ထရိုင်ကိုဒါးမား ဆိုတာ ဘာလဲ

27/11/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထရိုင်ကိုဒါးမားဆိုတာကတော့  အပင်တွေကို ရောဂါမဖြစ်စေတဲ့  မှိုမျိုးစိတ်ဖြစ်ပြီးတော့ အပင်တွေနဲ့ ပူးပေါင်းပြီး နေထိုင်ကြီးထွားနိုင်ပါတယ်။ အစိမ်းရောင်ရှိတဲ့ အဲ့ဒီထရိုင်ကိုဒါးမားမှိုလေးတွေကိုဆိုရင် အပင်ကြီးထွားဖို့အတွက် လှုံ့ဆော်ပေးတဲ့ သက်ရှိတစ်ခုအဖြစ်၊ ရောဂါကို တိုက်ခိုက်နိုင်တဲ့ သက်ရှိတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ 

အဲ့လိုအချက်တွေကြောင့် ထရိုင်ကိုဒါးမားမှိုလေးတွေကို ဇီဝနည်းအားဖြင့် ထိန်းချုပ်၍ ထုတ်လုပ်ကြပြီးတော့ တစ်ကမ္ဘာလုံးမှာ သုံးစွဲနေကြပြီဖြစ်ပါတယ်။ အများဆုံးသုံးတဲ့ မျိုးစိတ်တွေက

(၁) Trichoderma harzianum

(၂) Trichoderma viride

(၃) Trichoderma atroviride

အဲ့ (၃)မျိုးဖြစ်ပါတယ်။ 

ဒါဆိုရင် ထရိုင်ကိုဒါးမားတွေက ဘယ်နေရာမှာ ဘယ်လိုတွေ့နိုင်လဲဆိုတာကို ကြည့်ရအောင်

ထရိုင်ကိုဒါးမား မျိုးစိတ်တွေဟာ မတူညီကွဲပြားတဲ့ အလေ့အကျင့်တွေရှိတဲ့ မြေအမျိုးအစားတော်တော်များများမှာ တွေ့ရတာ ဖြစ်ပါတယ်။ မြေကြီးတင်မက ဆွေးနေတဲ့သစ်သားတွေ၊ မြေဆွေးတွေ၊ အမြစ်တွေနဲ့ မြေကြီးနားကပ်နေတဲ့ အပင်အစိတ်အပိုင်းလေးတွေမှာ တွေ့ရပါတယ်။  အပင်တွေမှာ ကပ်ပါးအဖြစ် ကပ်တွယ်နေပြီးတော့မှ အပင်တွေကို ထိခိုက်မှုလည်း မရှိစေပါဘူး။ သူတို့က တစ်ခြားအဏုဇီဝသက်ရှိတွေနဲ့ တူတူနေထိုင်ပြီးတော့ မျိုးပွားနိုင်ပါတယ်တဲ့။ 

အပင်တွေကို ဘယ်လိုကာကွယ်ပေးတာလဲ၊ 

တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းအားဖြင့်သော်လည်းကောင်း မှိုတွေ နဲ့ ရောဂါဖြစ်စေတတ်တဲ့ သက်ရှိတွေကို ဇီဝနည်းအားဖြင့် ကာကွယ်ပေးပါတယ်။ မှိုတွေ အပင်တွေမှာလာကပ်ရင် ထရိုင်ကိုဒါးမားတွေက အဲ့မှိုတွေကို အဆိပ်အတောက်ဖြစ်စေပြီးတော့ တစ်ခြားမှိုတွေရဲ့ မှိုမျှင်တွေကိုသေစေပါတယ်။ အဲ့ဒါက တစ်နည်းပါ။ 

ဒုတိယနည်းကျတော့ အပင်တွေကို အနှောက်အယှက်ဖြစ်စေမဲ့ မှိုတွေကို ထရိုင်ကိုဒါးမားတွေက ဝန်းရံပြီးတော့ ကပ်ပါးအဖြစ်တွယ်ကပ်လိုက်တာပါ။ နေရာလုတဲ့ သဘောပါ။ လုရင်းနဲ့ အပင်တွေကို ထိခိုက်စေတဲ့ မှိုတွေကိုလည်း တိုက်ခိုက်ပါတယ်။ 

သွယ်ဝိုက်တဲ့ နည်းအားဖြင့် တိုက်ခိုက်တယ်ဆိုရင်တော့ နေရာလုတယ်။ အာဟာရတွေ ယှဉ်ပြိုင်ပြီးတော့ စုပ်ယူပြီးတော့ ပြိုင်ဘက်ကို အားယုတ်လျော့စေပြီး အပင်ကိုတိုက်ခိုက်တာတွေကို လျော့ချစေပါတယ်။ ထရိုင်ကိုဒါးမားက ဘယ်ပတ်ဝန်းကျင်အခြေအနေမှာပဲဖြစ်ဖြစ် ရှင်သန်အားကောင်းတယ်၊ ကြီးထွားမှု မြန်တယ်၊ ယှဉ်ပြိုင်မှု အားကောင်းတယ်။ အဲ့အချက်တွေကြောင့် ထရိုင်ကိုဒါးမားကို ဇီဝနည်းအားဖြင့် တိုက်ခိုက်တဲ့နေရာမှာ သုံးတာဖြစ်ပါတယ်။ 

အသက်ရှိ ထရိုင်ကိုဒါးမားမှိုလေးတွေရဲ့ အကျိုးကျေးဇူး

ထရိုင်ကိုဒါးမားမှိုလေးတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုနေကြတာကြာပါပြီ။ ကြာဆို သူတို့ကလည်း မြေကြီးထဲမှာပဲနေကြတာကိုး။ စစချင်းကတော့ သူတို့နေတဲ့နေရာမှာ ပေါများနေလို့ ကိုယ်တွေက ထပ်ထည့်စရာမလိုဘူးလေ။ ခုတော့ မြေကပျက် ရာသီဥတုကမကောင်း ဘာဘာညာညာနဲ့ စိုက်ရေးပျိုးရေးက မကောင်းတော့ကျ  ပြင်တာဆင်တာတွေ လုပ်လာရတာပေါ့။ မြေထဲမှာ ထရိုင်ကိုဒါးမားတွေသာ ရှိနေရင် ဘာတွေဖြစ်မလဲဆိုတော့

၁။ အပင်တွေကနေ အာဟာရတွေကို ပိုရမယ်။ ရေတွေလည်း ပိုပြီးစုပ်ယူနိုင်ပါတယ်။

၂။ အပင်တွေမှာ အစာချက်လုပ်မှုကိုပိုကောင်းစေတာကြောင့်မို့ အပင်တွေက ပိုမိုသန်မာကြီးထွားစေတာပေါ့

၃။ အပင်တွေကြီးထွားဖို့ အားပေးတဲ့ ဟော်မုန်းတွေကိုလည်း ထောက်ပံ့ပေးပါတယ်။ 

၄။ မြေသြဇာတွေ သုံးရတာကိုလည်း လျော့ကျစေပါတယ်။

၅။ အထွက်နှုန်းကို တိုးတက်ကောင်းမွန်စေပါတယ်။

၆။ ရေငတ်တာလိုမျိုး အပင်တွေမှာ ကျတတ်တဲ့ ဖိအားတွေကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။

၇။ သိသာထင်ရှားတဲ့ အချက်ကတော့ အပင်အမြစ်တွေက ပွားများပြီး အမြစ်နက်နက် ပိုဆင်းပါတယ်။

၈။ ရောဂါတွေကို ထိန်းချုပ်နိုင်စေပါတယ်။ အထူးသဖြင့် မှိုတွေကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကိုပေါ့။

၉။ မြေကြီးကို သန့်စင်ပေးပါတယ်။ မြေသားက ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေကြောင့် ညစ်ညမ်းနေတယ်ဆိုရင် ထရိုင်ကိုဒါးမားကို ထည့်ပေးလိုက်တာနဲ့တင် မြေသားထဲက ဆွေးမြေ့ဖို့ကြာတဲ့ ပစ္စည်းတွေ ပိုမြန်မြန်ဆွေးစေပြီးတော့ မြေသားကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ 

ကဲ ဒီလောက်ဆိုရင်တော့ ထရိုင်ကိုဒါးမားကို ဘယ်လိုသုံးနေလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်နော်။ 

ထွန်းဝင်းကျော်

https://www.wineland.co.za/what-is-trichoderma/


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်