၁၉၉၅ ခုနှစ်တွင် စိုက်ပျိုးရေးတက္ကသိုလ်မှ ဂုဏ်ထူး (၅) ဘာသာဖြင့် စိုက်ပျိုးရေးပညာဘွဲ့ ရရှိခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Kasetsart University မှ M.Sc ဘွဲ့ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှ Ph.D. ဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၉၆ ခုနှစ်မှ လက်ရှိအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး သီးနှံကာကွယ်ရေးနှင့်ပတ်သက်သော စာအုပ်ပေါင်းများစွာကို ရေးသားထုတ်ဝေလျက်ရှိပါသည်။