မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၄)

14/06/2022 14:30 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေကိုဘယ်လိုပုံစံတွေနဲ့ အကျိုးပြုသလဲ..

ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် မြေကျန်းမာရေးကောင်းစေသော အာဘာစကူလာ မိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်) မှို စီမံခန့်ခွဲရေးတွင် အရေးကြီးသည့် မှိုဖွံ့ဖြိုးမှု (ဇီဝဗဒ) အဆင့်ဆင့် (အပိုင်း - ၃)

အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုသည် ကုန်းတွင်းနေအပင် ၈၀% ၏ အမြစ်များတွင် စွဲကပ်ယှဉ်တွဲနေထိုင်ခြင်းအကျိုးပြုသဟဇီဝနဖြစ်စဉ် (Symbiosis)သည် သဘာဝ အလျောက် တွေ့ရှိရကြောင်းကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများ ကိုယ်တိုင် နားလည်ပြီး အသုံးချနိုင်စေရန် ဖေါ်ပြလိုပါသည်။

၃.၁ အပင်နှင့် အာဘာစကူးလာ မိုက်ကိုရိုက်ဇာ မှို၏ အကျိုးပြု သဟဇီဝနဖြစ်စဉ် (Symbiosis)  

ပုံ ၃.၁ သဟဇီဝနဖြစ်စဉ် (Duhamel 2013)

၃.၁ (က)အပင်နှင့် အာဘာစကူးလာ မိုက်ကိုရိုက်ဇာမှိုတို့၏ အပြန်အလှန် အကျိုးပြုသဟဇီဝနဖြစ်စဉ်သည် အပင်နှင့် မှိုတို့၏မင်နရယ်အာဟာရဓာတ်လဲလှယ်မှုဖြစ်သည်။

အာဟာရဓာတ်များသည် လက်ခံပင်မှ မှိုထဲသို့လည်းကောင်း (ကာဗွန်)၊ မြေထဲမှ အာဟာရဓာတ်များ (ဖော့စပရပ်၊ နိုက်ထရိုဂျင်) သည် မှို၏ အာဘာစကူးများကိုဖြတ်သန်းပြီး လက်ခံပင်သို့လည်းကောင်း  အပြန်အလှန်ရွှေ့ပြောင်းခြင်းအရ ဖြစ် သည်။ (Duhamel  2013)

ပုံ ၃.၂ အပင်နှင့် မှိုတို့၏ မင်နရယ်အာဟာရဓာတ်လဲလှယ်မှု (Duhamel  2013)

၃.၁ (ခ) ဘာ့ကြောင့် သဟဇီဝနဖြစ်စဉ်သည် မြေကျန်းမာရေးကိုကောင်းစေတာလဲ 

၁။ အေအမ်အက်ဖ်မှိုမှထုတ်သော ပြင်ပနေမှိုမျှင်သည် လက်ခံပင်မှ အာဟာရဓာတ်စုပ်ယူမှုအတွက် အဓိကဖြစ်သည်။ အေအမ်အက်ဖ်၏ အဓိကဆောင်ရွက်မှုမှာ သဟဇီဝနဖြစ်စဉ်ကာလတွင် အေအမ်အက်ဖ်မှိုမှထုတ်သော ပြင်ပနေ မှိုမျှင်သည်ဂလိုမာလင်း (Glomalin) ဟုခေါ်သည့် ဂလိုက်ကိုပရိုတင်း (Glycoproteins) တမျိုးထုတ်ပေးသည်။ 

ဂလိုမာလင်းသည်အပင်၏ အာဟာရဓာတ် စုပ်ယူမှုအတွက် မြေထုထည်ပွလာခြင်းနှင့် မြေဖျော်ရည်ထဲမှ အာဟာရဓာတ်များ စုပ်ယူခြင်း၏ အကျိုးသက်ရောက်မှု တိုးလားစေရန် ဖြစ်သည်။

၂။    ပြင်ပနေမှိုမျှင်သည်မြေလွှာမှ နိုက်ထရိုဂျင်၏ ရွေ့ရှားမှုကို တိုးစေသည်။ 

၃။    ပြင်ပနေမှိုမျှင်များများမှထုတ်သော ဂလိုမာလင်း (Glomalin) သည် မြေသားဖွဲ့စည်းမှုကောင်းစေသည့်များမှတဆင့် မြေသားကို တည်ငြိမ်မှု  ဖြစ်စေသည်။ 

၄။    ပြင်ပနေမှိုမျှင်သည်မြေနေသက်ရှိများနှင့်် မိုက်ကိုရိုက်ဇာဇုန်တွင် တုန့်ပြန်မှုများ ရှိသည်။ 

၅။    မြေနေအကျိုးပြု ဘက်တီးရီးယား  (N fixing bacteria or P solubilising bacteria) များနှင့်  အပင်ကြီးထွားမှု အတွက်အကျိုးပြုသည်။

၆။    သဟဇီဝနဖြစ်စဉ်သည် မြေထဲရှိ အပင်ရောဂါ ဖြစ်စေသက်ရှိများ နှင့် သတ္တု များ၏ အဆိပ်ဖြစ်မှုကို  လျော့နည်းစေသည်။

 

၃.၁ (ဂ) ဘာ့ကြောင့် သဟဇီဝနဖြစ်စဉ်သည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် သော့ချက်   (key   component) တခု ဖြစ်တာလဲ 

၁။   သဟဇီဝနဖြစ်စဉ်သည် ပြင်းထန်သောရာသီဥတုဒဏ်ခံနိုင်သည်။ အပင်ရောဂါကျမှုကို လျော့နည်းစေသည်။

၂။   သဟဇီဝနဖြစ်စဉ်သည်  အာဟာရဓာတ်သွင်းအားစု နည်းသော ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် ပိုအရေးကြီးသည်။ ၎င်းအခြေအနေတွင်ပြင်ပနေမှိုမျှင်သည် အာဟာရဓာတ်များရွေ့လျားမှု (Mobilization) အတွက် အရေးပါသည်။ 

ညံ့ဖျင်းသော မြေအခြေအနေကို ဖော့စဖရပ်နှင့် အခြားသော အများလိုနှင့် အနည်းလို ဒြပ်စင်များကို ညီမျှသော အာဟာရဓာတ်များရရှိအောင် ညှိပေးသည်။ သို့ဖြစ်၍ မြေဆီဓာတ်ညံ့သော မြေများတွင် အပင်မှ အဆိပ်သင့်ဓာတ်များကို ခံနိုင်စေရန် အေအမ်အက်ဖ်မှိုကို ထည့်သွင်းအသုံးပြုရန် အထူးလိုအပ်လာသည်။

၃။   ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် အေအမ်အက်ဖ်မှိုသုံးခြင်း၏ စိတ်ဝင်စားစရာကောင်းသော အချက်များမှာ

      (၁) အပင်ကျန်းမာရေးတိုးတက်လာခြင်း

      (၂) မြေဆီသြဇာတိုးတက်လာခြင်း

      (၃) မြေဖွဲ့စည်းမှု တည်ငြိမ်ခြင်းများ ဖြစ်သည်။ 

      အေအမ်အက်ဖ်မှိုသည် သဲမြေ၏မြေမှုန်စုစည်းမှုကို မြင့်မားစေကြောင်း တင်ပြခဲ့သည်။ မြေမှုန်စုစည်းစေရန် ဆောင်ရွက်ချက်သည် မြေ၏ရုပ်ဂုဏ်သတ္တိကို တိုးတက်စေသော အရေးကြီးသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းအပြင် အေအမ်အက်ဖ် မှိုမျှင်များ၏မြေကို တွယ်ကပ်နေစေခြင်းသည်လည်း မြေတွင်မြက်များ ပေါက်သကဲ့သို့ တူညီပြီး မြေဆီတိုက်စားမှုကို ထိန်းသိမ်းကာကွယ်သည်။

၄။ ၎င်းမှိုများသည် ဓာတ်မြေသြဇာများ သုံးစွဲမှုလျှော့ချထားပြီး သဟဇီဝနသက်ရှိများနှင့်ပူးတွဲသုံးပါက မြေတွင်းဇီဝသက်ရှိလှုပ်ရှားမှု (Biological activity)ကို တိုးစေသည်၊ ၎င်းမှတဆင့်အာဟာရဓာတ်သံသရာလည်မှု၊ မြေဆီသြဇာ၊ အမြစ်ဇုန်များရှိ သဟဇီဝနဖြစ်စဉ်များကိုလည်း ဆက်နွှယ်ကောင်းမွန်လာစေသည်။ 

၅။  သဟဇီဝနဖြစ်စဉ်ကောင်းစေရန် မြေထဲတွင် သဘာဝအလျောက်ရှိသော မိုက်ကိုရိုက်ဇာမှိုမျိုးကွဲများ (Native indigenous AMF)၊ ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းသော၊ ပတ်ဝန်းကျင်နှင့် သင့်မြတ်ဆီလျှော်သော မျိုးကွဲ (High compatitive strain) များနှင့် အကျိုးပြုစွမ်းအား မြင့်မားသော မှိုမျိုးကွဲ ( Effective  strain ) များကို အသုံးပြုရန်လိုအပ်သည်။ အေအမ်အက်ဖ်မှိုကို မုံညင်း၊ မုံလာမျိုးရင်းဝင်အပင်များမှလွဲ၍ ကုန်းနေ လက်ခံပင် ၈၀%တွင် သဘာဝအတိုင်း အမြစ်စွဲသည်ကို တွေ့ရပြီး အချို့သော သဘာဝ အလျောက်ရှိသည့် မိုက်ကိုရိုက်ဇာမှိုမျိုးကွဲများသည် အကျိုးပြုစွမ်းအား မြင့်မားသော မှိုမျိုးများဖြစ်ကြသဖြင့် ၎င်းမှိုမျိုးကွဲများကိုလည်း မှိုမျိုးစအဖြစ် ရေရှည် တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် အသုံးပြုနိုင်သည်။ 

၆။  အေအမ်မှိုမျိုးကွဲများ၏ ဂေဟစနစ်အတွက် ဆက်နွှယ်မှု လုပ်ငန်းများ ( AM fungal biodiversity–ecosystem function relationships) သည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးရှုထောင့်အတွက် အရေးကြီးသည့် သော့ချက် ဖြစ်လာသည်။ (Powell and Rillig 2018) 

တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများသည် အထက်ဖေါ်ပြပါ မြေ၊ အပင်နှင့် အေအမ်အက်ဖ်မှို၏ သဘာဝအကျိုးပြု သဟဇီဝနဖြစ်စဉ်၏ အနေအထားကို နားလည်ပြီး သဘာဝအတိုင်းအကျိုးပြုနေသော နည်းပညာကို လွယ်ကူစွာ အသုံးချနိုင်ရန်လိုအပ်ပါသည်။

ကိုးကား 

၁။  မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

2/ Begum N, Qin C, Ahanger MA, Raza S, Khan MI, Ashraf M, Ahmed N and Zhang L (2019) Role of Arbuscular Mycorrhizal Fungi in Plant Growth Regulation: Implications in Abiotic Stress Tolerance. Front. Plant Sci. 10:1068(2019). doi: 10.3389/fpls.2019.01068

3/ Duhamel M. Evolution of the cooperation and consequences of a decrease in plant diversity on the root symbiont diversity.Thesis, Research Gate (2013).

4/ Rodrigues K. M. and Rodrigues B. F. Arbuscular mycorrhizal  (AM) fungi for sustainable agriculture. Advances in Plant Sciences for sustainable Rural Development. Ed. By: N.M. Ghangaonkar. C.T. Bora College, Shirur: 2014; 8-21.

5/ Powell J R. and Rillig MC. Biodiversity of arbuscular mycorrhizal fungi and ecosystem function. New Phytologist TrustNew Phytologist(2018)220 (4):1059–1075. https://doi.org/10.1111/nph.15119

6/  Smith, S. E., and Read, D. J. (2008). Mycorrhizal symbiosis. 3rd ed. San Diego,

         CA: Academic Press(2008).

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်