မထွန်မယက်စိုက်ပျိုးခြင်း

11/09/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

မြေမထွန်ပဲ စိုက်တဲ့အခါ

     မထွန်မယက်ပဲစိုက်ကြမယ်ဟေ့ zero tillage ဆိုပြီး မြေကို မထွန်မယက်ပဲစိုက်ပျိုးတဲ့ နည်းလမ်းကို အဓိကကတော့ တောင်ယာ လုပ်ငန်းတွေမှာ သုံးကြတာကိုး။ အရင်ကတည်းကလည်း အလုပ်ဖြစ်ခဲ့ကြတာပဲ။ 

     အဲ့တော့ မြေကြီးကို မထွန်မယက်ပဲ စိုက်ပျိုးတဲ့အခါ ဘာတွေ ကောင်းကျိုးတွေ ရမလဲ ဆိုတာ လေ့လာကြည့်ရအောင်။

(က) ကာ‌ဗွန် ထိမ်းသိမ်းနိုင်မှု အားကောင်းလာစေတယ်။

     မြေထဲမှာ အစကတည်းက လေရှိပါတယ်။ အဲ့လေ ထဲမှာ ကာဗွန်လည်းပါနေတာဖြစ်ပါတယ်။ မြေကြီးကို မထွန်ဘူး မယက်ဘူးဆို မြေကြီးထဲက ကာဘွန်တွေလည်း မထွက်လာတော့ပါဘူး။ ကာဗွန်တွေ မထွက်လာဘူးဆိုတော့ ကမ္ဘာကြီး ပူနွေးမှုကိုလည်း လျော့ချပေးနိုင်တာပေါ့။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာဆိုရင် မြေထွန်တာကြောင့် တစ်ဟက်တာ မြေပမာဏ (၂ ဧကခွဲ) ကနေ တစ်နှစ်ကို ကာဘွန် (၃၆၇)-(၃၆၆၇) ကီလို ဂရမ် အထိ ထွက်နေတာပါ။ ကာဘွန်ဒိုင် အောက်ဆိုဒ် အနေနဲ့ ထွက်နေတာပါ။ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို အပင်တွေက သူတို့ အစာချက်လုပ်ဖို့ သုံးပါတယ်။ အရမ်းများပြီးတော့ သူတို့လည်း မသုံးနိုင်တော့တဲ့ အခြေအနေရောက်ရင် အောက်စီဂျင်ကို ရှူကြတဲ့ လူသားတွေအတွက် လေထု ညစ်ညမ်းမှုတွေ ဖြစ်လာတော့မှာပါ။ အဲ့လိုဆိုတော့ အရင်က တောင်ယာတွေကလည်း ‌မြေမထွန်တာကြောင့် ပတ်ဝန်းကျင်အတွက် ကောင်းသားပါပဲ၊ တောင်ယာ မှ မဟုတ်ပါဘူး။ မထွန်ပဲ စိုက်တဲ့ စိုက်ခင်း စိုက်ကွက်တွေမှာ ‌မြေထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ မထွက်သွားတဲ့အတွက် ကမ္ဘာကြီး ပူနွေးမှုကို လျော့ချပေးနိုင်ပါတယ်။ 

(ခ) မြေသားတိုက်စားမှု

     မထွန် မယက်ပဲ စိုက်ပျိုးတဲ့ မြေမှာ မြက် ကောက်ရိုး ရွက်ခြောက် စတဲ့ ပစ္စည်းတွေကြောင့် ‌တစ်ခြားမြေတွေထက် မြေတိုက်စားမှုကို ပိုပြီး ခံနိုင်ရည်ရှိကြပါတယ်။ 

(ဂ) သိပ်သည်းမှု

     စက်ကြီးတွေနဲ့ဝင်၊ ထွန်လို့ ‌မြေက ပွသွား၊ နောက် ပြန်နင်းလို့ ပြန်ကျစ်သွား၊ ဆိုတော့ ဒီတိုင်း ထားတဲ့ မြေထက် ထွန်ယက်ထားတဲ့ မြေတွေက ပိုပြီး ကျစ် မာလာတာ အမှန်ပါပဲ။ မထွန် မယက်ပဲ စိုက်တဲ့ နည်းလမ်း အမှန်ကိုသာ လိုက်လုပ်ထားမယ်‌ဆိုရင် မြေက ကျစ်နေ သိပ်နေတာမျိုး မဟုတ်ပဲနဲ့ သဘာဝ အတိုင်း ရှိနေမှာပါ။

(ဃ) အချိန်ကုန် သက်သာတယ်။

     ယာအသုတ် လယ်အပုတ် ဆိုတဲ့အတိုင်း ကိုယ်က ထွန်ယက် အပုတ်ခံရတာ မရှိတဲ့ အတွက်ကြောင့် စိုက်ရေး ပျိုးရေးမှာ အချိန်ကုန်တာ ပိုသက်သာပါလိမ့်မယ်။

(င) ထွန်ယက်ရတာကြောင့် ကုန်တဲ့ စွမ်းအင်တွေကို လျော့ချနိုင်တယ်။

(စ) မြေအစိုဓာတ် ဆုံးတာနည်းတယ်။ ထွန်လိုက်ရင် အောက်က မြေအစိုကို ညနေပူလှမ်းသလိုဖြစ်ပြီး ‌ရေဓာတ် ဆုံးတတ်ပါတယ်။ မထွန်ဘူးဆိုတော့ ပြဿနာမရှိဘူးပေါ့။ 

(ဆ) မြေက ကျန်းမာရေး ပိုကောင်းတယ်။ မြေကို ထွန်ယက်ရင် မြေသားထဲက အနုဇီဝတွေ ပျက်စီးသွားပါတယ်။ နဂို ရှိနေတဲ့ ‌မြေသား တည်ဆောက်မှု ပုံစံကလည်း ပျက်သွားတယ်။ ဆိုတော့ မထွန်ပဲ ဒီတိုင်း ထားထားတဲ့ မြေတွေက ပ်ုကောင်းတယ်ဆိုတာ ငြင်းမရပါဘူး။ အော်ဂဲနစ်တွေလည်း ပိုများပါတယ်။

ဆိုးကျိုး‌တွေ‌ရော ရှိလား။

     ရှိတာပေါ့။ ကောင်းတာနဲ့ ဆိုးတာက အမြဲ ဒွန်တွဲနေတာပဲ။ ဒါဆိုရင် မထွန်ပဲ စိုက်တဲ့နည်းရဲ့ ဆိုးကျိုးတွေ က ဘာတွေ ဖြစ်မလဲ။

(က) စစချင်း အရင်းများတယ်။

     ထွန်ယက်စိုက်နေတဲ့ မြေကို ပြင်ဖို့ အတွက် လိုအပ်ချက်တွေရယ်။ ပြီးတော့ မထွန်ပဲ မြန်မြန်စိုက်နိုင်ဖို့ လိုအပ်တဲ့ က်ရိယာတွေ ဝယ်ရတဲ့ ‌အတွက် စစချင်း ကုန်ကျစရိတ်က များလာမှာပါ။ အဲ့အတွက်တော့ ပြောင်းလဲမယ်ဆို ငွေရေး ကြေးရေးလေး ကြည့်ပြီးတော့မှ ချင့်ချိန်ကြပါ။

(ခ) လေ့လာသင်ယူနေဖို့ လိုတယ်။

     အမြဲတမ်း အသစ်တွေကို မျက်ချေ မပြတ်လေ့လာနေပြီးတော့ လုပ်ကိုင်နေဖို့ လိုတာကလည်း အမြဲတမ်းကြီး အဆင်မပြေလောက်ပါဘူး။ နည်းစနစ်တွေက နေ့တိုင်းလိုလို အသစ်တွေပါ။

(ဂ) ကမူ ကုန်းလေးတွေ ပေါ်လာတတ်တယ်။

     မထွန်ပဲ အမြဲစိုက်နေတာ။  ထွန်တဲ့ မြေတွေလို အမြဲတမ်း မညှိနိုင်တာကြောင့် ကုန်း ကမူလေးတွေ ပေါ်လာတတ်ပါတယ်။ ဒါက အချိန်ကြာမှပါ။ ရေစီးရေလာ ပေါက်ရောက်တဲ့ မြက်လိုမျိုးတွေကြောင့်နဲ့ မြေတိုက်စားမှုတွေကြောင့် ဖြစ်ပါတယ်။

(ဃ) ဆေးသုံးရနိုင်ချေ များလာနိုင်တယ်။

     မထွန် မယက်ဘူးဆိုတော့ ရှိနေတဲ့ အပင်တွေကို ပေါင်းသတ်ဆေးနဲ့ အရင် ဖယ်ပစ်ရတာ၊ အဲ့လို နည်းကို သုံးနေတယ် ဆိုရင်တော့ နှစ်ကြာလေလေ ပေါင်းက ပိုပွားလေလေမို့ ဆေးက အသုံးပိုကြမ်း လာဖို့ ရှိပါတယ်။ အဲ့တော့ တစ်ခြား နည်းကို ပြောင်းသုံးကြပါ။ 

     စနစ်တိုင်းကတော့ ကောင်းကျိုးနဲ့ ဆိုးကျိုး ဆိုတာ ရှိကြတာပဲ။ တကယ်တမ်း လိုက်လုပ်မယ် ဆိုရင်တော့ ဆိုးတာကို လက်ခံနိုင်သလား‌ ကောင်းတယ် ဆိုတာကိုရော သဘောကျရဲ့လား ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်လုပ်ကိုင်ရင်း အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးများ ဖြစ်ကြပါစေ။ 

ထွန်းဝင်းကျော်

Reference

https://notillagriculture.com/no-till-farming/advantages-and-disadvantages-of-no-till-farming/#:~:text=Below%20are%20the%20primary%20benefits,caused%20by%20wind%20and%20water.&text=Tillage%20busts%20up%20the%20natural,wheel%20traffic%20from%20tillage%20operations.

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်