်ပါတယ်။ သကြားဆို သကြား အသားဆို အသားပေါ့။ အဲ့လို နည်းအားဖြင့် အပင်လေးတွေက ကြီးထွားလာကြပါတယ်။ အစာအာဟာရကို စားသုံးပါတယ်။

ဓာတ်ဖို ဆိုတာဘာလဲ

အိမ်မှာ မီးထွန်းတဲ့ ဆိုင်ကယ်ထဲထည့်တဲ့ ဘက်ထရီငုတ်လေး  (၂) ငုတ်ကိုကြည့်လိုက်ရင် အပေါင်းဖက်တစ်ခု အနှုတ်ပြထားတဲ့ ငုတ်လေးတစ်ခုဆိုပြီး ၂ ခုပါပါတယ်။ တစ်အိုးမှာ အဲ့လို စုံလိုက်အတွဲပါမှ သုံးလို့ရတဲ့ ဘက်ထရီတစ်လုံးဖြစ်တာပါ။ ခု အပင်တွေကိုကျွေးနေတဲ့ အာဟာရဓာတ်တွေဆိုလည်း အဲ့လို အပေါင်းလေးနဲ့ အနှုတ်ကလေး တွဲထားပါတယ်။ ဥပမာဆိုရင် လယ်ထဲမှာ အများဆုံးသုံးတဲ့ ပုလဲကို တစ်ချက်ကြည့်ရအောင်။ ပုလဲရဲ့ ဓာတုနည်းအရ ဖော်ပြချက်က - CH4N2O ဖြစ်ပါတယ်။ အဲ့ဒါကို တစ်ခုချင်းစီ ပြန်ခွဲချလိုက်ရင် 

C - ကာဗွန်ဖြစ်ပြီးတော့ သူက ဓာတ်ဖိုဖြစ်ပါတယ်။ ဓာတု နဲ့ဆို C2+ ဖြစ်ပါတယ်။

H - ဟိုက်ထရိုဂျင်ပါ ဓာတ်ဖို ဖြစ်ပြီး H+ လို့ ဖော်ပြနိုင်ပါတယ်။

N - နိုက်ထရိုဂျင်ပါ ဓာတ်မဖြစ်ပြီးတော့ N2- လို့ ဖော်ပြပါတယ်။

O - အောက်စီဂျင် ဖြစ်ပြီး O2- နဲ့ ဖော်ပြပါတယ် ဓာတ်မပါ။

အနှုတ်လက္ခဏာနဲ့ဆို ဓာတ်မဖြစ်ပြီး အပေါင်းလက္ခဏာနဲ့က ဓာတ်ဖိုဖြစ်ပါတယ်။ အဲ့မှာပါနေတဲ့ ဂဏာန်းသေးသေးလေးက သူနဲ့ပေါင်းစပ်မယ်ဆိုရင် လိုအပ်တဲ့ပမာဏကို ဖော်ပြတာဖြစ်ပါတယ်။ နိုက်ထရိုဂျင် နဲ့ အောက်စီဂျင်ကိုကြည့်ပါ။ အဲ့မှာဆို ဂဏန်းလေးက (၂) ဆိုပြီးပါနေပါတယ်။

ဆိုလိုတာက သူတို့ဟာ ဓာတ်မပါ။ သူတို့နဲ့ပေါင်းဖို့ ဓာတ်ဖို (၂) လုံး လိုပါတယ်လို့ပြောတာဖြစ်ပါတယ်။ တကယ်လို့များ အပင်တွေက နိုက်ထရိုဂျင်ကို ဖလှယ်ပြီး စားမယ်ဆိုရင် သူတို့ဆီမှာရှိတဲ့ အနှုတ်လက္ခဏာရှိတဲ့ ဓာတ်မ ၂)ခုကို ထုတ်လိုက်မယ်။ ပြီးတော့မှ အနှုတ်လေးဖြစ်တဲ့ နိုက်ထရိုဂျင်ကို ပြန်စုပ်ယူပါမယ်။ အဲ့လိုနည်းအားဖြင့် အပင်တွေကနေ ထည့်လိုက်တဲ့ ပုလဲကနေ နိုက်ထရိုဂျင်တွေကို စားသုံးနိုင်ကြပါတယ်။

ဓာတ်ဖို ဖလှယ်နိုင်စွမ်းဆိုတာကဘာလဲ 

မြေကြီးကနေ ဓာတ်ဖိုတွေကို ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအားကို ဓာတ်ဖို ဖလှယ်နိုင်စွမ်းအားလို့ခေါ်ပါတယ်။

အော်ဂဲနစ်မြေသြဇာတွေမှာဆိုရင် ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားမြင့်ပါတယ်။ မြေသားဆီမှာ ဓာတ်ဖို ဖလှယ်နိုင်စွမ်းအား ကောင်းလေလေ မြေသြဇာတွေ သိုလှောင်သိမ်းဆည်းနိုင်မှုအား များလေလေဖြစ်ပါတယ်။ သဲဆန်တဲ့မြေတွေမှာဆိုရင် အဲ့လို အာဟာရတွေ သိုလှောင်နိုင်စွမ်းအားတိုးတက်အောင်လို့ အော်ဂဲနစ် မြေဆွေးဖြစ်ဖြစ်၊ မြေသြဇာဖြစ်ဖြစ် ထည့်ပေးကြတာဖြစ်ပါတယ်။

အဲ့လို ထည့်ပေးလိုက်တာကြောင့်မို့ မြေသားကြီး တစ်ခုလုံးမှာ အနုတ်လက္ခဏာဖြစ်လာပြီးတော့ အပေါင်းလက္ခဏာဖြစ်တဲ့ ဓာတ်ဖိုလေးတွေကို အများကြီးစုပ်ယူထိန်းသိမ်းထားနိုင်ပါတယ်။ အဲ့လို ထိန်းသိမ်းထားနိုင်လေလေ အပင်ကနေ စုပ်ယူနိုင်တဲ့ အာဟာရတွေကို များများရနိုင်လေလေဖြစ်ပါတယ်။

ဓာတ်ဖိုဖြစ်တဲ့ အပင်တွေစုပ်ယူတဲ့ အာဟာရတွေဆိုတာကတော့ ကယ်လ်စီယမ် Ca2+ ပိုတက်စီယမ် K+ နဲ့ မဂ္ဂနီစီယမ် Mg2+ နဲ့ ဆိုဒီယမ် Na+ တွေ ဖြစ်ပါတယ် အများဆုံးနဲ့ အခြေခံဖလှယ်ကြတဲ့ ဓာတ်ဖိုတွေပဲဖြစ်ပါတယ်။ 

အဲ့လိုဆိုတော့ လေ့လာစရာများတဲ့လောကကြီးမှာ ဆက်ပြီးတော့ လေ့လာရဦးပါမယ်။ ခုတော့ အပင်တွေစုပ်ယူတဲ့ပုံစံက အပေါင်းတွေလား အနှုတ်တွေလားဆိုတာရယ် ဓာတ်ဖို ဖလှယ်နိုင်စွမ်းအားဆိုတာဘာလဲ ဆိုတာရယ်နဲ့ ကျေနပ်ကြရအောင်။

တောင်သူကြီးများ အကျိုးစိးပွား ပိုမိုတိုးတက်အောင်မြင်ကြပါစေ။

ထွန်းဝင်းကျော်

http://www.soilquality.org.au/factsheets/cation-exchange-capacity

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်