အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(အပိုင်း-၁၀)
အခန်း (၆) အစားအသောက်သိပ္ပံနှင့်နည်းပညာ
Chapter (6) Food Science and Technology
အစားအသောက်သိပ္ပံနှင့် နည်းပညာသည် လူသားအားလုံး ကျန်းမာကြံခိုင်ရေးအတွက် နေ့စဉ် လိုအပ်လျက်ရှိသော ဘာသာရပ်ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း ယနေ့စားသောက်ဆိုင်များ၊ ကုန်တိုက်ကြီးများတွင် ကျန်းမာရေးနှင့် အာဟာရပြည့်ဝရေးအတွက် ဝယ်ယူ နေရသော နွားနို့(Milk)၊ သစ်သီးဖျော်ရည်( Fruit Juices)၊ နို့မှုန့်၊ ဒိန်ခဲ (Cheese)၊ ထောပတ် (Butter) စသည်တို့မှာ ဖွံ့ဖြိုးပြီးနိုင်ငံများထက်ပင် ဈေးနှုန်းကြီးမားလျက်ရှိပါသည်။ ထိုသို့ဖြစ်ရသည်မှာ အဓိက စားသောက်ကုန် ထုတ်လုပ်ရာတွင်မဟုတ်ဘဲ ကျန်းမာရေးနှင့်ညီသော စနစ်တကျ ထုတ်ပိုးမှုနည်းပညာ (Packaging Technology) မကျွမ်းကျင်ခြင်းနှင့် နည်းပညာရှိသော်လည်း ထုတ်လုပ်မှုစရိတ် ကြီးမားလွန်း နေခြင်းတို့ကို တွေ့ရှိရပါသည်။
ဥပမာ- ကလေးများ၊ ကျောင်းသား/သူများ အင်အားရှိစေရန်နှင့် ပရိုတင်းဓါတ် ကြွယ်ဝစေရန်အတွက် နွားနို့သောက်ရန် လိုအပ်သည်မှာ လူတိုင်းသိပါသည်။ နွားနို့ကို ကျိုချက်ခြင်း (သို့မဟုတ်) ပိုးသတ်နို့ရည် (Pasteurized Milk) မှာ နိုင်ငံတိုင်းတွင် ဈေးချိုစွာနှင့်ရနိုင်သော်လည်း ကျွန်တော်တို့နိုင်ငံတွင်မူ ပိုးသတ်ရန် စက်ရုံ၊ လျှပ်စစ်ဓါတ်အားကုန်ကျမှု စသည်ဖြင့် ထုတ်လုပ်မှု ကုန်ကျ စရိတ်သည် နွားနို့ တစ်လီတာဖိုးထက်မက ကုန်ကျသွားပါသည်။ ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံ အတော်များများသည် ပရိုတင်းအစားထိုး ပဲပုတ်နို့ရည် (Soybean milk) ထုတ်ပြီး ပြည်တွင်း၌ သောက်သုံးရုံသာမက နိုင်ငံတကာသို့ ရောင်းချခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေ (FE) များစွာ ရရှိစေပါသည်။ ကျွန်တော်တို့နိုင်ငံရှိ ကုန်တိုက်ကြီးများတွင် ထိုင်းနိုင်ငံက တင်သွင်းလာသော ပဲနို့ရည်များကို ဈေးကြီး ပေး၍ ဝယ်ယူနေရသည်ကို မြင်တွေ့နိုင်ပါသည်။
ပဲပုတ်(Soybean) သည် ကျွန်တော်တို့နိုင်ငံတွင် နေရာများစွာ၌ စိုက်ပျိုးနိုင်ပြီး ပဲပုတ်နို့ရည် (Soybean Milk)၊ ပဲပုတ်ဟင်းချက်ဆီ (Cooking Oil) ထိုမှတဆင့် တိရစ္ဆာန်အစာ (Animal Feeds) များစွာ ထုတ်လုပ်နိုင်စွမ်းရှိပါသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများက အဆိုပါကိစ္စရပ်များကို မြေတောင် မြှောက်အားပေးကာ အနာဂတ် ဉာဏ်ရည်ပြည့်ဝသော လူငယ်များ၊ လူချွန်လူကောင်းများ ပေါ်ထွက်လာ စေရန်၊ စားသုံးနိုင်ရန်အတွက် ဦးစားပေးလုပ်ဆောင်မည်ဆိုပါက ‘ယခုလူငယ်၊ နောင်တွင် လူကြီး’ ဖြစ်မည့် နိုင်ငံ့ခေါင်းဆောင်ကောင်းများအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်သွားနိုင်ပါသည်။ ထိုသို့ နည်းပညာများနှင့်အတူ သုတေသနပြုလုပ်နိုင်ရန်မှာ တက္ကသိုလ်နှင့် သုတေသနဌာနများကသာ အစပြုသင့်ပါသည်။
အစားအသောက်သိပ္ပံနှင့် နည်းပညာ အထူးပြုဘွဲ့ကြိုသင်တန်း (B.Agr.Sc. Food Science and Technology) ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစတင်၍ သင်တန်း အသစ်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့်အတွက် မကြာမီ အစားအသောက်သိပ္ပံနှင့် နည်းပညာဘွဲ့ရများ ပေါ်ထွက် လာပါတော့မည်။ ရန်ကုန်နည်းပညာတက္ကသိုလ် (Yangon Technological University – YTU) တွင်လည်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ်ကစတင်၍ အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာပညာ (Food Engineering) ဘွဲ့ကြိုသင်တန်းများ စတင်ဖွင့်လှစ်နေပါပြီ။
ဘွဲ့ကြိုပြီးမှ ဘွဲ့လွန် (မဟာသိပ္ပံ၊ ပါရဂူ) သင်တန်းများ ပြုလုပ်လျှင် အသုံးချ သုတေသနများ (Applied Reaearch) ပါဝင်လာနိုင်ပါသည်။ အစားအသောက်သိပ္ပံနှင့် ပတ်သက်၍ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်သော အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်တက္ကသိုလ် (Iowa State University) ၏ ဘွဲ့ကြိုသင်ကြားမှုများကို လေ့လာကြည့်မည်ဆိုလျှင် ဘွဲ့ရရှိရန် သင်ရိုးနာရီ (Credit Hours) ၁၂၀- ယူနစ် ရရှိရန်အတွက်-
(က) ပထမနှစ်၌ မယူမနေရ ဘာသာများဖြစ်သော ကျိုးကြောင်းဆင်ခြင်မှုနှင့် ဆက်ဆံပြောဆို ခြင်း (Critical Thinking and Communication)၊ အီလက်ထရွန်နစ်နည်းပညာ၊ စာရေးသားမှု၊ ပြောဆိုမှု၊ ဆက်သွယ်နိုင်စွမ်းရည်နှင့် စာစီစာကုံး (Written, Oral, Visual and Electronic Composition)၊ သတင်းအချက်အလက်ပညာရပ်တတ်ကျွမ်းမှု (Information Literacy)၊ လူအများရှေ့ စကားပြောဆိုနည်းအခြေခံ (Fundamentals of Public Speaking) တို့မှ သင်ရိုးနာရီ (၁၀) ယူနစ်
(ခ) လူမှုရေးသိပ္ပံ ဘာသာတွဲမှ စီးပွားရေးအခြေခံနှင့်လူမှုရေးပညာ (၆-၁၂) ယူနစ် (ရွေးချယ်ယူနိုင်ပါသည်)
(ဂ) ကိုယ်ကျင့်တရား (Ethics) ဘာသာတွဲမှ ကမ္ဘာ့အစားအစာဆိုင်ရာကျင့်ထုံးများ (၃) ယူနစ်
(ဃ) သင်္ချာနှင့် အတွက်အချက်ဘာသာတွဲမှ ကယ်ကုလတ် (Calculus)၊ စာရင်းအင်းပညာ (Statistics) တို့မှ (၄) ယူနစ်
(င) အထွေထွေသိပ္ပံဘာသာတွဲမှ ဓါတုဗေဒ၊ ဓါတ်ခွဲခန်းပညာ၊ ဩဂဲနစ်ဓါတုဗေဒ စသည်တို့မှ (၁၇-၁၉) ယူနစ်
(စ) ဇီဝသိပ္ပံဘာသာတွဲမှ ဇီဝဓါတုဗေဒ၊ အခြေခံဇီဝဗေဒ၊ အဏုဇီဝဗေဒ၊ အဏုဇီဝ သက်ရှိများ အကြောင်း၊ ဓါတ်ခွဲခန်းပညာ စသည်ဖြင့် (၁၀-၁၁) သင်ရိုးနာရီယူနစ်
(ဆ) အစားအသောက်သိပ္ပံပညာနှင့် လူသားအတွက် (Food Science and Human Nutrition) မှ အစားအသောက်နှင့် စားသုံးသူများ၊ ပညာပေးရေး၊ အခြေခံ လူမှုအာဟာရဗေဒပညာ၊ အစားအသောက်ဆိုင်ရာ လက်ငင်းပြဿနာများ၊ အစားအသောက်များပြုပြင်ထုတ်လုပ်ပုံ (Food Processing) အစားအသောက်အရည်အသွေး ထိန်းချုပ်စီမံခန့်ခွဲမှု (Food Processing and Food Quality Management Food Quality Control) အစားအသောက်ဓါတုဗေဒ (Food Chemistry) စာတွေ့နှင့် ဓါတ်ခွဲခန်းပညာ၊ အစားအသောက်ချက်ပြုတ်နည်းများ၊ အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာပညာ၊ အစားအသောက်ဆိုင်ရာ ဥပဒေ (Food Laws and Regulation)၊ အစားအသောက်အရည်အသွေးများကို အကဲဖြတ်စစ်ဆေးခြင်း (Sensory Evaluation of Food)၊ အစားအသောက်ဆိုင်ရာ အဏုဇီဝကမ္မဗေဒ (Food Microbiology)၊ အစားအသောက်များသရုပ်ခွဲလေ့လာခြင်း (Food Analysis)၊ အစား အသောက်ထဲတွင် ပါဝင်သောအရာများ အပြန်အလှန် အကျိုးပြုခြင်းနှင့် ဖော်မြူလာများ ဖော်ထုတ်ပေးခြင်း (Food Ingredient Interactions and Formulations)၊ အစားအစာ ထုတ်လုပ်ခြင်း တိုးတက်မှု (Food Product Development)၊ အစားအသောက် ပြုပြင် ထုတ်လုပ်ခြင်း (Food Processing)စသည့် များပြားလှသော ဘာသာရပ်များမှ (၄၉-သင်ရိုးနာရီယူနစ်) ရွေးချယ်သင်ယူနိုင်ပါသည်။
တက္ကသိုလ်သည် ဘာသာရပ်ပေါင်းစုံ သင်ကြားပေးသည့် တက္ကသိုလ်ဖြစ်၍ တက္ကသိုလ်အတွင်းရှိ အခြားကောလိပ်၊ သိပ္ပံမဟာဌာနများမှ ဘာသာတစ်ချို့ကို သင်ရိုးနာရီ (၆)နာရီအထိ အထောက်အကူပြု ဘာသာသင်ယူရပါသည်။ ဥပမာ-စီးပွားရေးဆိုင်ရာစာရင်းကိုင်ပညာ၊ စွန့်ဦးတီထွင်ထုတ်လုပ်ခြင်း အသား၊ ငါး အစိမ်းများ၊ သဘာဝပတ်ဝန်းကျင်သိပ္ပံပညာ၊ စိုက်ပျိုးရေးဆိုင်ရာရောင်းဝယ်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒ၊ အမေရိကန်နိုင်ငံ၏ အစားအသောက်စနစ်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးရေးပညာ၊ လယ်ယာသီးနှံစိုက်ပျိုးရေးပညာ၊ ကမ္ဘာ့ဈေးကွက် စီးပွားရေး စသည့် ဘာသာရပ်များမှ စိတ်ကြိုက်ဘာသာရပ် (၂)ဘာသာအထိ တွဲဖက်ယူရပါသည်။
ကမ္ဘာ့တက္ကသိုလ်များ၏ သင်ကြားရေးစနစ်မှာ ဘာသာရပ်ပေါင်းစုံသင်ကြားပေးသည့်စနစ် (Comprehensive University System) ဖြစ်ရာ အိုင်အိုဝါပြည်နယ် တက္ကသိုလ်တွင် အစားအသောက် သိပ္ပံ ဘာသာရပ်သာမက စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသားငါးနို့ထုတ်လုပ်ရေး၊ အင်ဂျင်နီယာ၊ ဇီဝ ဆေးပညာ၊ စီးပွားရေး၊ ပညာရေးစသည်ဖြင့် စုံလင်လှပေရာ မြန်မာနိုင်ငံတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် (Autonomous University) ဖြစ်မြောက်ရေး ဆောင်ရွက်နေမှုများ ရှိနေပြီဖြစ်၍ နိုင်ငံတော် အတွက် လိုအပ်လျက်ရှိသော အစားအသောက်သိပ္ပံနှင့် နည်းပညာ၊ အစားအသောက် အင်ဂျင်နီယာ ဘာသာရပ်များကို တက္ကသိုလ်များတွင် သင်ယူနိုင်ခွင့် ရှိတော့မည်ဖြစ်ပါသည်။
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ
Oakkar • ဖြေကြားချက် 2 ခု
အပင်ဝါပြီးအမြစ်ကလည်းနီနေတာ/အမြစ်အားလည်းနည်းနေတာ/မိုင်ဇင်းပါတယ့်မှိုသတ်ဆေးတော့ဖြန်းထားတယ်တစ်ကြိမ်နှစ်ရက်ရှိပြီဖြန်းပြီးတာ/တစ်ခြားဘာလိုအပ်သေးလဲဖြေပေးကြပါဦးဆရာကြီးများ
Zaw Than Oo • ဖြေကြားချက် 2 ခု
ဒါက မြစ်ပိုးလား ရောဂါလားဗျာ ဘာလုပ်ရင် ကောင်းမလဲ ဖြေပေးကြပါအုံး😢😢😢
Nyi Nyi Aung • ဖြေကြားချက် 3 ခု
ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ
Sai Kham • ဖြေကြားချက် 0 ခု
ကော်ဖီစိုက်က ပင်လယ်ရေမျက် ဘယ်လောက်ရှိမှ စိုက်လို့ကောင်တာလဲ
khunloonkyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026