ပိုကောင်းတဲ့ကမ္ဘာကြီးကို ဖန်တီးရှေ့ဆက်နေပေမဲ့ လူအများကြီးကတော့ နောက်မှာကျန်ရစ်နေခဲ့တုန်းပါပဲ။ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာမှု၊ ဆန်းသစ်တီထွင်မှုတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုတွေကို တချို့သော သူတွေခမျာ ခံစားခွင့် မရကြပါဘူး။
တကယ်တော့ ကမ္ဘာကြီးပေါ်က လူသားသန်းပေါင်းများစွာဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို လက်လှမ်းမမီနိုင်ရှာကြပါဘူး။ ဒါကြောင့် သူတို့တွေဟာ စိတ်ချလုံခြုံရမှုမရှိတဲ့ အစားအသောက်တွေကိုသာ စားနေရပြီး အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတာပါ။
လူတွေအတွက် လုံလောက်တဲ့ အစားအသောက်တွေ မထုတ်လုပ်နိုင်လို့ ဒီလို ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံနေကြ ရတာလားး?
တကယ်တော့ မဟုတ်ပါဘူး။ ဒီကမ္ဘာကြီးပေါ်ကလူတိုင်းအတွက် အစားအစာထုတ်လုပ်နိုင်မှုက လုံလောက်ပါတယ်။
ဆိုတော့ ပြဿနာက ဘာလဲဆိုတော့...
COVID-19 လို ကပ်ဘေးတွေ၊ ပဋိပက္ခတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေ၊ လူတန်းစားမညီမျှမှုတွေ၊ ကုန်ဈေးနှုန်း မြင့်မားမှုတွေ၊ နိုင်ငံတကာကြား ရန်စောင်နေမှုတွေက အာဟာရပြည့်ဝတဲ့အစားအသောက်တွေ လူတိုင်းဆီရောက်ဖို့ အဟန့် အတားတွေ ဖြစ်နေတာကြောင့်ပါပဲ။ ဒါတွေရဲ့ ဆင့်ကဲရိုက်ခတ်မှုဒဏ်တွေကို နယ်စည်းမခြားဘဲ လူတွေ ခံစား နေကြရတာပါ။
ကမ္ဘာကြီးပေါ်က ကျေးလက်လူတန်းစား ရာခိုင်နှုန်း ၈၀ ကျော်ဟာ ဆင်းရဲမွဲတေမှုကို ခံစားနေကြရပြီး သူတို့ ရှင်သန်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ သဘာဝအရင်းအမြစ်တွေအပေါ် မှီခိုနေကြရပါတယ်။ သူတို့ဟာ သဘာဝနဲ့ လူလုပ်ကပ်ဘေးဆိုးတွေကို အမြဲရင်ဆိုင်နေရတာနဲ့ လိင်ခွဲခြားမှု၊ လူမျိုးဖြစ်တည်မှု၊ လူနေမှုအဆင့်အတန်း တွေကြောင့် မကြာမကြာ ပြောင်းရွှေ့နေကြရပါတယ်။ ဒါတွေကြောင့် သူတို့အတွက် ပညာပေးသင်တန်းတွေ၊ ဘဏ္ဍာရေး၊ ဆန်းသစ်တီထွင်မှုနဲ့ နည်းပညာတွေကို ရရှိဖို့ ခက်ခဲနေကြရပါတယ်။
ပိုကောင်းတဲ့ထုတ်လုပ်မှု၊ ပိုကောင်းတဲ့အာဟာရ၊ ပိုကောင်းတဲ့ပတ်ဝန်းကျင်တွေနဲ့အတူ ပိုမိုကောင်းမွန်သော ဘဝဆီသို့...
ဂလိုဘယ်လိုက်ဇေးရှင်းခေတ် ကမ္ဘာကြီးထဲမှာ ကျွန်တော်တို့ရဲ့ စီးပွားရေးတွေ၊ ယဉ်ကျေးမှုတွေ၊ လူဦးရေတိုးပွားမှု တွေကြား အပြန်အလှန် မှီခိုချိတ်ဆက်ရမှုတွေဟာ ပိုလို့ ပိုလို့ တိုးလာနေပါတယ်။ ကျွန်တော်တို့တွေထဲက တချို့ဟာ သူတို့တွေ ဘယ်လိုလူတွေဖြစ်တယ် ၊ ဘယ်မှာနေထိုင်တယ်ဆိုတာတွေနဲ့တင် ထိခိုက်ခံစားရမှုတွေရှိနေပြီး အထိမခံ အခြေအနေမှာ ရှိနေတာပါ။
ဒီလိုအခြေအနေမှာ တစ်ယောက်ယောက်ကို ချန်ထားခဲ့လိုက်ပြီဆိုတာနဲ့ ချိန်းကြိုးတစ်ကြိုး ပြတ်ထွက်သွားမှာပါ။ ဒါဆိုရင် ထိခိုက်သွားမှာက အဲ့ဒီလူရဲ့ဘဝတစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အားလုံးရဲ့ဘဝတွေ ဖြစ်သွားပါလိမ့်မယ်။
ဒီတော့... ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေကြား ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းမှုတွေက ဟိုအရင်အချိန်တွေထက်ကို ပိုပြီးတော့ လိုအပ်နေပါပြီ။
ဆိုတော့...ပိုမိုကောင်းမွန်သော ထုတ်လုပ်မှုတွေ၊ ပိုမိုကောင်းမွန်သော အာဟာရတွေ၊ ပိုမိုကောင်းမွန်သော ပတ်ဝန်း ကျင်တွေ၊ ပိုမိုကောင်းမွန်သော ဘဝတွေအတွက် ရည်ရွယ်ချက်တွေ ထားခြင်းဖြင့်..
စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်ဖို့၊ ပိုမိုဒူပေနာပေ ရှိလာစေနိုင်ဖို့ အပါအဝင် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်စေမှု အဖြေတွေကို ချမှတ်အကောင်အထည်ဖော်သွားမယ်ဆိုရင် စိုက်ပျိုးမွေးမြူရေးအခြေခံအစားအသောက်စနစ်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်လမ်းဆီသို့ ကျွန်တော်တို့ ပြောင်းလဲသွားနိုင်မှာပဲ ဖြစ်ပါတယ်။
(အောက်တိုဘာ ၁၆ ရက်တွင်ကျရောက်သော World Food Day (ကမ္ဘာ့အစားအစာနေ့) ကို ဂုဏ်ပြုသောအားဖြင့် FAO ၏ ဆောင်းပါးအား ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်