ဒေသထွက်ကုန်များကို တန်ဖိုးထားစေချင်

09/11/2020 12:26 PM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

    ယခုအချိန်မှာ ဘာကြောင့်  မိမိဒေသက ထွက်ကုန်တွေကို အာရုံမစိုက်ပဲ သူများဒေသက ထွက်ကုန်တွေပဲ စိုက်ပျိုးချင်နေကြတာလဲ?

     အခုနောက်ပိုင်း ‌မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားမှ မျိုးသစ်မျိုးဆန်းများ စမ်းသပ်စိုက်ပျိုးအောင်မြင်လာကြတာ အားလုံးအသိပါပဲ။ ဒါက တကယ်ကို ကောင်းတဲ့အောင်မြင်မှုတစ်ခုပါ။

    ဒီလိုစိုက်တယ်ဆိုတာကလည်း ဟိုနိုင်ငံမှာစိုက်တဲ့ 

- အပူချိန်

- ရာသီဥတု 

- မြေအမျိုးအစား

- အပင်ပြုစုစောင့်ရှောက်မှုများကို လေ့လာချင့်ချိန်ပြီးတော့ စိုက်ကြရတာပဲ ဖြစ်ပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာလဲ ဒီလို ဒေသဖလှယ်စိုက်ကြတာတွေများလှပါတယ်။ အဓိအားဖြင့် တင်ပြပြောပြရလျှင် ပြင်ဦးလွင်ဒေသရှိပန်းများကို နေရာဒေသတော်တော်များများမှာ စိုက်လာကြပါတယ်။

    စိုက်တာကကောင်းပေမယ့် နေရာဒေသအားလုံးအတွက်အဆင်ပြေတဲ့ ပန်းဆိုရင်တော့ အားလုံးအဆင်ပြေပါတယ် စိုက်နိုင်ပါတယ်။ ဘာလို့စိုက်ချင်ကြလဲဆိုရင်တော့ သူတို့ဒေသရဲ့ထွက်ကုန်ကပဲ ဈေးကောင်းတယ်၊ ပိုမြတ်တယ် လို့ ထင်နေကြလို့ပါ။

    တကယ်တော့ မူရင်းဒေသကစိုက်တဲ့ တောင်သူတွေကလည်း ဒါပဲ စိုက်စရာရှိလို့ စိုက်နေတာပါ။ ပိုမမြတ်ဘူးဆိုတာကိုတော့ သတိပြုပေးဖို့ ပြောပါရစေ။ သူတို့သာ တကယ်ပို မြတ်ရင် ဒီထက် အဆပေါင်းများစွာအဆင်ပြေနေကြမှာပါ အမှန်ပါပဲ။ 

    တစ်ဖက်မှာလည်း နေရာတိုင်းက စိုက်နေကြတော့ မူရင်းစိုက်ရမဲ့ဒေသမှာ ဈေးကွက် ယိုယွင်းမှုတွေ ဖြစ်လာတာပဲဖြစ်ပါတယ်။ ဈေးကွက်ယှဉ်ပြိုင်မှုများလာတဲ့အခါ အနည်းငယ်သာလိုက်စိုက်ကြတဲ့ တခြားဒေသကသူတွေအတွက် အဆင်ပြေပေမယ့်  အင်တိုက်အားတိုက်စိုက်ကြတဲ့ မူရင်းဒေသကတောင်သူတွေအတွက် အထိနာလှပါတယ်။ 

    ဥပမာ ပြောပြရလျှင် - ဖရဲသီးနှံကို ပြင်ဦးလွင်မှာပါ လိုက်စိုက်ကြမယ်ဆိုပါက ဖရဲစိုက်နေကြတဲ့ တောင်သူ‌တွေအတွက်များစွာ ခက်ခဲသွားမှာပါ။ ပြင်ဦးလွင်ကနေ တရုတ်နိုင်ငံကို တင်ပို့မယ်ဆိုလျှင် အခြားဒေသများထက် ပိုနီးပြီး ပိုလွယ်ကူတဲ့အခါ တကယ့်တောင်သူတွေ အထိနာမယ်မဟုတ်လား။ 

    အခု ပြင်ဦးလွင်ဒေသကလည်း အရင်ကထက်ပူလာတော့ သခွားမွှေးတောင် စိုက်မယ်ဆို စိုက်လို့ရ‌နိုင်နေပြီပဲဖြစ်ပါတယ်။‌

    နောက်ထပ် တစ်ချက် - သီးနှံတစ်မျိုးဟာ သူအလွန်ကြိုက်နှစ်သက်တဲ့ ဒေသ‌ရာသီဥတုဆိုတာ ရှိပြီးသားပါ။ ဒါပေမဲ့ သူသိပ်မကြိုက်တဲ့ရာသီဥတုမှာ စိုက်မိပါက 

1. အရည်အသွေး လုံးဝ မမီပါဘူး

2. ဈေးကွက်ရနိုင်မှု အားနည်းပါတယ်

3. ကိုယ့်အတွက် လုပ်ရတာ ခက်ခဲပင်ပန်းပါတယ်

4. မသေချာတာတွေများတဲ့အတွက် စွန့်စားမှုများပါတယ်။ ဥပမာ - စိုက်နည်းစနစ်၊ အပင်ပြုစုစောင့်ရှောက်မှု စသဖြင့် အခြေအနေ‌တွေ ကွဲလွဲနိုင်ပါတယ်။ 

5. သီးနှံဈေးကွက် နောက်ကျပီးမှ သီးနှံခူးဆွတ်ရောင်းချရခြင်း။

6. သီးနှံမျိုးဝယ်ရခြင်း ကုန်ကျစရိတ်များခြင်း။ စတဲ့အခက်အခဲများစွာကို ရင်ဆိုင်ရနိုင်ပါတယ်။

    ဒီလို သူများဒေသကသီးနှံတွေကို လိုက်စိုက်နေမဲ့အစား ကိုယ့်ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ စိုက်မယ်ဆိုရင်တော့ ဈေးကွက်ပြိုင်ဆိုင်မှု‌တွေလည်း လျော့နည်းသွားပြီး ဒေသတစ်ခုနဲ့တစ်ခု ရောင်းဝယ်ဖောက်ကားမှု‌တွေ ပိုမိုအားကောင်းလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ 

    ဒီအချက်လေးကို အားလုံးစဉ်းစားတွေးခေါ်ပြီး ကိုယ့်ဒေသနဲ့ကိုက်ညီတဲ့ မျိုးလေးတွေကိုပဲ ဦးစားပေးရွေးချယ်စိုက်ပျိုးကြပါစို့လို့ တိုက်တွန်းလိုက်ပါစေ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်