စိုက်ပျိုးရေးလောက က အလွဲများ

14/12/2017 16:24 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ ဦးဆောင်မှုပျောက်ဆုံးခြင်း။ 

ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင်... ပဒေသရာဇ်ခေတ်မှာ ရှင်ဘုရင်တွေက ဆည်မြောင်း ကန် ချောင်းတွေ ပြုပြင်ဆောက်လုပ်ပေးတယ်။ ပြီးရင် အခွန်ကောက်တယ်။ ရာသီဥတု သမမျှတလို့ ဆန်ရေ စပါးပေါများချိန် တိုင်းပြည် စည်ပင်တယ်။ အင်အားတောင့်တင်းလာတယ်။ အုပ်ချုပ်သူဘုရင် တော်ရင်တော်သလို ပြည်ပနိုင်ငံများက လေးစားခန့်ညားရတယ်။ အဲရှော်တဲ့ ဘုရင်တွေ လက်ထက်ကျတော့လည်း စည်းစိမ်ယစ် မာနထောင်လွှား စစ်မက်ထူပြောရင်တော့ တိုင်းပြည်က နိမ့်ပါးပြန်တာပေါ့လေ။ ထားပါ...ဆိုလိုချင်တာက သူ့ခေတ် သူ့အခြေအနေအရမှာ မိရိုးဖလာ စိုက်ပျိုးရေးနဲ့ အလုပ်ဖြစ်ခဲ့တယ် ထင်ပါတယ်။ ကိုလိုနီခေတ်ကျ မြို့ပိုင်၊ နယ်ပိုင်တွေနဲ့ အဆင့်ဆင့် စနစ်တကျ စီမံခန့်ခွဲပြီး စိုက်ပျိုးရေးကို ဦးဆောင်ခဲ့တယ်။ မျိုးသစ်တွေ သွင်းတယ်။ လယ်ယာလုပ်သား မလုံလောက်လို့ ဘင်္ဂလားက လယ်ကူလီတွေ သွင်းလာတယ်။ ခေတ်မီ နည်းပညာတွေ ပါလာတယ်။ အဲ့တော့ ပြည်တွင်း ရိက္ခာ ဖူလုံရုံမက နိုင်ငံခြားကို တင်ပို့ပြီး တိုင်းပြည် ဝင်ငွေရှာလာနိုင်တယ်။ သူ့ခေတ်မှာတော့ ခေတ်အတော်မီတဲ့ စိုက်ပျိုးရေး ဖြစ်ခဲ့မှာပါ။ ခက်တာက လွတ်လပ်ရေး ရပြီးနောက်ပိုင်း..... နိုင်ငံရေးက မတည်မငြိမ် ခေတ်တွေ စနစ်တွေ ခဏခဏ ပြောင်း။ စနစ်လေးတစ်ခု အသားကျမယ် မကြံသေးဘူး နောက်တစ်ခုပြောင်း။ နောက်တစ်ခုပြောင်းနဲ့ တောမရောက် တောင်မရောက် အဆင့်ကကို မတက်။ ကမ္ဘာမှာက တဟုန်ထိုးပြောင်းလဲသွားပြီ။ ကိုယ်တွေ မှတ်မိသလောက်ကို မြေကြေးရှင်းခေတ်၊ လယ်.စိုက်.ရှင်းခေတ်၊ MAS ခေတ် စသဖြင့် ခေတ်တိုင်းမှာ နိုင်ငံရေးပေါ်လစီ လွှမ်းမိုးမှုက အဓိက ဖြစ်လိမ့်မယ် ထင်ပါတယ်။ အုပ်ချုပ်သူ လူတန်းစားတွေရဲ့ စိတ်ထဲမှာ ဆရာစံခေတ်ကနေ ကနေ့ထိ ကြီးကြီးမားမား အပြောင်းအလဲတော်တော်များများဟာ စပါးကြောင့်လို့ တရားသေခံယူထားတာ(စပါးရူး) လည်း စိုက်ပျိုးရေးလောကအတွက် အနှောင့်အယှက်တစ်ခု ဖြစ်မယ် ထင်ပါတယ်။ မှတ်မှတ်ရရ ၂၀၀၂လောက်က စပါးဈေးတွေထိုးကျလို့ ရိတ်ချွေခတောင် မရတော့လို့ မိုးစပါးတွေ မရိတ်တော့ပဲ အကျွန်းခံထားပြီး တောင်သူတွေ ဘဝပျက်နေချိန်မှာ နွေစပါးစိုက်ကြဖို့ အစိုးရနဲ့ ဌာနဆိုင်ရာတွေက အပူတပြင်း လှုံ့ဆော်နေတာကြုံ ခဲ့ရဖူးပါတယ်။ စိုက်ပျိုးရေးနိုင်ငံ အမည်ခံပြီး တကယ်ဦးဆောင်ရမယ့် စိုက်ပျိုးရေးဌာန အသက်မဝင်တာလည်း အဓိက အချက် ဖြစ်မည်ထင်ပါကြောင်း......

 

"စိုက်ပျိုးရေးလောကအလွဲများ(၂)''...................

 

၂။ မြေယာပိုင်ဆိုင်မှုနှင့် စိုက်ပျိုးသီးနှံ''

လောလောဆယ် ရရှိထားတဲ့ စာရင်းတွေအရ မြန်မာ့ လူဦးရေရဲ့ ၇၀% ကျော် ဟာ လယ်ယာလုပ်ငန်းခွင်ထဲမှာပါတဲ့။ အဲ့တော့ လူဦးရေနဲ့ စိုက်ပျိုးမြေဧရိယာ အချိုးချကြည့်ရင် တောင်သူ တစ်ဦးချင်း ပိုင်ဆိုင်ဧကဟာ ဧရာဝတီတိုင်း ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တွေမှာ ပျမ်းမျှ ၅ဧကနှုန်း။ မန္တလေးတိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာ ပျမ်းမျှ ၂ဧကနှုံးသာရှိပါသတဲ့။ ပြီးတော့စိုက်ပျိုးသီးနှံ အများစုက လယ်ယာသီးနှံ(field crop) စပါး၊ ပဲ၊ ပြောင်း၊ဝါ၊ ငရုတ် စသည်) တွေ ဖြစ်နေပါသတဲ့။ ပြီးတော့ လူ့လုပ်အားကို အရင်းပြုတဲ့ မိရိုးဖလာ စိုက်ပျိုးထုတ်လုပ်မှု ပုံစံထဲမှာပဲ ရှိသေးတယ်။

ကမ္ဘာမှာတော့ field crop စိုက်တဲ့ နိုင်ငံကြီးတွေမှာ တောင်သူတစ်ဦးချင်းကို ဟတ်တာ (၁ဟက်တာ ၂ဧကခွဲခန့်) ထောင်နဲ့ချီပြီး စက်ယန္တယားတွေသုံးပြီး စိုက်ကြတယ်။ အဲ့တော့ ကိုယ်တွေက ထုတ်လုပ်မှုပမာဏကော၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကော ဘယ်လိုမှ မယှဉ်နိုင်တာတွေ့ရှိရပါကြောင်း။

 

ထားတော့... ဒါဆို ကိုယ့်လောက်မြေယာပိုင်ဆိုင်မှုမရှိတဲ့ အစ္စရေးလိုနိုင်ငံက ဘာလို့ စိုက်ပျိုးရေးမှာ ရှေ့တန်းရောက်နေရပါလိမ့်???

ရောက်မှာပေါ့..သူတို့က field crop ကိုအားမပြုပဲ သူတို့နဲ့ ကိုက်ညီတဲ့ cash crop (vegetable,flower, fruit,etc) တွေကို green house တွေ ဘာတွေသုံးပြီး နည်းပညာမြင့်မြင့် စိုက်ကြတာကိုး။ ၁ ဧက ဝင်ငွေချင်းက မိုးနဲ့မြေလို ကွားခြားသပေါ့။ အဲ့တော့ ကိုယ်တွေဆီက တစ်ချို့တောင်သူတွေလည်း ကိုယ်ထူကိုယ်ထ cash crop( အထူးသဖြင့် export အတွက် ဖရဲ၊ သခွားမွှေး၊။ localအတွက် ခရမ်းချဉ်၊ အာလူး၊ ပန်း စသည်) တို့ စွန့်စားစိုက်ပျိုးလာတာကို တွေ့လာရပါကြောင်း.... သို့သော်လည်း စိန်ခေါ်မှုအမြောက်အများ ရှိနေသေးပါကြောင်း...

အထူးသဖြင့်

၁။ နည်းပညာ......တောင်သူအများစုက knowledge ချို့တဲ့မှုကြောင့် ခေတ်မီနည်းပညာများ ရရှိရန်ခက်ခဲခြင်း။ ဌာနဆိုင်ရာ ပညာပေးလုပ်ငန်းများ cash crop ကိုစိတ်မဝင်စားခြင်း။ ကုမ္ပဏီ၊ အန်ဂျီအို ပညာပေးများ ထိရောက်မှုမရှိခြင်း။ စသည်တို့က အဓိကဖြစ်မည် ထင်ပါကြောင်း။

၂။အရင်းအနှီး..... တောင်သူအများစုဟာ အခြေခံ လူတန်းစားသာ ဖြစ်လို့ ငွေလုံးငွေရင်း စိုက်ထုတ်ကုန်ကျ ခံနိုင်စွမ်း မရှိပါ။ နိုင်ငံတော်ထောက်ပံ့မှု ဘတ်ဂျတ်၊ ကမ္ဘာ့အထောက်အပံ့များလည်း လိုရာမရောက် အလေအလွင့်များနေသောကြောင့် တောင်သူအများစု အကြွေးသံသရာမှာ တဝဲ လည်လည်သာဖြစ်နေပါကြောင်း။

၃။ ဈေးကွက်အာမခံ...... ပြည်တွင်း ပြည်ပ ဈေးကွက် အပြောင်းအလဲများခြင်း၊ ဈေးကွက်ဝင် သီးနှံများကို တောင်သူအများစု ပြောင်းလဲစိုက်ပျိုး နိုင်စွမ်းမရှိခြင်း၊ တို့ကြောင့် အာမခံနိုင်သော ဈေးကွက် အခြေအနေမှာလည်း ဝေဝါးဆဲသာ ဖြစ်ပါကြောင်း။ .........

Field crop ကနေ Cash crop ပြောင်းလဲရာတွင် ကိုယ်တွေ ကြုံဖူးတာလေး ပြောပြချင်ပါကြောင်း။ တစ်ခါက ဆည်ရေမရသော လယ်ခြောက်တွေကို ငှါးရမ်း၍ ဖရဲသခွားကို စက်ရေတွင်းတူး မော်တာနဲ့တင်၍ စိုက်ပျိုးခဲ့ပါကြောင်း။ စိုက်ခင်းလေးအတော် စိမ်းစိမ်းစိုစို အောင်မြင်စပြုချိန်တွင် စိုက်ခင်းရှေ့သို့ အဲ့ခေတ်က vip ကားတန်းရောက်လာကာ ကားပေါ်မှ အဘဆိုသူဆင်းလာ၍ တာဝန်ရှိသူကို

"ဒါ လယ်စိုက်ဧရိယာမဟုတ်လား'' ဟုမေးပါကြောင်း။ တာဝန်ရှိသူက ''ဟုတ်ပါတယ်အဘ ဒါ စပါးစိုက် ဧရိယာပါ'' ဆိုတော့ "ဒါဆို စပါးဘာလို့ မစိုက်တာလဲကွ'' ဆိုတော့ "ရေမရလို့ပါအဘ'' လို့ ပြန်ဖြေရာ အဘဆိုသူ ဒေါသပေါက်ကွဲကာ သခွားမွှေးမြောင်းကြားထဲ စက်ရေတွင်းမှ စက်ဖြင့် တင်ထားသောရေကို လက်ညှိုးထိုးပြ၍

"ဒါ ရေမဟုတ်လို့ မင့်----- လား...မလိုချင်ဘူး ၂၄နာရီအတွင်း စပါးပြောင်းစိုက်တာ မြင်ချင်တယ်'' ဆိုခါ အားပေးကြမ်းသွားပါကြောင်း......

........

ချမ်းမြေ့သာယာရှိကြပါစေ.....

 

 အပိုင်းသုံး "စိုက်ပျိုးရေးလောက အလွဲများ'' (၃) ........................ 

၃။ လယ်ယာလုပ်သားရှားပါးခြင်း။ 

လယ်ယာလုပ်ငန်းခွင်မှာ လူဦးရေရဲ့ ၇၀% ကျော် လုပ်နေကြတယ်လည်းပြောသေး၊ လယ်ယာ လုပ်သားလည်း ရှားပါးသေးလည်း ဆိုတော့ အတော်ဂွကျတဲ့ကိစ္စ ဖြစ်ပါကြောင်း.... တကယ်တမ်းကတော့ တစ်ဦးချင်း ပိုင်ဆိုင်ဧက ကနည်း၊ သီးနှံအထွက်တွေကကျ ၊ သီးနှံဈေးတွေက မကောင်းတဲ့အခါမှာ မိသားစုရပ်တည်ဖို့ ခက်ခဲလာပါကြောင်း။ ခေတ်အလိုက် လိုအပ်ချက် မြင့်တက်နေချိန်၊ အခြားပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးချိန် တိုက်ဆိုင်နေတော့ လယ်ယာလုပ်သား အများစု ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာကြရပါကြောင်း။ ဒါကြောင့်တကယ် လယ်ယာလုပ်ငန်းခွင် ဝင်ကြရတဲ့အခါ လုပ်သားရှားပါးမှုကို မလွဲမသွေ ကြုံကြရပါကြောင်း။ ဒါကြောင့် တောင်သူတွေခမျာ ရာသီဥတုနဲ့ ယှဉ်လုပ်ရတဲ့ မိမိလုပ်ငန်း အချိန်မီအခါမီပြီးဖို့အရေး အပြိုင်အဆိုင်ဈေးပေးကာ ငှါးရမ်းရသောကြောင့် လုပ်သားဈေးများ မြင့်တက်ကာ ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုကုန်ကျလျှက် ရှိပါကြောင်း။.... စရိတ်သာပိုကုန်ကာ သီးနှံဈေးကတော့ အာမခံမရှိ မရေမရာသာဖြစ်နေပါကြောင်း။... #လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အမှန်တကယ် ကူးပြောင်းနိုင်ရင်တော့ တစ်မျိုးပေါ့လေ.... စသဖြင့် 

သာဓက

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်