"ဘာပဲစားစား ဒီလိုဆေးပြီးမှစား"
ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက ဆေးနဲ့မကင်းတာများပါတယ်။ ဓာတုလွတ်တွေရှိနေကြပေမယ့် လုံလောက်တဲ့ပမာဏမရှိသ၍ကျွန်မတို့ အဆိပ်တွေကို သိသိကြီးနဲ့စားနေရသလိုပါပဲ။
ဈေးကွက်ထဲရောက်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို အတတ်နိုင်ဆုံး အန္တရာယ်ကင်းကင်းနဲ့ စားချင်တယ်ဆိုရင် ဒီလိုနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပါ။
သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံဆိုင်ရာဗဟိုဌာနကနေ ထုတ်ပြန်ချက်အရ
၁။ ဆား
ပုံမှန်အားဖြင့် ဆားရေနဲ့ ဆေးလို့ရပါတယ်။ အပေါ်ယံမျက်နှာပြင်လောက်က ပိုးသတ်ဆေး အကြွင်းအကျန်တွေကိုတော့ ဖယ်ရှားနိုင်ပါတယ်တဲ့။
၂။ ရေသန့်သန့်
ရေနဲ့ဆေးမယ်ဆို ၈၀ ရာခိုင်နှုန်းထိ ဓာတ်ကြွင်းတွေပါယ်နိုင်ပေမယ့် စပျစ်သီး၊ ပန်းသီး၊ မာလကာသီး၊ သရက်သီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီးနဲ့ ရုံးပတီသီးတွေမှာ ဓာတ်ကြွင်းပါဝင်မှုတွေက ပိုများတတ်တာမို့ ပိုပြီး ဂရုတစိုက်ရေဆေးသင့်ပါတယ်တဲ့။
၃။ ရှာလကာရည်
ရေထဲကို ရှာလကာရည်နဲနဲထည့်။ အသီးအနှံတွေကို ရေထဲနှစ်ပြီး ပွတ်သပ်ဆေးကြောလိုက်ပါ။ ပြီး ရေနဲ့ပြန်ဆေးချလိုက်ရင်ရပါပြီ။ အခွံပါးတဲ့ အသီးတွေဆေးရင်တော့ နဲနဲတော့ ဂရုစိုက်ရမှာပေါ့။
၄။ အခွံတွေဖယ်မယ်
နောက်တစ်နည်းကတော့ ရေခပ်နွေးနွေးလေးထဲမှာ ခဏထားလိုက်ပါ။ အခွံတွေဖယ်မယ်အပေါ်ယံအခွံတွေခွါပြီးမှ စားမယ်ဆိုရင်လည်း ဓာတ်ကြွင်းတော်တော်များများကို ရှောင်နိုင်ပါတယ်။
များသောအားဖြင့် အသားတွေမှာလည်း အရေခွံတွေ၊ အဆီပိုတွေမှာက ဆေးတွေစုနေတတ်တာမို့ အတတ်နိုင်ဆုံး ဖယ်ပစ်သင့်ပါတယ်။ အသီးခွံတွေမှာ တစ်ချို့အာဟာရတွေပါပေမယ့် ဆေးသုံးတဲ့အသီးဖြစ်မယ်ဆိုရင်တော့ အာဟာရထက် ဆေးကပိုများမှာမို့ မစားခင်မှာ ဒီလိုနည်းလမ်းလေးတွေပြုလုပ်လို့ရအောင် ဖော်ပြလိုက်ရပါတယ်။
သိမ့်ဇာ
https://food.ndtv.com/food-drinks/simple-tricks-to-remove-pesticides-from-fruits-and-vegetables-696039
ဆက်စပ်ဆောင်းပါးများ
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
တခင်းလုံအစက်ပျောက်တွေဖစ်ပီးရဲနေတာဘာဆေးဖြန်းရ
ဇေယျာစိုး • ဖြေကြားချက် 0 ခု
ဘိုကာရှီ မြေဆွေးအိတ်တွေမှာပါလေ့ရှိတဲ့ ပါ၀င်ပစ္စည်းတွေထဲမှာ C:N ratio အကြောင်းလေးသိချင်လို့ပါရှင့်။ C:N ratio နည်းတာကောင်းတာလား၊များတာကောင်းတာလားရှင့်
မနွယ် • ဖြေကြားချက် 3 ခု
ဆရာခင်ဗျရောဂါရအရွက်တွေအခုလိုရှင်းထားပါတယ်ခင်ဗျဇော်ဗက် 40စီစီ ဖြန်းပြီးစိုးရိမ်စိတ်နဲ့3ရက်လောက်ခြားပြီးမန်ကိုဇက်80ဂရမ်မီသိုမော့40ဂရမ်ဖြန်းပြီးရောဂါရအရွက်အားလုံးရှင်းထားပါတယ်ခင်ဗျရောဂါတော့ထပ်မပြန့်တော့ဘူးဆရာအရွက်ရှင်းပြီးဘယ်ဆေးအရင်သုံးသင့်ပါသလည်းခင်ဗျ အားဆေးလေးလည်းဆရာညွန်းသလိုသုံးချင်ပါတယ်ဆရာကျေးဇူးပြုပြီးထပ်ပြီးညွန်းပေးပါဦးဆရာခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 4 ခု
ရေဝတီသခွားမျိုးပဲရရလပ်ကီး380ရရမင်းလှမျို့နယ်မှာဝယ်လို့မရလို့ပါရမယ်ဆိုရင်ဆက်သွယ့်မယ့်လိပ်စာပို့ပေးပါအုံး
,ရဲေကျာ် • ဖြေကြားချက် 2 ခု
ပြီးခဲ့တဲတစ်ပတ်လောက်ကနေပူရှိန်းပြင်းခဲပြီ နှစ်ရက်လောက်ကမိုးကြီးကြီးနှစ်ကြိမ်းရွာခဲ့တယ်အနှောက်တော့အသီးကင်းတွေပုတ်နေတယ်
aungkolatt • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၆ မှ ၂၂ ရက်နေ့အထိ တိုင်းဒေသကြီးအလိုက် အပူချိန်ခန့်မှန်းချက်
16/10/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (12-16.10.2026)
16/10/2026
ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
16/10/2026
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....