အခြေခံစိုက်ပျိုးရေးပညာ အပိုင်း(၁၄) ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာပေးရေး ပညာ
အခန်း (၁၁)စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာပေးရေးပညာ
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာပေးရေးဆိုသည်မှာ သိပ္ပံနည်းကျ သုတေသနတွေ့ရှိချက်များနှင့် ဗဟုသုတအသစ် (New Knowledge) များကို လက်တွေ့လုပ်ကိုင်နေသော စိုက်ပျိုး၊ မွေးမြူရေး တောင်သူများ လက်တွေ့လိုက်နာကျင့်သုံးပေးခြင်းဖြင့် သီနှံဆိုလျှင်လည်း အရည်အသွေးကောင်းသီးနှံ အထွက်နှုန်းများလာစေခြင်း၊ မွေးမြူရေးဆိုလျှင် ကြက်ဥကြီးကြီး၊ များများစားစားဥနိုင်ခြင်း၊ နို့စားနွားမှ နေ့စဉ်နို့ထွက်ကောင်းလာကာ နောက်ဆုံး တောင်သူဝင်ငွေ များများရနိုင်အောင် ပြုလုပ်ပေးနိုင်သော နည်းစနစ်များကို ခေါ်ပါသည်။
စိုက်ပျိုးမွေးမြူရေးတွက် အဓိကအချက် သို့မဟုတ် ထောက်တိုင် သို့မဟုတ် သုံးပွင်ဆိုင် သုံးခုရှိပါသည်။
(၁) သင်ကြားရေး၊ ပညာရေး (Teaching Education)
(၂) သုတေသန (Research)
(၃) တိုးချဲ့ပညာပေးခြင်း (Extension and Education)
ယင်းအချက်သုံးချက်မှ တစ်ခုနှင့်တစ်ခု ကွင်းဆက်သဖွယ် ချိတ်ဆက်နေပြီး သုံးခုစလုံး အပေးအယူ မျှနေမှသာ တိုးတက်နိုင်ပါသည်။ Extension ၏အဓိပ္ပါယ်မှာ ဆက်သွယ်ရေးနည်းပညာ (Communication) နှင့် လက်တွေ့ကျကျလေ့လာသင်ယူမှု လုပ်ငန်းများ (Learning Activities) ကို ကျေးလက်နေ ပြည်သူများ (Rural People) က လိုက်နာကျင့်သုံးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးအောင် ပြုလုပ်သည့် သိပ္ပံနည်းကျ နည်းစနစ်များ ဖြစ်ပါသည်။
ကမ္ဘာ့စိုက်ပျိုးရေးတွင် ထိပ်ဆုံးက ရောက်နေသော အမေရိကန်နိုင်ငံ၏သမိုင်းကို ပြန်ကြည့်လျှင် လွန်ခဲ့ သော နှစ်ပေါင်း ၁၇၀ လောက်က အမေရိကန်လူဦးရေ စုစုပေါင်း၏ ၇၅% က စိုက်ပျိုးမွေးမြူရေးကို အလုပ်အကိုင်အတွက်ရော၊ မိမိလိုအပ်ချက်အတွက်ပါ မှီခိုခဲ့ရပါသည်။ ယနေ့ကျွန်တော်တို့နိုင်ငံ အခြေ အနေအတိုင်းဖြစ်ခဲ့သည်။ ၁၉၁၀ မှ ၁၉၅၅ ခုနှစ်အထိ တစ်နိုင်ငံလုံးရှိ လယ်ထွန်စက် (Tractor) ပေါင်း ၁၀၀၀ မှ ၄.၄ သန်းအထိ နှစ် ၄၀ အတွင်း တိုးတက်လာခဲ့ပါသည်။ ၁၉၇၀ ခုနှစ်မှာ အမေရိကန်ရှိ တောင်သူတိုင်း မိမိအိမ်မှာ လျှပ်စစ်ဓာတ်ရရှိလာပြီးနောက် မော်တော်ကား၊ ရေခဲသေတ္တာ၊ တယ်လီဖုန်း၊ TV များပိုင်ဆိုင်လာပါသည်။ အမေရိကန်တောင်သူတစ်ဦး၏ ပျမ်းမျှ မြေယာပိုင်ဆိုင်မှုမှာ ဧက ၅၀၀ ရှိပါသည်။ အနည်းဆုံး တောင်သူပိုင်ဆိုင်မှုမှာ ဧက ၂၀၀ မှ အများဆုံး ဧက ၂၀၀၀ အထိ ပိုင်ဆိုင်ပါသည်။ တောင်သူအများစုမှာ လယ်ကွင်းထဲမှာပင် နေထိုင်ကြပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံရှိ တောင်သူပိုင်ဆိုင်မှု ၂ ဧကမှ ၅ ဧကအတွင်းနှင့် နှိုင်းယှဉ်ကြည့်ရှုနိုင်ပါသည်။
အမေရိကန်နိုင်ငံတွင် ၁၈၆၂ ခုနှစ်ကတည်းက မော်ရယ်အက်ဥပဒေ (Morrill Act) အရ ပြည်နယ်တစ်ခုတွင် တက္ကသိုလ်တစ်ခုကို မြေငှားရမ်းပေးသည့်စနစ် (Land Grant System) တည်ထောင်ခွင့်ပြုပြီး ပြည်နယ်စိုက်ပျိုးမွေးမြူရေးကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်စေသောစနစ်ကို ကျင့်သုံးခဲ့ပါသည်။ ၁၉၁၄ ခုနှစ်မှစပြီး တက္ကသိုလ်များတွင် သမဝါယမပညာပေးစနစ် (Co-operative Extension Service) ကျင့်သုံးလာပြီး ယင်းစနစ်သည် အစိုးရ၊ တက္ကသိုလ်နှင့် တောင်သူလယ်သမားများ စုပေါင်း အောင်မြင်အောင် ပြုလုပ်သည့် နည်းစနစ်ဖြစ်ပါသည်။ အခြားအဖွဲ့အစည်းများဖြစ်သည့် ပုဂ္ဂလိက ကုမ္ပဏီများ၊ သုတေသနအဖွဲ့အစည်းများ၊ တောင်သူအဖွဲ့အစည်းများ၊ မျိုးစေ့ထုတ်လုပ်သူများ၊ စက်မှုလယ်ယာ အဖွဲ့များ၊ ကုန်သည်ပွဲစားများ တညီတညွတ်တည်း ဆောင်ရွက်ကြသဖြင့် အလွန်အောင်မြင်လှသည်။
အမေရိကန် ဖက်ဒရယ်စိုက်ပျိုးရေးဦးစီးဌာန (US Department of Agriculture) အောက်တွင်ရှိ သော ပြည်နယ်အစိုးရ၏ သမဝါယမ၊ ပညာရေး၊ သုတေသန၊ တိုးချဲ့ပညာရေးဌာနများက (Co-operative State Research, Education and Extension Service (CSREES)က စနစ်တကျ လုပ်ဆောင်ပါသည်။ ၂၀၀၉ ခုနှစ်တွင် (CSREES) ကို အမျိုးသားအစားအစာနှင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံဌာန (National Institute of Food and Agriculture NIFA) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ဤစနစ်သည် ကျေးလက်နေ ပြည်သူများ၊ တောင်သူများကို တက္ကသိုလ်၊ ကျောင်းများတွင် ပုံစံတကျသင်သည့် ပုံစံမဟုတ်ဘဲ သစ်ပင်အောက်၊ တယ်လီဖုန်း၊ TV၊ လက်ကမ်းစာစောင်၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် အုပ်စုလိုက် ဆွေးနွေးပွဲများစွာ ပြုလုပ်သော (Non-formal Education Program)တစ်ခု ဖြစ်ပါသည်။ ၁၀ နှစ်မှ ၂၀ နှစ် အတွင်းရှိ လူငယ်များအတွက် ဖွဲ့စည်းပေးထားသော 4-H (Head, Heart, Hands and Health) ခေါင်းဆောင်မှု၊ နှလုံးရည်၊ လက်ကမ်းကူညီမှုနှင့် ကျန်းမာရေး အသင်းမှလည်း တစ်တပ်တစ်အား ပါဝင်နေပါသည်။
ကျွန်တော်တို့ ၁၉၈၆ ခုနှစ် ဩစတြေးလျနိုင်ငံတွင် မဟာစိုက်ပျိုးရေးသိပ္ပံသင်တန်း တက်ရောက် စဉ်က တောင်သူပညာပေးလုပ်ငန်းများကို တောင်သူဆီအရောက် ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ရပါသည်။ သူတို့နိုင်ငံက တိုးချဲ့ပညာပေးရေးရုံး (Agricultural Extension Office) မှာ မြို့နယ်တစ်ခု၊ ကျေးရွာအုပ်စု တစ်ခုတွင် (County or Village Tract) တစ်ရုံးသာလျှင်ရှိပါသည် (One-stop Service)။
စိုက်ပျိုးရေးပညာရှင်ဖြစ်စေ၊ မွေးမြူရေးပညာရှင်ဖြစ်စေ၊ စက်မှုလယ်ယာ၊ ဆည်မြောင်းပညာရှင် ဖြစ်စေ ကြီးကြပ်သူခေါင်းဆောင်တစ်ဦးက ဦးဆောင်ပြီး တစ်ရုံးတည်းတွင် ဘာသာရပ်ပေါင်းစုံ စုစည်းထားသဖြင့် အလွန်ပင် အကျိုးရှိသော စိုက်ပျိုးမွေးမြူရေးရုံးဖြစ်ပါသည်။ ဤရုံးသို့ ဖုန်းဆက်၍သော်လည်းကောင်း၊ စာတိုက်မှ စာပို့၍သော်လည်းကောင်း၊ လူကိုယ်တိုင် လာရောက်လေ့လာလျှင်သော် လည်းကောင်း အလွန်အင်မတန် လွယ်ကူပြီး ဥပမာ- ပဲပုတ်စိုက်တောင်သူတစ်ဦးအတွက် မျိုးစေ့ရရှိမှု၊ မြေဆီလွာစစ်ဆေးမှု၊ (Rhizobium Fertilizer)) ပဲမြစ်ဖု မြေဩဇာရရှိမှု၊ ရေလိုကရေသွင်းနိုင်မှု၊ စက်မှုလယ်ယာအသုံးပြုမှု၊ နည်းပညာအသစ် ရရှိမှု (New Technology) တို့မှာ တစ်ရုံးတည်းတွင်ပင် အားလုံးပြီးစီးသွားသည့် (One-stop Service) ဖြစ်ပါသည်။
၂၀၁၈ ခုနှစ်က ကျွန်တော်တို့အဖွဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ စိုက်ပျိုးရေးသုတေသနတက္ကသိုလ် (Indian Agricultural Research Institute-IARI) သို့ လေ့လာရေး သွားရောက်ခဲ့စဉ်က နယူးဒေလီမြို့ပြင် ကျေးရွာအုပ်စုတစ်ခုတွင်ရှိသော စိုက်ပျိုးမွေးမြူ ပညာပေးရေးရုံး (သူတို့အခေါ် KVK - Krishi Vigyan Kendra)သို့ သွားရောက်လေ့လာခဲ့ရပါသည်။ အိန္ဒိယတစ်နိုင်ငံလုံး KVK ရုံးပေါင်း ၆၆၈ ခုရှိက ပြည်နယ်တိုင်းစိုက်ပျိုးရေးတက္ကသိုလ်များမှ ကြီးကြပ်သောရုံး ၄၅၈ရုံး၊ အိန္ဒိယစိုက်ပျိုးရေးသုတေသန ကောင်စီ (Indian Council of Agricultural Research ICAR)က ကြီးကြပ်သောရုံး ၅၅ ခုနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကြီးကြပ်သောရုံး ၁၀၀ ခုနှင့် ကျန် ၁၇ ခုကို ပညာရေးဆိုင်ရာသိပ္ပံ၊ သုတေသနကျောင်းများမှ ကြီးကြပ်ပါသည်။
ကျွန်တော်တို့ လေ့လာခဲ့သော ပညာပေးရုံး၏ အကြီးအကဲမှာ တိရစ္ဆာန်မွေးမြူရေးဆရာဝန် (Veterinarian) ဖြစ်ပြီး စိုက်ပျိုးရေး၊ ဆည်မြောင်း၊ စက်မှုလယ်ယာပညာရှင်များ တစ်ရုံးတည်း အတူတူ တွဲဖက်လုပ်ကိုင်နေသည်ကို ဩစတြေးလျနိုင်ငံနည်းတူ တွေ့မြင်လေ့လာခဲ့ရပါသည်။
အိန္ဒိယတောင်သူများသည်လည်း မျိုးစေ့လာရောက်ထုတ်ယူသူ၊ လယ်ယာမြေများကို မြေဆီလွှာ အာဟာရဓါတ် ပါဝင်မှုနှုန်း လာရောက်စမ်းသပ်နေသူ၊ မြေဆီဩဇာ၊ ပိုးမွှားရောဂါများနှင့် ရောင်းချမည့် ဈေးနှုန်းများကို လာရောက်လေ့လာသူ စသည်ဖြင့် တစ်ရုံးတည်းတွင် တွေ့မြင်ခဲ့ရပါသည်။ ဆိတ်နှင့်ကြက် များကိုလည်း သရုပ်ပြမွေးမြူပြသထားသည်ကို တွေ့မြင်ခဲ့ရပါသည်။
ကျွန်တော်တို့နိုင်ငံတွင်လည်း ပြည်နယ်နှင့်တိုင်းအလိုက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာပေးရေး (Agricultural Extension Center) စံပြ စုပေါင်းရုံး (One stop Service) တစ်ရုံးစီ ရှိမည်ဆိုပါက (ဥပမာ- မြေဆီလွှာ၊ မျိုးစေ့၊ မွေးမြူရေးနှင့်ကုသရေး၊ ဆည်မြောင်း၊ စက်မှုလယ်ယာ၊ မြေစာရင်း) တို့သည် ဝန်ကြီးဌာန တစ်ခုတည်းအောက်တွင် ရှိသဖြင့် တောင်သူများအတွက် အကျိုးရှိနိုင်မည် ဖြစ်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ
Oakkar • ဖြေကြားချက် 2 ခု
အပင်ဝါပြီးအမြစ်ကလည်းနီနေတာ/အမြစ်အားလည်းနည်းနေတာ/မိုင်ဇင်းပါတယ့်မှိုသတ်ဆေးတော့ဖြန်းထားတယ်တစ်ကြိမ်နှစ်ရက်ရှိပြီဖြန်းပြီးတာ/တစ်ခြားဘာလိုအပ်သေးလဲဖြေပေးကြပါဦးဆရာကြီးများ
Zaw Than Oo • ဖြေကြားချက် 2 ခု
ဒါက မြစ်ပိုးလား ရောဂါလားဗျာ ဘာလုပ်ရင် ကောင်းမလဲ ဖြေပေးကြပါအုံး😢😢😢
Nyi Nyi Aung • ဖြေကြားချက် 3 ခု
ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ
Sai Kham • ဖြေကြားချက် 0 ခု
ကော်ဖီစိုက်က ပင်လယ်ရေမျက် ဘယ်လောက်ရှိမှ စိုက်လို့ကောင်တာလဲ
khunloonkyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....