မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၈)

13/07/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

ဇီဝမြေသြဇာထုတ်ရန် အရေးကြီးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစ အပိုင်း ()

Glomus spp ၏ ဂေဟစနစ်ဆိုင်ရာ တာဝန်များကွင်းဆက် (Parihar 2020)

 

သီးနှံပင်စိုက်ပျိုးရာတွင်မျိုးကောင်းမျိုးသန့်ရရှိရေးသည်အရေးကြီးသကဲ့သို့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကို အသုံးပြုပါကလည်း မှိုမျိုးကောင်းမျိုးစေ့များသည် အရေးကြီးသည်။ 

 

မြန်မာနိုင်ငံသုတေသနများတွင် အသုံးပြုလျက်ရှိသော အကျိုးပြုမှုကောင်းသော မှိုမျိုးကောင်းမျိုးစေ့များအကြောင်းကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများ ကိုယ်တိုင်နားလည်စေရန် ဆက်လက်ဖော်ပြလိုပါသည်။

 

ဘယ်လို အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွဲများကို ကွဲပြားသောဂေဟစနစ်အလိုက် သဘာဝအလျောက်  တွေ့ရသလဲ..?

 

 အပိုင်း ၃.  အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွဲများ

       

အေအမ်အက်ဖ်မှို၏ ရုပ်သွင်ပြင်၊ ကြီးထွားပုံနှင့် တချို့သောဆေးဘက်ဝင်အပင်များတွင်စွဲကပ်တည်ရှိမှု သုတေသနကို မြ နှင့်အဖွဲ့က ၂၀ဝ၇ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပါသည်။ 

တွေ့ရှိချက်အရ အမြစ်အတွင်းရှိ အေအမ်အက်ဖ်မှိုများ၏ လက်ခံပင်အလိုက် စွဲကပ်ပုံသွင်ပြင်နှင့် ကြီးထွားမှုများသည် ဒေသအလိုက် လက်ခံပင်အလိုက် ကွဲပြားပါသည်။ 

လေ့လာခဲ့သော လက်ခံပင်များ၏ ၉၀ ရာခိုင်နှုန်းမှာ အေအမ်အက်ဖ်မျိုးရင်း ၃ မျိုး ( Acaulospora, Glomus  နှင့် Scutellospora) တို့ အမြစ်စွဲသည်ကို တွေ့ ရသည်။   

 

၄င်းတို့အထဲမှ Glomus မျိုးစုသည် တခြားသောမျိုးစုများထက် ပိုမိုတွေ့ရှိရသည်။ အမြစ်စွဲမှုရာခိုင်နှုန်း၊ အမြစ်စွဲမှုပုံစံနှင့် အေအမ်အက်ဖ်မှိုတို့သည် နေရာဒေသအမျိုးမျိုးမှ လက်ခံပင်အမျိုးမျိုးပေါ်မူတည်၍ ကွဲပြားခြားနားသည်ကို တွေ့ရပါသည်။ 

 

မတူကွဲပြားသော ဂေဟစနစ်အလိုက် မတူကွဲပြားသောအေအမ်အက်ဖ်မှိုများ (Functional diversity) ၏ သဘာဝကို သြဂဲနစ်လယ်ယာစိုက်ပျိုးရေးစနစ်တွင် အခြေခံအဖြစ် အသုံးပြုနိုင်သည်။ အကြောင်ရင်းမှာ Glomus  မှိုမျိုးစိတ် ( Glomus intraradices အပါအဝင်) Glomus  မှိုမျိုးစိတ်များစွာသည် -

၁။  စပိုးထုတ်များသည် (ပုံ ၃.၁ က)

၂။ နားနေစပိုးများစွာကို အမြစ်ထဲနှင့် အမြစ်ပြင်ပ၊ အမြစ်ဇုန်များတွင်ထုတ်သည် (ပုံ ၃.၁ ခ)  

၃။  နားနေစပိုးများကို မှိုမှအမြစ်ထဲသို့ ထိုးဖောက်ဝင်ရောက်စွဲကပ်ပြီး ၃-၄ ပတ်တွင် စတင်ထုတ်လုပ်သည်။ ဇီဝဖြစ်စဉ်လည်ပတ်မှု တိုတောင်းသည်။ 

၄။ Glomus မှိုမျိုးစိတ်အချို့၏ အမျိုးအစားခွဲခြားမှုဆိုင်ရာ လက္ခဏာများမှာ အစာစုအင်္ဂါနှင့် လိင်မဲ့စပိုးကို အမြစ်ထဲတွင်ဖြစ်ပေါ်ပြီး လိင်မဲ့စပိုးများသည် substanding hyphae မှ ဖြစ်ပေါ်သည်၊ ဆဲလ်နံရံထူသည်။

၅။ ရာသီကြမ်းကိုခံနိုင်သည်။ အပူပိုင်းဒေသတွင်ရပ်တည်မှု (stablity) ကောင်းသည်။ ၎င်းအပြင် မြေထဲတွင် သဘာဝမိုက်ကိုရိုက်ဇာမှိုမျိုးများနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား ကောင်းသည်။ 

၆။  အကျိုးပြုစွမ်းအားမြင့်မားသောမှိုမျိုးဖြစ်သည် (မြ ၂၀၁၆)

၇။  မွေးမြူထားသော မှိုမျိုးစများပါသည့် မြေစေးပါဝင်မှုနည်းသော ကျယ်ပြန့်မြေစေး (သို့ ) မိုက်ကိုရိုက်ဇာမှိုမျိုးစ စွဲကပ်နေသောမီဒီယာကို ပတ်ဝန်းကျင်အခြေအနေ (သို့မဟုတ်) အပူချိန် 25–30oC  တွင် အခြောက်ခံပါ။ 

၈။  ၎င်းတို့ကို မှိုစွဲကပ်နိုင်မှုပမာဏ (infectiveness) လျော့နည်းမှု မရှိစေပဲ အနည်းဆုံး ၅ နှစ် သိုလှောင်နိုင်သည်ဟု ( Dehne and Backhaus 1986 ) က ဆိုသည်။ မြန်မာနိုင်ငံတွင် အေအမ်အက်ဖ်မှို သုတေသနများစွာလုပ်ခဲ့ရာတွင် ၂ နှစ်တကြိမ် (သို့) ၁နှစ်တကြိမ် ဇာမဏီ၊ ဖော့ပင် (Chromolina odorata) နှင့် ပြန်ပွားပြီးသုံးခဲ့သည်။ မှိုစွဲကပ်နိုင်မှုပမာဏ (infectiveness)  လျော့နည်းမှုမရှိစေပဲ အနည်းဆုံး ၅ နှစ် သိုလှောင်နိုင်ခဲ့သည် ( မြ ၂၀၁၆ )

 

ပုံ .(က)  Glomus  မှိုမျိုးစိတ်များသည် အမြစ်ထဲနှင့် အမြစ်ပြင်ပ၊ အမြစ်ဇုန်များတွင် နားနေစပိုးများစွာကို ထုတ်သည်။ စပိုးထုတ်မြန်သည်၊ များပြားသည်။

 

 

ပုံ ၃.၁ ()  Glomus မှိုမျိုးစိတ်အချို့ နားနေစပိုးများစွာကို အမြစ်ထဲတွင်ထုတ်သည်၊ ဆဲလ်နံရံထူသည်။

 

.၂ အထက်ဖေါ်ပြပါ အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစိတ်များသည် အကျိုးပြုစွမ်းအားမြင့်မားသည့်မှိုမျိုး မျိုးစိတ်များ (မြ၂၀၁၆) ဖြစ်သည်။ ၎င်းတို့ကို ရေရှည်တည်တံ့သောစိုက်ပျိုးရေး ဂေဟစနစ်တိုးတက်ရေးဆိုင်ရာ လုပ်ဆောင်မှုကောင်းသော မျိုးများအဖြစ်သုံးကြသည်။ စီးပွားဖြစ်ထုတ်ကုန်များအဖြစ်ရနိုင်သော အေအမ်အက်ဖ်မှိုမျိုးစ (commercially available AM fungal products) များကို ဘိုင်အိုချာနှင့် ပူးတွဲပြီး အပင်ကြီးထွားမှုတိုးစေခြင်းနှင့် physiological soil enzymatic activity အကျိုးပြုမှုအမျိုးမျိုးအတွက် အသုံးပြုနိုင်သည်။

 

ဘိုင်အိုချာနှင့် စီးပွားဖြစ်ထုတ်သော အေအမ်အက်ဖ်မှိုတို့၏ ပူးတွဲအကျိုးပြုမှု (Jabborova et al 2021)

 

ပုံ ၃.၂ ဘိုင်အိုချာနှင့် စီးပွားဖြစ်ထုတ်သော အေအမ်အက်ဖ်မှိုတို့ ပူးတွဲသုံးပါက အပင်ကြီးထွားမှုတိုးစေခြင်း၊ မြေကြီးအရည်အသွေး အကျိုးပြုမှု တွေ့သည်။

Figure 3.2. Action mechanism for the combined effect of biochar and commercially available AMF for the improvement of plant growth and physiological soil enzymatic activity  (Jabborova et al 2021)

 

  

၂၁ ရာစုနှစ် လက်တွေ့အသုံးချပိုင်းနှင့် ဇီဝမြေသြဇာထုတ်လုပ်ရေးအတွက် အထောက်အကူပြုတွေ့ရှိချက်များ

 

၁။ ကွဲပြားသောဂေဟစနစ်အလိုက် တွေ့ရသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုများကွဲပြားသော်လည်း Glomus မှိုမျိုးစု၏ အားသာချက်များကြောင့် ဈေးကွက်ဝင်မှိုမျိုးများ ဖြစ်လာသည်။ 

၂။  မြန်မာနိုင်ငံသုတေသနများတွင် အသုံးပြုခဲ့သော အကျိုးပြုမှုကောင်းသော အေအမ်အက်ဖ်မှိုများအနက် စီးပွားဖြစ်ထုတ်သော အေအမ်အက်ဖ်မှိုတမျိုးဖြစ်သည့် Glomus intraradices သည် ဘိုင်အိုချာနှင့် ပူးတွဲသုံးပါက..

  •   .၁။ အပင်ကြီးထွားမှုတိုးစေခြင်း (Enhance growth) အကျိုးပြုမှုတွေ့သည် (ပုံ ၃.) (Jabborova et al 2021)
  •   .၂။ မြေကြီးအရည်အသွေး Pysiological soil enzymatic activities  တိုးတက်စေသည် ( Gujre et al 2021)

 

ကိုးကား

၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

၂။ Gujre N. Soni A. Rangan L. Tsang D. Mitra S. Sustainable improvement of soil health utilizing biochar and arbuscular mycorrhizal fungi: A review. Environmental Pollution Volume 268, Part B, 1 January 2021. https://doi.org/10.1016/j.envpol.2020.115549

၃။ Jabborova, D.; Annapurna, K.; Paul, S.; Kumar, S.; Saad, H.A.; Desouky, S.; Ibrahim, M.F.M.; Elkelish, A. Beneficial Features of Biochar and Arbuscular Mycorrhiza for Improving Spinach Plant Growth, Root Morphological Traits, Physiological Properties, and Soil Enzymatic Activities. J. Fungi 2021, 7, 571. https://doi.org/10.3390/ jof7070571

၄။ Parihar M.et al. Arbuscular Mycorrhizal Fungi: Abundance, Interaction with Plants and Potential Biological Applications. In book: Advances in Plant Microbiome and Sustainable Agriculture, Microorganisms for Sustainability 19, (pp.39) 202. Publisher: Springer Nature Singapore Pte Ltd.

                                                                                        

 

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်