မထွန်မယက်စိုက်ပျိုးခြင်း

11/09/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

မြေမထွန်ပဲ စိုက်တဲ့အခါ

     မထွန်မယက်ပဲစိုက်ကြမယ်ဟေ့ zero tillage ဆိုပြီး မြေကို မထွန်မယက်ပဲစိုက်ပျိုးတဲ့ နည်းလမ်းကို အဓိကကတော့ တောင်ယာ လုပ်ငန်းတွေမှာ သုံးကြတာကိုး။ အရင်ကတည်းကလည်း အလုပ်ဖြစ်ခဲ့ကြတာပဲ။ 

     အဲ့တော့ မြေကြီးကို မထွန်မယက်ပဲ စိုက်ပျိုးတဲ့အခါ ဘာတွေ ကောင်းကျိုးတွေ ရမလဲ ဆိုတာ လေ့လာကြည့်ရအောင်။

(က) ကာ‌ဗွန် ထိမ်းသိမ်းနိုင်မှု အားကောင်းလာစေတယ်။

     မြေထဲမှာ အစကတည်းက လေရှိပါတယ်။ အဲ့လေ ထဲမှာ ကာဗွန်လည်းပါနေတာဖြစ်ပါတယ်။ မြေကြီးကို မထွန်ဘူး မယက်ဘူးဆို မြေကြီးထဲက ကာဘွန်တွေလည်း မထွက်လာတော့ပါဘူး။ ကာဗွန်တွေ မထွက်လာဘူးဆိုတော့ ကမ္ဘာကြီး ပူနွေးမှုကိုလည်း လျော့ချပေးနိုင်တာပေါ့။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာဆိုရင် မြေထွန်တာကြောင့် တစ်ဟက်တာ မြေပမာဏ (၂ ဧကခွဲ) ကနေ တစ်နှစ်ကို ကာဘွန် (၃၆၇)-(၃၆၆၇) ကီလို ဂရမ် အထိ ထွက်နေတာပါ။ ကာဘွန်ဒိုင် အောက်ဆိုဒ် အနေနဲ့ ထွက်နေတာပါ။ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို အပင်တွေက သူတို့ အစာချက်လုပ်ဖို့ သုံးပါတယ်။ အရမ်းများပြီးတော့ သူတို့လည်း မသုံးနိုင်တော့တဲ့ အခြေအနေရောက်ရင် အောက်စီဂျင်ကို ရှူကြတဲ့ လူသားတွေအတွက် လေထု ညစ်ညမ်းမှုတွေ ဖြစ်လာတော့မှာပါ။ အဲ့လိုဆိုတော့ အရင်က တောင်ယာတွေကလည်း ‌မြေမထွန်တာကြောင့် ပတ်ဝန်းကျင်အတွက် ကောင်းသားပါပဲ၊ တောင်ယာ မှ မဟုတ်ပါဘူး။ မထွန်ပဲ စိုက်တဲ့ စိုက်ခင်း စိုက်ကွက်တွေမှာ ‌မြေထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ မထွက်သွားတဲ့အတွက် ကမ္ဘာကြီး ပူနွေးမှုကို လျော့ချပေးနိုင်ပါတယ်။ 

(ခ) မြေသားတိုက်စားမှု

     မထွန် မယက်ပဲ စိုက်ပျိုးတဲ့ မြေမှာ မြက် ကောက်ရိုး ရွက်ခြောက် စတဲ့ ပစ္စည်းတွေကြောင့် ‌တစ်ခြားမြေတွေထက် မြေတိုက်စားမှုကို ပိုပြီး ခံနိုင်ရည်ရှိကြပါတယ်။ 

(ဂ) သိပ်သည်းမှု

     စက်ကြီးတွေနဲ့ဝင်၊ ထွန်လို့ ‌မြေက ပွသွား၊ နောက် ပြန်နင်းလို့ ပြန်ကျစ်သွား၊ ဆိုတော့ ဒီတိုင်း ထားတဲ့ မြေထက် ထွန်ယက်ထားတဲ့ မြေတွေက ပိုပြီး ကျစ် မာလာတာ အမှန်ပါပဲ။ မထွန် မယက်ပဲ စိုက်တဲ့ နည်းလမ်း အမှန်ကိုသာ လိုက်လုပ်ထားမယ်‌ဆိုရင် မြေက ကျစ်နေ သိပ်နေတာမျိုး မဟုတ်ပဲနဲ့ သဘာဝ အတိုင်း ရှိနေမှာပါ။

(ဃ) အချိန်ကုန် သက်သာတယ်။

     ယာအသုတ် လယ်အပုတ် ဆိုတဲ့အတိုင်း ကိုယ်က ထွန်ယက် အပုတ်ခံရတာ မရှိတဲ့ အတွက်ကြောင့် စိုက်ရေး ပျိုးရေးမှာ အချိန်ကုန်တာ ပိုသက်သာပါလိမ့်မယ်။

(င) ထွန်ယက်ရတာကြောင့် ကုန်တဲ့ စွမ်းအင်တွေကို လျော့ချနိုင်တယ်။

(စ) မြေအစိုဓာတ် ဆုံးတာနည်းတယ်။ ထွန်လိုက်ရင် အောက်က မြေအစိုကို ညနေပူလှမ်းသလိုဖြစ်ပြီး ‌ရေဓာတ် ဆုံးတတ်ပါတယ်။ မထွန်ဘူးဆိုတော့ ပြဿနာမရှိဘူးပေါ့။ 

(ဆ) မြေက ကျန်းမာရေး ပိုကောင်းတယ်။ မြေကို ထွန်ယက်ရင် မြေသားထဲက အနုဇီဝတွေ ပျက်စီးသွားပါတယ်။ နဂို ရှိနေတဲ့ ‌မြေသား တည်ဆောက်မှု ပုံစံကလည်း ပျက်သွားတယ်။ ဆိုတော့ မထွန်ပဲ ဒီတိုင်း ထားထားတဲ့ မြေတွေက ပ်ုကောင်းတယ်ဆိုတာ ငြင်းမရပါဘူး။ အော်ဂဲနစ်တွေလည်း ပိုများပါတယ်။

ဆိုးကျိုး‌တွေ‌ရော ရှိလား။

     ရှိတာပေါ့။ ကောင်းတာနဲ့ ဆိုးတာက အမြဲ ဒွန်တွဲနေတာပဲ။ ဒါဆိုရင် မထွန်ပဲ စိုက်တဲ့နည်းရဲ့ ဆိုးကျိုးတွေ က ဘာတွေ ဖြစ်မလဲ။

(က) စစချင်း အရင်းများတယ်။

     ထွန်ယက်စိုက်နေတဲ့ မြေကို ပြင်ဖို့ အတွက် လိုအပ်ချက်တွေရယ်။ ပြီးတော့ မထွန်ပဲ မြန်မြန်စိုက်နိုင်ဖို့ လိုအပ်တဲ့ က်ရိယာတွေ ဝယ်ရတဲ့ ‌အတွက် စစချင်း ကုန်ကျစရိတ်က များလာမှာပါ။ အဲ့အတွက်တော့ ပြောင်းလဲမယ်ဆို ငွေရေး ကြေးရေးလေး ကြည့်ပြီးတော့မှ ချင့်ချိန်ကြပါ။

(ခ) လေ့လာသင်ယူနေဖို့ လိုတယ်။

     အမြဲတမ်း အသစ်တွေကို မျက်ချေ မပြတ်လေ့လာနေပြီးတော့ လုပ်ကိုင်နေဖို့ လိုတာကလည်း အမြဲတမ်းကြီး အဆင်မပြေလောက်ပါဘူး။ နည်းစနစ်တွေက နေ့တိုင်းလိုလို အသစ်တွေပါ။

(ဂ) ကမူ ကုန်းလေးတွေ ပေါ်လာတတ်တယ်။

     မထွန်ပဲ အမြဲစိုက်နေတာ။  ထွန်တဲ့ မြေတွေလို အမြဲတမ်း မညှိနိုင်တာကြောင့် ကုန်း ကမူလေးတွေ ပေါ်လာတတ်ပါတယ်။ ဒါက အချိန်ကြာမှပါ။ ရေစီးရေလာ ပေါက်ရောက်တဲ့ မြက်လိုမျိုးတွေကြောင့်နဲ့ မြေတိုက်စားမှုတွေကြောင့် ဖြစ်ပါတယ်။

(ဃ) ဆေးသုံးရနိုင်ချေ များလာနိုင်တယ်။

     မထွန် မယက်ဘူးဆိုတော့ ရှိနေတဲ့ အပင်တွေကို ပေါင်းသတ်ဆေးနဲ့ အရင် ဖယ်ပစ်ရတာ၊ အဲ့လို နည်းကို သုံးနေတယ် ဆိုရင်တော့ နှစ်ကြာလေလေ ပေါင်းက ပိုပွားလေလေမို့ ဆေးက အသုံးပိုကြမ်း လာဖို့ ရှိပါတယ်။ အဲ့တော့ တစ်ခြား နည်းကို ပြောင်းသုံးကြပါ။ 

     စနစ်တိုင်းကတော့ ကောင်းကျိုးနဲ့ ဆိုးကျိုး ဆိုတာ ရှိကြတာပဲ။ တကယ်တမ်း လိုက်လုပ်မယ် ဆိုရင်တော့ ဆိုးတာကို လက်ခံနိုင်သလား‌ ကောင်းတယ် ဆိုတာကိုရော သဘောကျရဲ့လား ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်လုပ်ကိုင်ရင်း အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးများ ဖြစ်ကြပါစေ။ 

ထွန်းဝင်းကျော်

Reference

https://notillagriculture.com/no-till-farming/advantages-and-disadvantages-of-no-till-farming/#:~:text=Below%20are%20the%20primary%20benefits,caused%20by%20wind%20and%20water.&text=Tillage%20busts%20up%20the%20natural,wheel%20traffic%20from%20tillage%20operations.

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်