တောင်သူအကျိုးပြု ဝံပုလွေပင့်ကူ

20/11/2019 11:30 AM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်သူအကျိုးပြု ဝံပုလွေပင့်ကူ

စိုက်ပျိုးရေးတွင် အထွက်နှုန်းလျော့နည်းစေသော ဖျက်ပိုးများရှိသကဲ့သို့ အကျိုးပြုမိတ်ဆွေပိုးများလည်း ရှိပါတယ်။ ဥပမာ - လိပ်ခုံးကျိုင်း၊ ပုဇဉ်း၊ ပုရွတ်ဆိပ်၊ နဂျယ်၊ ကပ်ပါးနဂျယ်ကောင်များ ( ထရှိင်ဂိုဂရားများ ) ဝံပုလွေပင့်ကူ စသဖြင့် မိတ်ဆွေပိုးများ စွာရှိသည်။ ယခင်ရာစုနှစ်ကပင် ပိုးသတ်ဆေးများအသုံးပြုလာမှုကြောင့် ပတ်ဝန်းကျင် နှင့် လူသားတို့၏ ကျန်းမားရေးကိုထိခိုက်စေခြင်း၊ မြေဇီလွှာရှိ အာဟာရဒဏ်များဆုံးရှုံး ရခြင်း၊ ရေထုကိုညစ်ညမ်းစေခြင်း၊ ဖျက်ပိုးများသည် ဆေးဒဏ်ကိုခံနိုင်ရည်ရှိလာပြီး အရေအတွက်ပိုမိုများပြားလာခြင်း၊ သီးနှံအရည်အသွေးကျဆင်းခြင်းတို့ ဖြစ်စေသည်။

ထိုကြောင့် စိုက်ပျိုးရေးပညာရှင်များသည် ပိုးသတ်ဆေးလျော့သုံးစေရန် သဘာဝ မိတ်ဆွေပိုးများအသုံးပြု၍ ဖျက်ပိုးများ ကာကွယ်နှိမ်နင်းနိုင်မည့်နည်းလမ်းများကို စမ်းသပ်ပြုလုပ်လာကြသည်။ သဘာဝမိတ်ဆွေပိုးများမှ ဝံပုလွေပင့်ကူ အကြောင်း အနည်းငယ်ရှင်းပြပေးပါမည်။

နေထိုင်ကျက်စားပုံ

ဝံပုလွေပင့်ကူသည် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ နေထိုင်နိုင်ပြီး အလွယ်တကူတွေ့မြင်နိုင်သည်။ အင်းဆက်ဖျက်ပိုးများ စားသောက်ရန် စိုက်ခင်းအတွင်းနှင့်ကန်သင်းများ၊ အမှိုက်ပုံများ ရေမစိုမခြောက်ရှိသောနေရာများ၊ စမ်းချောင်းတစ်လျောက် နှင့် ရေကန်ရွံ့ တို့တွင်လည်းတွေ့ရသည်။ အေးသောအခြေအနေများတွင် တွင်းတူး၍နေ ထိုင်ကြသည်။

မျိုးပွားခြင်း

မျိုးပွားခြင်းတွင် ဝံပုလွေပင့်ကူ၏ ထူးခြားသောလက္ခဏာများရှိသည်။ ပင့်ကူအမများသည် ဥပေါင်း (၁၀၀) သို့မဟုတ် အများအပြား ဥနိုင်သည်။ ပင့်ကူအမ များသည် မိတ်လိုက်၍ မျိုးပွားပြီးချိန်တွင် ၎င်း၏သားလောင်းများအား ကျောပေါ်တွင် ထားရှိစေပါသည်။ အကောင်ကြီးအဆင့်ရောက်မှသာလျှင် ကျောမှကွာချလေသည်။

ဝံပုလွေပင့်ကူ၏ နှိမ်နင်းနိုင်သောဖျက်ပိုးများ

ဝံပုလွေပင့်ကူသည် ပုရစ်၊ ပိုးဟတ်၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ နှာတံရှည်/ တိုကျိုင်း ကောင်များ၊ ပုရွတ်ဆိတ်၊တစ်ခြားသော ပင့်ကူမျိုးစိတ်များ၊ လှေပိုး၊ နှာဖာချေးပိုး၊ တစ်ခြားသော ကျောရိုးမဲ့အင်းဆက်ဖျက်ပိုးများကို ကာကွယ်ဟန့်တားနိုင်သည်။

ဖျက်ပိုးများ ကာကွယ်နှိမ်နင်းရာတွင် ဝံပုလွေပင့်ကူသည် အမှန်တစ်ကယ်ကောင်းမွန်စွာနှိမ်နင်းနိုင်သော သဘာဝမိတ်ဆွေပိုး ဖြစ်ပါသည်။ ကွင်းထဲတွင် ဝံပုလွေပင့်ကူအရေအတွက်များစွာ ရှိနေပါက ထိန်းသိမ်းထားခြင်းဖြင့် ဖျက်ပိုးများကို အထိရောက်ဆုံး ကာကွယ်နှိမ်နင်းနိုင်မည်။ ဝံပုလွေပင့်ကူသည် တစ်ခြားသောပင့်ကူများထက် စီးပွားရေးအရ အဖိုးတန်သော မိတ်ဆွေရတနာပိုးတစ်မျိုးဖြစ်သည်။ သဘာဝတွင်ဝံပုလွေပင့်ကူရှိနေခြင်းသည် ပတ်ဝန်းကျင်ရှိ အဆိပ်အတောက် များကိုလည်း လျော့နည်းစေသည်။

လင်းလင်းထွန်း

Reference

https://sciencing.com predators-wo…

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်