ပိုးသတ်ဆေးအညွှန်းစာတွင် ပိုးသတ်ဆေးအား စိုက်ခင်းတွင် အသုံးပြုနည်းကို ဖော်ပြထားပါသည်။ ဆိုလိုသည်မှာ အသုံးပြုနိုင်သော ဖျက်ပိုးများ (ပေါင်း၊ အင်းဆက် သို့မဟုတ် ရောဂါများ) နှင့် မည်သည့်သီးနှံများအတွက် အသုံးပြုနိုင်သည်ကို ဖော်ပြထားပါသည်။ ပိုးသတ်ဆေးအညွှန်းစာတွင် ဖော်ပြထားသော ဖျက်ပိုးများအတွက်သာ ပိုးသတ်ဆေးကို အသုံးပြုရပါမည်။ ထိုသို့မဟုတ်ပါက ပိုးသတ်ဆေးဖျန်းလိုက်သည့် သီးနှံ၊ ထိုသီးနှံကို စားသုံးသည့်သူများ သို့မဟုတ် ပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။
ပိုးသတ်ဆေးအညွှန်းစာတွင် အောက်ပါတို့ကိုလည်း ဖော်ပြထားပါသည်။
• အမြင့်ဆုံးပိုးသတ်ဆေးနှုန်းထား
• သီးနှံတစ်မျိုးစီတိုင်းတွင် အသုံးပြုနိုင်သည့် ဆေးစီရင်နိုင်မှုအကြိမ်
• သက်ဆိုင်ပါက ပိုးသတ်ဆေးပက်ဖျန်းပြီး ရိတ်သိမ်း/ ခူးဆွတ်ရမည့် ကြားကာလ နှင့်
• ပိုးသတ်ဆေးဖျော်ရည်အား ပြင်ဆင်ရာနှင့် ပက်ဖျန်းရာတွင် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် ပိုးသတ်ဆေးပက်ဖျန်းသူ ဝတ်ဆင်ရမည့် တစ်ကိုယ်ရည်သုံး အကာအကွယ် ကိရိယာများ။
ထို့အပြင် ပိုးသတ်ဆေးအညွှန်းစာတွင် အောက်ပါအကြံဉာဏ်များကိုပေးထားပါသည်။
• ပိုးသတ်ဆေးဖျော်စပ်ပုံနည်းလမ်း
• ပိုးသတ်ဆေး ပက်ဖျန်းပုံနည်းလမ်း
• ဆေးဖျန်းပုံးအား ဆေးပက်ဖျန်းပြီး ဆေကြောပုံ နည်းလမ်း
• ပိုလျှံသော ပိုးသတ်ဆေးဖျော်ရည်များကို စွန့်ပစ်ပုံနည်းလမ်း
• ပိုးသတ်ဆေးဖိတ်စင်မှုကို စီမံခန့်ခွဲခြင်း နည်းလမ်းနှင့်
• ပိုးသတ်ဆေးလွင့်မျောခြင်းနှင့် ညစ်ညမ်းစေနိုင်သည့်နေရာများကဲ့သို့သော အခြား ဖြစ်နိုင်ဖွယ်အန္တရာယ်များကို ကာကွယ်ခြင်းနည်းလမ်း အစရှိသည့်အချက်များ ပါဝင်ပါသည်။
ဒေါက်တာကိုကို
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more