အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(အပိုင်း-၄၃) စိုက်ပျိုးရေးဆိုင်ရာ အဏုဇီဝဗေဒ 

03/10/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science (Part - 43) Agricultural Microbiology 

ဤဘာသာရပ်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ၂၀၁၇-၁၈ ပညာသင်နှစ်မှစတင်၍ အသစ်ထပ်မံ ဖွင့်လှစ်လိုက်သော အထူးပြုဘာသာများထဲမှ တစ်ခုဖြစ်ပါသည်။

အဏုဇီဝဗေဒ (Microbiology) ပညာရပ်မှ ဆင်းသက်လာသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အကျိုးပြု အသုံးချအဏုဇီဝသက်ရှိများ (Applied Microbiology and Micro-Organisms) အကြောင်းနှင့် မည်သို့ အကျိုးပြုပုံကို လေ့လာသောပညာ ဖြစ်ပါသည်။  ၎င်းအပြင် မြေဆီလွှာအဏုဇီဝဗေဒ (Soil Microbiology) လည်း ပါဝင်ပါသည်။

အပင်များကို ရောဂါဖြစ်စေသော အဏုဇီဝများ (Plant Disease Causal organisms) ဥပမာ - မှို (Fungus)၊ ဘက်တီးရီးယား (Bacteria)၊ နီမတုတ် (Nematode) ၊ ဗိုင်းရပ် (Virus) စသည်တို့နှင့် ခွဲခြား သိမြင်ရပါမည်။ 

အချို့ အဏုဇီဝသက်ရှိများက ဩဂဲနစ်ပစ္စည်း (Organic matter) ဖြိုခွဲပေးခြင်းများ ပြုလုပ်ပေးနိုင်ခြင်း၊ မြေဆီလွှာ အာဟာရဓာတ်များကို ပြောင်းလဲပေးခြင်း (Soil Nutrient Transformation) တို့ကိုလုပ်ဆောင်ပါသည်။ ဥပမာ - နိုက်တြိုက် (Nitirte) မှ နိုက်တြိတ် (Nitrate) သို့ပြောင်းလဲပေးခြင်းပြုသော ဘက်တီးရီးယား နိုက်တြိုဘက်တာ (Nitrobactor Bacteria)၊ အပင်အကျိုးပြုသက်ရှိများ (Plant Beneficial Organisms) တို့ ဖြစ်ပြီး ဩဂဲနစ်ဓာတ်ပြုပစ္စည်းများကို အပင်မှစားသုံး၍ရအောင် (Decomposition) ပြုလုပ်ပေးပါသည်။ 

အချို့ပဲမျိုးရင်းဝင်အပင်များ (Leguminous Plants) သည် လေထဲမှနိုက်တြိုဂျင်ကို ရိုက်ဇိုဘီယမ် ဘက်တီးရီးယား (Rhizobium Bacteria) များဖြင့် ဖမ်းယူပေးသည်။ ယင်းဖြစ်စဉ်ကို နိုက်တြိုဂျင်ဖမ်းယူခြင်း (Nitrogen Fixation) ဟူ၍ခေါ်ဆိုသည်။

အချို့ဘက်တီးရီးယားများဖြစ်သည့် နိုက်တြိုစပီရာ (Nitrospira)၊ နိုက်တြိုဆိုကော်ကပ် (Nitrosococcus) နှင့် နိုက်တြိုဆိုလူ့ဘတ် (Nitrosolubus) တို့ကမူ အမိုနီယမ်နိုက်တြိုဂျင်  (Ammonium Nitrogen) ကို အောက်ဆီဂျင်နှင့် ဓာတ်ပြုပြီး နိုက်တြိုက်အိုင်းယွန်း (Nitrite Ions)၊ ပြီးမှ အပင်များစားသုံးနိုင်သည့် နိုက်တြိတ်အိုင်းယွန်း (Nitrate ions) များ အဖြစ်သို့ပြောင်းပေးသည်။

နိုက်တြိုဂျင် ပြိုကွဲပြီး နိုက်တြိုဂျင်ဓါတ်ငွေ့ (Gaseous Nitrogen) သို့ ပြောင်းလဲကာ လေထဲသို့ ပြန်လည်ရောက်ရှိသွားသည့်ဖြစ်စဉ်မျိုးကို (Denitrification) ဟု ခေါ်သည်။ 

အချို့ အကျိုးပြု အဏုဇီဝများမှ အပင်များအတွက် ဇီဝမြေဩဇာ (Bio-fertilizers) အဖြစ် စီးပွားဖြစ် ထုတ်လုပ်ကြပါသည်။ 

အပင်မျိုးစိတ်တစ်မျိုးဖြစ်သော အဇိုလာ (Azolla – Anabaena azollae) သည် မျိုးစိတ်တစ်ခုနှင့်တစ်ခု အပြန်အလှန်အကျိုးပြု (Symbiotic Association) ပြီး လေထဲမှ နိုက်တြိုဂျင်ကိုဖမ်းယူပေးပါသည်။

အချို့ မှိုများ (Fungus) ဥပမာ - အက်စပါးဂျီးလတ်စ် (Aspergillus awamoni)၊ ပင်နယ်စလင် (Panicillium digitatum) များမှလည်းကောင်း၊ ဘက်တီးရီးယားအချို့ဖြစ်သော ဘက်စီလတ်စ် (Bacillus polymyoza) နှင့် ဆူဒိုမျိုးပြား (Pseudomonas striata) စသည်တို့သည် ဖော့စဖော့ရပ်ဓာတ် မပျော်ဝင်သည့် ပုံစံ (Unavailable Form) မှ အပင်စားသုံးနိုင်သော ပုံစံ (Available Form) သို့ ပြောင်းလဲပေးနိုင်ပါသည်။ 

မိုက်ကိုရိုက်ဇာတစ်မျိုးဖြစ်သော ဗင် (Vesicular Arbuscular Mycorrhizal - VAM) မှိုတစ်မျိုးကမူ အပင်အတွက် ဖော့စဖော့ရပ် အာဟာရဓာတ် (Improved Phosphorus Nutrition) ရရှိသည့်အပြင် အပင်အမြစ်များကို ရောဂါထိုးဖောက်တိုက်ခိုက်နိုင်မှုမှ ကာကွယ်ပေးနိုင်ပါသည်။

အချို့အဏုဇီဝပိုးများ (Some Microorganisms) ကမူ အချင်းချင်းနှိမ်နင်းကြပြီး (Control of Organism by Organism) ၎င်းဖြစ်စဉ်ကို ဇီဝနည်းဖြင့် နှိမ်နှင်းခြင်း (Biological Control) ဟုခေါ်သည်။ ဤသို့ အချင်းချင်းတိုက်ခိုက်ကြခြင်းဖြင့် ရောဂါဖြစ်စေသော သက်ရှိများ အရေအတွက် လျော့ကျသွားကာ အပင်ကခံနိုင်ရည်ရှိ (Resistance) လာနိုင်ပါသည်။ တောင်သူဦးကြီးများအတွက် ကုန်ကျစရိတ်လည်း သက်သာ၊ စီးပွားရေးအရလည်း တွက်ခြေကိုက်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းမှုမဖြစ်စေတော့ပါ။  

ယခု ကျွန်တော်တို့ တစ်ကမ္ဘာလုံး ဖြစ်နေသော ကိုဗစ်ရောဂါ (Covid-19)  ကာကွယ်ဆေး (Vaccine) လိုမျိုး ဆေးထိုးပြီး ဗိုင်းရပ် (Virus)  အချင်းချင်း တိုက်ခိုက်စေကာ အကူးခံရသော လူသားများက ခံနိုင်ရည်ရှိလာ၊ ရောဂါပြီးသွားပြီး (Immune) ပြန်လည်ကျန်းမာသွားသော သဘောမျိုးဖြစ်ပါသည်။

အကျိုးပြုလုပ်ဆောင်မှုများ

(က) ပဋိပက္ခဖြစ်စေခြင်း (Antagonism)

ပဋိဇီဝဖြစ်စဉ်အရ အဏုဇီဝပိုး (Micro-organisms) အချင်းချင်း အလင်းရောင်၊ အာဟာရဓာတ်၊ ရေအစိုဓာတ်တို့ကို အပြိုင်အဆိုင်လုယူရင်း (Competition) ရောဂါဖြစ်စေသောသက်ရှိများ အရှုံးပေးရခြင်း ဖြစ်ပါသည်။ 

(ခ) ပဋိဇီဝဖြစ်စဉ် (Antibiosis)

တဖက်အဏုဇီဝမှ ထုတ်လွှတ်လိုက်သော ပစ္စည်းများ၊ လက်ခံသူ (သို့မဟုတ်) အပင်တွင်းပဋိဇီဝ (Antibody) များက အခြားတဖက်အတွက် အန္တရာယ်ရှိ၊ ထိခိုက်နစ်နာစေ (Harmful) သွားခြင်း ဖြစ်ပါသည်။

(ဂ) ကပ်ပါးပြုလုပ်ခြင်း (Parasitism)

ရောဂါဖြစ်စေသောသက်ရှိများတွင် ကပ်ပါးပြုလုပ် (Parasites) တွယ်ကပ်ကာ တိုက်ခိုက်ပါသည်။ 

(ဃ) အစားအစာအနေဖြင့် စားသောက်ပစ်ခြင်း (Predation)

ရောဂါဖြစ်စေသောသက်ရှိ (Plant Pathogens)၊ ပိုးမွှားများ (Insect Pests) ကို မိမိ၏ စားစရာ (Food) အနေဖြင့် စားသောက်ပစ်ခြင်း ဖြစ်ပါသည်။ 

ဇီဝနည်းဖြင့် နှိမ်နှင်းသော အဏုဇီဝ (Biocontrol Agents) နမူနာများမှာ - တြိုင်ဂိုဒါးမား (Tricoderma)၊ အက်စ်ပါးဂျီးလပ်စ် (Aspergillus)၊ ဂလီယိုကလယ်ဒီယမ် (Gliocladium)၊ ဆူဒိုမိုးနပ် (Pseudomonas)၊ ဘက်စီးလပ်စ် (Bacillus)၊ ဒက်တိုင်းလာရစ် (Dactylaris) စသည်တို့ဖြစ်ပါသည်။

စိုက်ပျိုးရေးဆိုင်ရာ အသုံးချအဏုဇီဝပညာရှင်များ (Agricultural Microbiologists)ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှမွေးထုတ်ပေးပြီး တောင်သူဦးကြီးများ (Farmers) အတွက်  တဖက်တလမ်းမှ အထောက်အကူ ပြု အကူအညီပေးပါလိမ့်မည်။ 

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်