WorldFish Myanmar နောက်ဆုံးရသတင်း (USAID မှ ရန်ပုံငွေပံ့ပိုးသော ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း)

19/04/2023 19:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

WorldFish "ဝင်ငွေတိုးငါးမွေးမြူရေး" စီမံကိန်းကို USAID (၂၀၁၉-၂၀၂၄) က ရန်ပုံငွေပံ့ပိုးပေးပြီး ရေရှည်ဖွံ့ဖြိုးသည့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖော်ဆောင်ခြင်းဖြင့် ဝင်ငွေတိုးခြင်း၊ အာဟာရပြည့် အစားအစာများရရှိခြင်း၊ ဆင်းရဲ နွမ်းပါးမှု လျော့နည်းခြင်းစသော အကျိုးကျေးဇူးများကို အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများမှ အမျိုးသမီးများနှင့် ကလေးသူငယ်များခံစားနိုင်ရန် ရည်ရွယ်ချက်နှင့်အညီ စီမံကိန်း၏ ၂၀၂၃ ခုနှစ် ပထမ သုံးလပတ် အာဟာရဆိုင်ရာလှုပ်ရှားမှုများကို ဂုဏ်ယူစွာဖြင့် မျှဝေပါသည်။

မိတ်ဖက်အဖွဲ့အစည်းများရှိ ဝန်ထမ်းများအား “ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် နှင့် (၂ မှ ၅) နှစ်အရွယ် ကလေးငယ်များအတွက် အာဟာရမျှတ၍ကျန်းမာစေရန်စားသောက်နည်းလမ်းညွှန်” သင်တန်းပေးခြင်း ကျန်းမာခြင်းနှင့် အာဟာရပြည့်ဝသောအစားအစာများ စားသောက်ခြင်း ဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းသည် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ အဓိကကျသော အစိတ်အပိုင်းများမှ တစ်ခု အပါအဝင်ဖြစ်သည်။ ဤသင်တန်းကို မကွေး၊ မန္တလေး၊ ညောင်ရွှေ၊ မြစ်ကြီးနား နှင့် ကျိုင်းတုံ မြို့များတွင် ကျင်းပခဲ့ပြီး၊ ဝန်ထမ်းစုစုပေါင်း ၄၇ ဦး (ကျား=၂၆၊ မ=၂၁) တက်ရောက်ခဲ့သည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာ ရပ်ရွာဒေသများတွင် အစားအစာအမျိုးမျိုးစားသောက်ခြင်းသည် အရေးပါကြောင်း စသည့် ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပါသည်။ သင်တန်းတွင် အာဟာရမျှတသည့် အစားအစာအုပ်စုများအားအခြေခံ၍ စားသောက်ခြင်းဆိုင်ရာလမ်းညွှန်များ၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် တကိုယ်ရည်သန့်ရှင်းရေးအလေ့အကျင့်ကောင်းများ နှင့်အတူ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် နှင့် (၂-၅) နှစ်အရွယ် ကလေးများအတွက် အစားအစာပြင်ဆင်ပုံများကို ပို့ချခဲ့သည်။ ရပ်ရွာများတွင် မျှတ၍ အာဟာရပြည့်ဝသော အစားအစာများစားသောက်ခြင်း ဆိုင်ရာ ရှင်းလင်းပြည့်စုံသည့်သတင်းစကားတိုများကို ပြန်လည်ဝေငှာပေးရန် ဤသင်တန်းမှ ကွင်းဆင်းဝန်ထမ်းများအား သင်ကြားပေးခဲ့သည်။

၂၀၂၃ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ၂၀၂၃ မတ်လ ၈ ရက်နေ့တွင် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းမှ

“ကျား/မ တန်းတူညီမျှဖို့ ဒစ်ဂျစ်တယ် နည်းပညာဖြင့် ဆန်းသစ်တီထွင်စို့” ဟူသော နိုင်ငံတကာဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ကျင်းပခဲ့သည်။  မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငွေတောင်ရပ်ရွာမှ အမျိုးသမီး စုစုပေါင်း ၂၀ ဦး ပါဝင်တက်ရောက်ခဲ့ပြီး၊ ၎င်းတို့၏ အတွေးအမြင်များ၊ အတွေ့အကြုံများနှင့်အတူ အမြန်အဆန်ပြောင်းလဲလာသည့် မိမိပတ်ဝန်းကျင်တွင် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှုများအပေါ် ကောင်းကျိုး၊ ဆိုးကျိုး နှင့် အားနည်းချက်များကို ဆွေးနွေးခဲ့ကြသည်။ 

ရှမ်းတောင်၊ အင်းလေးကန်တွင် အဆင့်မြှင့်တင်ထားသည့် ငါးမီးခိုးကြပ်တိုက်မီးဖိုစမ်းသပ်ခြင်း

၂၀၂၃ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ငါးကြပ်တိုက်စီမံပြုပြင်သူ၏ ဦးဆောင်မှုနှင့်အတူ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းမှ အဆင့်မြှင့်တင်ထားသော မီးဖိုဖြင့် ငါးကြပ်တိုက်သည့် ကနဦးစမ်းသပ်ထုတ်လုပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။ ဤစမ်းသပ်မှုကို ရှမ်းတောင်၊ ညောင်ရွှေမြို့နယ်ရှိ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းဝန်ထမ်း၏ ပံ့ပိုးကူညီမှုနှင့်အတူ ငါးဖမ်းဆီးပြီးနောက်ကောင်းမွန်စွာစီမံပြုပြင်ခြင်းဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြုလုပ်ခဲ့သည်။

ကနဦးရလဒ်အနေဖြင့်

• မီးခိုးကြပ်တိုက်သည့်ကြာမြင့်ချိန် ၁၂ နာရီ မှ ၃-၄ နာရီအထိ လျှော့ချပေးခြင်း

• လောင်စာအနေဖြင့် ထင်းအသုံးပြုမှု လျှော့ချပေးခြင်း

• ရွှေရောင်သန်းအညို (နှိုင်းယှဉ်) ယခင် မီးခိုးရင့်ရောင်

• မီးဖိုမှ မီးခိုးထုတ်လွှတ်မှု လျှော့ချပေးခြင်း

• အဆင့်မြှင့်ထားသော မီးဖိုသည် မိရိုးဖလာမီးဖိုထက် တာရှည်ခံနိုင်မှုရှိခြင်း 

အဆင့်မြှင့်မီးဖိုဆောက်လုပ်ခြင်းဖြင့် ငါးစီမံပြုပြင်သူ၏ ငါးကြပ်တိုက်အရည်အသွေး၊ အစားအစာဘေးကင်းလုံခြုံမှု နှင့် ဝင်ငွေများ တိုးတက်ကောင်းမွန်အောင် ပံ့ပိုးကူညီပေးသည်။ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ အဓိကရည်ရွယ်ချက်များမှ တစ်ခုဖြစ်သည့် အာဟာရပြည့်ဝပြီးအစားအစာဘေးကင်းလုံခြုံစွာရရှိနိုင်မှုတွင် မှန်ကန်သောပံ့ပိုးကူညီမှုရလဒ်နှင့်အတူ ဤရပ်ရွာဒေသရှိ အခြားသော ငါးစီမံပြုပြင်သူများအား နည်းပညာများကို ပုံစံတူပြန်လည်လက်ဆင့်ကမ်းပေးနိုင်မည်ဟု မျှော်မှန်းထားပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်