ထုံးနဲ့ ကျောက်မှုန့် ဘာတွေကွာလဲ
ထုံးနဲ့ ကျောက်မှုန့်ကို ဘာတွေကွာလဲလို့ မေးလေ့ရှိကြပါတယ်။ တကယ်က သဘောတရား မတူတဲ့အတွက် နှိုင်းယှဉ်လို့လည်း မသင့်တော်ပါဘူး။ သူတို့ရဲ့သဘောတရားတွေကို နားလည်ရင် ဘာတွေကွာပြီး ဘယ်လိုသုံးမလဲဆိုတာ နားလည်လာမှာပါ။
ကျောက်မှုန့်
ဂျစ်ပဆန်လို့ခေါ်တဲ့ ကျောက်မှုန့်က ကယ်လဆီယမ်ဆာလဖိတ်ဖြစ်ပါတယ်။ ကယ်လဆီယမ် (Ca) နဲ့ ဆာလဖာ (S) တို့ပါဝင်ပါတယ်။ မြေကြီးကို ပိုကောင်းလာဖို့အတွက် သုံးကြပါတယ်။
အကျိုးပြုပုံ
ရွှံ့စေးဆန်လွန်းတဲ့မြေကြီးတွေမှာ မြေကြီးဖွဲ့စည်းပုံကောင်းလာဖို့၊ ရေစိမ့်နိုင်စွမ်းကောင်းလာဖို့၊ ထွန်ယက်လို့ အဆင်ပြေလာဖို့အတွက် သုံးကြပါတယ်။ ဂျစ်ပဆန်က သိပ်သည်းနေတဲ့ မြေကြီးတွေကို မွလာစေပြီး အပင်အတွက်လိုအပ်တဲ့ အာဟာရနဲ့ လေတို့ကို ရရှိလာအောင် စွမ်းဆောင်ပေးပါတယ်။ နောက်တစ်ခုက ဂျစ်ပဆန်က မြေချဉ်ငန်ဓာတ်အပေါ်မှာ သက်ရောက်မှု အလွန်နည်းပါတယ်။ ဆားပါဝင်မှုမြင့်တဲ့ မြေကြီးတွေမှာ ဆားဓာတ်နေရာမှာ ကယ်လဆီယမ်ဓာတ်နဲ့ အစားထိုးဖို့ သုံးပါတယ်။ ဒါကြောင့် ရွံ့စေးမြေကို ပြင်ဖို့အတွက် သုံးတာ အသင့်တော်ဆုံးပါ။
မြေချဉ်ငန်ဓာတ် (pH)
ထုံးအကြောင်းကိုပြောဖို့ဆို မြေချဉ်ငန်ဓာတ် (pH) ကို ပြန်ပြောဖို့လိုပါတယ်။ အညွှန်းကိန်းက ၁-၁၄ ထိရှိပြီး ၀-၆.၅ ထိကို ချဉ်တယ်လို့ သတ်မှတ်ကြတယ်။ ၇.၅ အထက် ၁၄ ထိဆိုရင်တော့ ငန်တယ်လို့ သတ်မှတ်ပါတယ်။ ၇ ပတ်ဝန်းကျင်ဆိုရင်တော့ သမတဲ့အနေထားပါ။ ဒါတွေဘာလို့ သိဖို့လိုအပ်လဲဆိုရင် ဒီ pH အပေါ်မှာမူတည်ပြီး အပင်ကနေ အာဟာရရယူနိုင်စွမ်းက ပြောင်းလဲသွားပါတယ်။ ဥပမာ မြေချဉ်ရင် ပိုတက်ဆီယမ်၊ ဖော့စဖောရပ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့အဟာရဓာတ်တွေကို အပင်က စုပ်ယူနိုင်စွမ်းကျသွားပါတယ်။ ဒီတော့ မြေသြဇာကျွေးလည်း အပင်က ကောင်းကောင်းမရနိုင်တော့ဘူး။ တစ်ဖက်ကပြန်ကြည့်ရင် အလူမီနီယံ၊ ကေ့ာပါး၊ သံဓာတ်၊ မဂ္ဂနိ၊ ဇင့် ဒီဓာတ်တွေကို အပင်က ရယူနိုင်စွမ်း အရမ်းမြန်သွားတဲ့အတွက်ကြောင့် အပင်အဆိပ်သင့်တာမျိုးတွေ ဖြစ်ကုန်ပါတယ်။ ဥပမာ သံဓာတ်အဆိပ်သင့်ပြီး နီတိုဝင်တာမျိုး။
ထုံး
ထုံးမှာ ၂ မျိုးရှိတယ်။ ဆောက်လုပ်ရေးထုံးနဲ့ ဒိုလိုမိုက်ပါ။ ဒိိုလိုမိုက်ကတော့ ဈေးကွက်ထဲမှာ သတိမထားမိပါဘူး။ အာနိသင်သိပ်မကွာတဲ့အတွက်ကြောင့် ဈေးသက်သာတဲ့ ရိုးရိုးထုံး ပဲသုံးကြပါတယ်။
ထုံးကိုတော့ ချဉ်နေတဲ့မြေကြီးတွေကို ပြင်ဖို့အတွက်၊ pH မြင့်လာဖို့အတွက် အသုံးပြုကြပါတယ်။ ထုံးရဲ့အကျိုးပြုပုံကတော့ “စိုက်ပျိုးရေးမှာ ထုံးထည့်ခြင်းက ဘာတွေကောင်းလာမလဲ” ဆိုတဲ့ ဆောင်းပါးမှာ အပြည့်အစုံဖတ်နိုင်ပါတယ်။
ဒီတော့ ၂ ခုပြန်ယှဉ်ရရင် ထုံးက မြေချဉ်တာကိုပြုပြင်ဖို့အတွက် အသုံးပြုပြီးတော့ ကျောက်မှုန့်ကတော့ ရွံ့စေးဆန်တဲ့ မြေကြီးတွေမှာ မြေကြီးဖွဲ့စည်းပုံကောင်းလာပြီး အပင်က အဟာရဓာတ်တွေ ပိုရရှိလာစေဖို့အတွက် အသုံးပြုပါတယ်။
နောက်တစ်ချက်သတိထားဖို့ကတော့ ထုံးက ဓာတ်ပြိုကွဲဖို့ခက်တဲ့အတွက် အပင်မစိုက်ခင် ၁ လလောက် မြေကြီးထဲ ကြိုထည့်ပေးထားဖို့လိုပါတယ်။ (စပါးခင်းမှာ ရေညှိသက်သာဖို့ ထည့်တာတော့ ရှိပါတယ်။) ကျောက်မှုန့်ကတော့ ပြိုကွဲလွယ်တဲ့အတွက်ကြောင့် မြေပြင်တုန်းမှာ ထည့်နိုင်သလို အပင်ကြီးထွားစဉ်ကာလမှာလည်း ထည့်ပါတယ်။ စပါးခင်းတွေမှာ ကျောက်မှုန့်ထည့်တာ အကျိုးရှိတဲ့အတွက်ကြောင့် စပါးမှာ ထည့်သွင်းသုံးစွဲမှု များလာပါတယ်။
Ref: gardenguides.com
yan paing oo
လွန်ခဲ့သော ၃ နှစ် က၁လကြိုထည့်ဆိုတဲ့နေရာ မြေကြီးနဲ့ထုံးသမအောင်လုပ်pရင် မြေကြီးးကိုရေလောင်းပေးဖို့လိုအပ်လားဗျာ
မိုးယံမင်းထက်
လွန်ခဲ့သော ၄ နှစ် ကစာသားလေးအနည်းငယ်ယူပါရစေဗျ
Than Naing Soe
လွန်ခဲ့သော ၅ နှစ် ကဘလို သိမျးထားရတာလဲ software မာ မပါဘူးလား
U Than Zaw Oo
လွန်ခဲ့သော ၅ နှစ် ကဆရာငါအမိုင်နိုအက်ဆစ် မှာသကြားပါတော့ ပိုအလွယ်တကူမကျနိုင်ဖူးလား ရှင်းပြပေးပါ
သန်းဆွေ
လွန်ခဲ့သော ၅ နှစ် က၃ လမြေပဲကို ကျောက်မှုန့်ကျွေးရင် တဧက ကိုဘယ်နှစ်အိတ်ကျွေးရပါလဲခဗျာ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Thein Soe Min
အားလုံး
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026