မြေဆွေးပုံတွေမှာ ကူညီပေးတတ်တဲ့အကောင်တွေက ဘာတွေဖြစ်မလဲ

21/08/2019 06:00 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အရင်က ပြောထားတာ ဆက်သွားရအောင်လေ.........

   လေရှိ ဆွေးမြေ့ခြင်း ဖြစ်စဉ်ရဲ့ ဖြစ်စဉ်အစတွေမှာဆိုရင် ဘက်တီးရီးယားလေးတွေက ကူညီပေးတာများပါတယ်။ နောက်ပိုင်းအဆင့်တွေမှာဆိုရင် နည်းနည်းကြီးတဲ့ အကောင်တွေပါလာတယ်။ မှိုတွေ၊ Sowbugs၊ Pillbug စတဲ့ မြေနေ ဂျပိုးတွေ၊ Centipedes လို့ခေါ်တဲ့ ခြေထောက်ဆယ်ချီရှိတဲ့ ကင်းခြေများလို အကောင်တွေ၊ Millipedes အုပ်စု (မီးရထားပိုးကောင်လို ခြေထောက်အများကြီးရှိတဲ့အကောင်တွေပါတဲ့ အုပ်စု)၊ ပင့်ကူတွေ၊ တီကောင်တွေက ပါဝင်ပြီးတော့ ကူညီလာပါတယ်။

   ပါဝင်တဲ့အကောင်တွေအများစုကိုတော့ သေချာမမြင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က သေးငယ်တဲ့ အကောင်လေးတွေဖြစ်ပြီးတော့ ရေရှိ၊ လေရှိပြီး သူတို့အစာရှိတဲ့နေရာတွေမှာ ရှင်သန်ပေါက်ဖွားပြီး အော်ဂဲနစ်ပစ္စည်းတွေကိုစားတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေနဲ့ အပူကို ပြန်ထုတ်ပေးပါတယ်။ 

   တကယ်တမ်း မြေဆွေးဖြစ်ဖို့ ဖြတ်ရတဲ့အဆင့်တွေ ရှိပါတယ်။ မြေဆွေးပုံရင် စစချင်း ပူတဲ့အဆင့်၊ နောက်တော့ အအေးဖက် ပြန်ရောက်တဲ့အဆင့်ရယ်၊ တည်ငြိမ်တဲ့အဆင့်ရယ်ဆိုပြီးတော့ ဖြစ်ပါတယ်။ 

   ပူလာတဲ့ အပူအဆင့်မှာဆိုရင် ပုံထားတဲ့မြေဆွေးပုံအလယ်တည့်တည့်က အပူဆုံးပါပဲ။ အဲ့ဒါက တော်တော်လေးမိုက်ပါတယ်။ ဘာလို့လဲဆိုရင် အဲ့အပူကြောင့်ပဲ ရောဂါပိုးတွေကို သေစေနိုင်တယ်။ ပြီးတော့ တစ်ချို့သော ပေါင်းစေ့တွေကိုရောပေါ့။

   အဲ နောက်တစ်ဆင့်ကျတော့ ပူတာတွေက ပြန်ပြီးတော့အေးလာတဲ့ အဆင့်ပါပဲ။ အဲအချိန်မှာ မှိုမျှင်လေးတွေက ပွားများလာပြီး မြေဆွေးပုံထဲမှာ ပွားနေပါပြီ။

   ကဲ နောက်ဆုံးတစ်ဆင့်ကတော့ တည်ငြိမ်တဲ့အဆင့်ဖြစ်ပါတယ်။ အဲ့အဆင်မှာ termites ချ နဲ့ တီကောင်မျိုးနွယ်ဝင် အကောင်တွေက မြေဆွေးပုံထဲမှာဝင်ပြီးတော့ သမအောင်လုပ်ပေးပါတယ်။ တွင်းလေးတွေတူး အပေါ်ကမြေကြီးအောက်ရောက်။ အောက်ကမြေကြီး အပေါ်ရောက်ပေါ့။ 

   ပူတဲ့ရာသီဥတုရှိတယ် ဆိုရင်တော့ အေးတဲ့ရာသီတွေထက် သက်ရှိကောင်လေးတွေက ပိုပြီးတော့ အလုပ်လုပ်ပါတယ်။ ပိုမြန်တာပေါ့လေ။ 

မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်ကြမယ်ဆိုရင်

   အနီးအနားက ပစ္စည်းတွေအကုန်လုံး ဆွဲထည့်လို့ရပါတယ်။ သွပ်တွေ သံတွေတော့ မပါဘူးပေါ့။ အော်ဂဲနစ်ပစ္စည်းဖြစ်လာနိုင်မဲ့ ပစ္စည်းတွေ အကုန်လုံးထည့်လို့ရပေမဲ့ ကိုယ်ထည့်လိုက်တဲ့ ပစ္စည်းကနေပြီးတော့ ပြန်ရလာတဲ့ ပစ္စည်းက ကွဲပြားသွားမှာပါ။ 

   အကောင်းဆုံး ရွေးနည်းကတော့ အညိုရောင်နဲ့ အစိမ်းရောင်တွေပါအောင် ရွေးပါ။ အညိုရောင်ဆိုတာကတော့ အဆွေးတွေ အဟောင်းတွေကို ဆိုလိုပြီးတော့ အစိမ်းရောင်ဆိုတာကတော့ အရည်ရွမ်းပြီး လတ်လတ်ဆတ်ဆတ်ရှိနေတဲ့ ပစ္စည်းတွေကိုပြောတာဖြစ်ပါတယ်။  ဘာလို့အဲ့လိုရွေးခိုင်းလဲဆိုတော့ ကာဗွန်နဲ့ နိုက်ထရိုဂျင် အချိုးကိုမျှတစေဖို့ဖြစ်ပါတယ်။ ကာဗွန်နဲ့ နိုက်ထရိုဂျင်ဆိုတာက အဏုဇီဝသက်ရှိတွေ ရှင်သန်ကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တာကြောင့်ဖြစ်ပါတယ်။ သဘာဝကထွက်တဲ့ကာဗွန်က ဆဲလ်တွေကြီးထွားမှုကို (၅၀)ရာခိုင်နှုန်းထိတောင် ထောက်ပံ့ပြီးတော့ စွမ်းအင်တွေကိုလည်း ပေးပါတယ်။ နိုက်ထရိုဂျင်ကတော့ ပရိုတင်းတွေ၊ အမိုင်နိုအက်ဆစ်တွေနဲ့ အင်ဇိုင်းတွေအတွက် အထောက်အကူပြုတာပါ။ 

   အဲ့တော့ သူတို့ (၂)ခုကို မျှတအောင်ရွေးရမယ်။ C/N ratio - ကာဗွန် နိုက်ထရိုဂျင် အချိုးလို့ခေါ်ပါတယ်။ ဖြစ်သင့်တဲ့  အချိုးကတော့ ၃၀း၁ ပါ။ နိုက်ထရိုဂျင်ပါတဲ့ပစ္စည်း တစ်ပိဿာထည့်တိုင်းမှာ ကာဗွန်ပါတဲ့ပစ္စည်းတွေ ပိဿာ (၃၀) ထည့်ပေးပါ။ ဘာလို့ အဲ့လိုထည့်ခိုင်းတာတုန်း၊ ပြောတော့ အကုန်ရတယ်ဆို…. ဟုတ် ဘာလို့လဲ ပြောပြပါမယ်။

   ဘာလို့လဲဆိုတော့ အဲ့ထက် နည်းသွားမယ်ဆိုရင် နိုက်ထရိုဂျင်ကြောင့် အမိုးနီးယားဓာတ်ငွေ့တွေ ထွက်လာမှာပါ။ အနံ့ကတော့ ပြင်းပါတယ်။ နောက်ပြီး အဏုဇီဝသက်ရှိတွေရဲ့ ပွားများမှုမှာ စကားပြောပါတယ်။ အဲ့ဒါကြောင့် ညီအောင်ထည့်ပေးခိုင်းတာပါ။ 

   အစိမ်းရောင် အရည်ရွမ်းလတ်ဆတ်နေသေးတဲ့ ပစ္စည်းတွေက နိုက်ထရိုဂျင်များဖို့ ပိုများပါတယ်။  နည်းနည်းခြောက်သွေ့သွားတဲ့ အညိုရောင်လေးတွေဆိုရင်တော့ ကာဗွန်များပါတယ်။ အကြမ်းအားဖြင့်ပေါ့။ အဲ့တော့ အညိုတွေစုချင်ရင်တော့ လိုက်နာရမဲ့ စည်းမျဉ်းလေးရှိပါတယ်။ တစ်ဝက်စီ ပုံထားပါ။ အညိုတစ်ဝက် အစိမ်းတစ်ဝက်ပါ။ 

   မြေဆွေးပုံလို့ အပူတက်မလာဘူးဆိုရင် အစိမ်းရောင်တွေ လိုနေတာဖြစ်ပြီးတော့ အမိုးနီးယားနံ့ထွက်လာတယ်ဆိုရင်တော့ အညိုရောင်လိုနေတာဖြစ်ပါတယ်။ ဒါက အကြမ်းပါပဲ။ 

   မြေဆွေးပုံက ကိုင်ရတာ အန္တရာယ်ရောကင်းရဲ့လားလို့ ဆိုခဲ့ရင်တော့ ကင်းပါတယ်။ ဓာတုဆေးတွေလိုမဟုတ်ဘူးဆိုတာကိုက စိတ်ချစရာကောင်းနေပါပြီ။ လက်ဆေးတာကတော့ စည်းကမ်းပါပဲနော်။ ကိုင်ပြီး လက်ကိုသေချာဆေး၊ စိတ်ချချင်တယ်ဆို လက်အိတ် ဖိနပ်စီး အနာတွေ ဖုံးထားလို့ရတယ်။ သတိထားရမှာ ရှိတယ်။ ကိုယ်လုပ်ထားတဲ့ မြေဆွေးပုံကတက်နေတဲ့ အပူက ၆၀-၇၀ လောက်ရှိတာဆိုတော့ နည်းနည်းတော့ ပူတယ်။ အဲ့ဒါလေးပါပဲ။ ကဲ နောက်တစ်ပတ်မှာတော့ ထည့်လို့ရတဲ့ပစ္စည်းတွေကို ပြောပေးပါမယ်။ …….

ထွန်းဝင်းကျော်

References: “Compost Making Made Easy”, ADDA – VNFU Organic Project.


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်