အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၈)

31/01/2022 10:30 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

အခန်း(၄) သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက် မြေဆီလွှာ 

မြေဆီလွှာသိပ္ပံပညာ (Soil Science) သည် စိုက်ပျိုးရေးသိပ္ပံ (Agricultural Science) ဆိုင်ရာ သင်ကြားရေး သုတေသနပြုမှုအတွက် အလွန်အရေးပါသောဘာသာရပ်ဖြစ်ပါသည်။ ဒီအခန်းကဏ္ဍမှာ Agronomy (လယ်ယာသီးနှံစိုက်ပျိုးရေး) နှင့် Soil Science (မြေဆီလွှာသိပ္ပံ) တို့၏ demarcation line ပိုင်းခြား ခြင်းကိုထည့်ပြောချင်ပါသည်။ ထို့အတူပဲ plant Nutrition (အပင်အာဟာရဗေဒ) နှင့် Crop Nutrition (သီးနှံအာဟာရဗေဒ)တို့၏ ကွာခြားချက်ကို သိစေချင်ပါသည်။ မြေဆီလွှာသိပ္ပံ ဘာသာကြီးအောက်တွင် ဘာသာခွဲများစွာရှိပါသည်။

(က) မြေဆီလွှာဓါတုဗေဒ (Soil Chemistry)

(ခ) မြေဆီလွှာရူပဗေဒ (Soil Physics)

(ဂ) မြေဆီလွှာအဏုဇီဝဗေဒ (Soil Microbiology)

(ဃ) မြေဆီလွှာဇီဝဗေဒနှင့် ဇီဝဓါတုဗေဒ (Soil Biology and Biochemistry)

(င) မြေဆီလွှာထိန်းသိမ်းစောင့်ရှောက်ရေး (Soil Conservation)

(စ) မြေဆီလွှာအမျိုးအစားခွဲခြားခြင်း (Soil Classification)

ထပ်မံခွဲခြားရမည်ဆိုလျှင်- မြေစေးသတ္တုဗေဒ (Clay Mineralogy) စသည်ဖြင့်များစွာရှိပါသည်။

ဘူမိသိပ္ပံပညာရပ်ကြီး (Geoscience) အောက်တွင်လည်း ဘူမိဗေဒ (Geology)၊ ပထဝီဝင် (Geography)၊ ဇလဗေဒ (Hydrology)၊ စိုက်ပျိုးရေးဆိုင်ရာမြေ (Agricultural Soils)၊ သစ်တောမြေ (Forest Soil)၊ အင်ဂျင်နီယာဘူမိဗေဒ (Engineering Geology) စသည်ဖြင့် ဆက်စပ်ဘာသာရပ်များ လေ့လာနိုင် ပါသည်။

အပင်မြေဆီဩဇာပြည့်ဝရေးအတွက် အပင်အာဟာရဗေဒ (Crop Nutrition) ထပ်မံအသေးစိတ် မည်ဆိုပါက စပါး အာဟာရဗေဒ (Rice Nutrition)၊ မြေပဲ အာဟာရဗေဒ (Peanut Nutrition)၊ ဝါအာဟာရဗေဒ (Cotton Nutrition)၊ ငှက်ပျော အာဟာရဗေဒ (Banana Nutrition)၊ နှင်းဆီ အာဟာရဗေဒ (Rose Nutrition) စသည်ဖြင့် သီးနှံတစ်ခုချင်းအလိုက် အသေးစိတ်လေ့လာမည်ဆိုပါက ပညာရှင်များစွာ လိုအပ်ပါမည်။

မကြာသေးမီက ကွယ်လွန်သွားပြီဖြစ်သော ကျွန်တော်တို့၏ မြေဆီလွှာသိပ္ပံပညာရှင် ဆရာမကြီး တစ်ဦးပြောသည့် မြန်မာနိုင်ငံတွင် မြေဆီလွှာသိပ္ပံပညာရှင် (Soil Scientist) ဆိုသည်မှာ လက်ချိုး ရေတွက်လို့ရတယ်ဟုပြောပါသည်။ မြေဆီလွှာဘာသာရပ်ကြီးကိုသာ လက်ချိုးရေတွက်လို့ရလျှင် မြေဆီလွှာရူပဗေဒ၊ မြေဆီလွှာဓါတုဗေဒ စသည်ဖြင့် အသေးစိတ်လိုက်လျှင် ဘာသာရပ်တစ်ခု၌ ပညာရှင် တစ်ဦးစ၊ နှစ်ဦးစသာ သင်ကြား၊ သုတေသနပြုနေသည်ကို တွေ့ရှိရပါမည်။

ကျွန်တော် ဩစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်၌ ၁၉၈၆ခုနှစ်က မဟာစိုက်ပျိုးရေးသိပ္ပံ သင်ကြားခဲ့စဉ်က ကျွန်တော်၏ သုတေသနကြမ်း ကြီးကြပ်သူ နှစ်ဦးရှိပါသည်။ တစ်ဦးမှာ သီးနှံဇီဝကမ္မ ဗေဒပညာရှင် (Crop Physiologist) ဖြစ်ပြီး၊ တစ်ဦးမှာ သီးနှံအာဟာရဗေဒပညာရှင်၊ အထူးသဖြင့် နေကြာပင်အာဟာရဗေဒ (Sunflower Nutrition) ကို အထူးပြုလေ့လာသူ ပညာရှင်ဖြစ်ပါသည်။ သူတို့သည် နိုင်ငံတကာ နှီးနှောဖလှယ်ပွဲများကို မကြာခဏ သုတေသနစာတမ်း ဖတ်နေရပြီး၊ ဩစတြေးလျနိုင်ငံတွင် နှစ်စဉ်ကျင်းပလျက်ရှိသော ဩစတြေးလျနိုင်ငံ လယ်ယာသီးနှံပညာရပ် အဖွဲ့အစည်း (Australian Society of Agronomy)၊ ဩစတြေးလျ အပင်သိပ္ပံပညာရှင်များ အဖွဲ့အစည်း (Australian Society of Plant Scientists) များမှ နှစ်စဉ်ကျင်းပသော သုတေသနစာတမ်းများတွင် ပညာရှင်အချင်းချင်း နှီးနှောဖလှယ်ကြရာ နေကြာအာဟာရဗေဒပညာ (Sunflower Nutrition) ကို ဇောက်ချလေ့လာ သုတေသနပြုသူ တက္ကသိုလ်များမှ ၅-ဦးမှ ၁၀-ဦးခန့် (ဩစတြေးလျနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးပညာသင်ကြားပေးသော တက္ကသိုလ် (၁၃) ခုရှိပါသည်)၊ ပြည်နယ်အလိုက် စိုက်ပျိုးရေးသုတေသနဌာနများ (ဥပမာ-ကွင်းစလန် စိုက်ပျိုးမွေးမြူရေးနှင့် ငါးလုပ်ငန်းဌာန (Queensland Department of Agriculture and Fisheries)၊ နယူးဆောက်ဝေး အခြေခံစိုက်ပျိုး မွေးမြူရေးလုပ်ငန်းဌာန (New South Wales Department of Primary Industries) စသည်ဖြင့် ပြည်နယ်အလိုက် စိုက်ပျိုးပညာပေးရေးနှင့် သုတေသနဌာနများ နှင့် ဩစတြေးလျဖက်ဒရယ် အစိုးရ (Federal Government) မှဖွဲ့စည်းထားသော ဓနသဟာရနိုင်ငံများ၏သိပ္ပံနှင့်နည်းပညာ သုတေသနအဖွဲ့အစည်း (Commonwealth Scientific and Industrial Organization-CSIRO) ၏ အောက်တွင်လည်း စိုက်ပျိုး မွေးမြူထုတ်လုပ်ရေး (ဥပမာ-စပါး၊ ဂျုံ၊ ကြက်၊ ဝက်၊ နွား၊ ငါး၊ ပုစွန်) အထူးပြုပညာရှင်တို့မှာ များစွာရှိကြသဖြင့် နေကြာအဟာရဗေဒပညာရှင်အားလုံးပေါင်းလိုက်လျှင် ၄၀-၅၀ ဦးခန့်ရှိနိုင်ပါသည်။ သူတို့သည် နိုင်ငံတကာ အတွေ့အကြုံနှင့် ပြည်တွင်းအတွေ့အကြုံများပါ အမြဲတမ်း နှီးနှောဖလှယ်နေကြသဖြင့် ပညာရပ်ဖွံ့ဖြိုးတိုးတက်မှုမှာ အံ့မခန်းနိုင်အောင် ဖြစ်ရပါသည်။ 

နိုင်ငံအလိုက် လူဦးရေတစ်သန်းလျှင်ရှိသည့် သုတေသနပညာရှင် အရေအတွက်မှာ ဖွံဖြိုးပြီးနိုင်ငံများသာမက အာစီယံနိုင်ငံများနှင့် ယှဥ်ကြည့်လျှင်တောင် လိုအပ်လျှက်ရှိနေပါသေးသည် ဇယား(၁)။

ဇယား(၁) နိုင်ငံအလိုက် လူဦးရေတစ်သန်းလျှင်ရှိသည့် သုတေသနပညာရှင် အရေအတွက်

ကျွန်တော်တို့နိုင်ငံတွင်လည်းဤကဲ့သို့ တက္ကသိုလ်များ၊ သုတေသနဌာနများ၊ ဦးစီးဌာနများမှ ပညာရပ်တစ်ခုကို တစိုက်မတ်မတ်လေ့လာ၊ သင်ကြား၊ သုတေသနပြုနေပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူပြုနိုင်ပါကြောင်းတင်ပြလိုက်ရပါသည် ။

ဒေါက်တာမျိုးကြွယ်  (ဆင်​ပေါင်ဝဲ)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်