ယင်ကောင်နက်(BSF) မွေးမြူရေး (၅)

30/12/2022 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အညစ်အကြေး လက်ခံရယူခြင်းနှင့် အသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်း

သားလောင်းများသည် အစာများကို စားသောက်ရာတွင် အလွန်ခံနိုင်ရည်ရှိကြသည်။ သို့သော်လည်း ၄င်းတို့အား ကျွေးမွေးသော ဇီဝအညစ်အကြေးများသည် ၄င်းတို့နှင့်သင့်လျော်သည့် အနေအထားရှိရန် လိုအပ်သည်။ 

BSF နည်းပညာအသုံးပြုရာတွင် သင့်လျော်သော အညစ်အကြေးအမျိုးအစားများ

လေ့လာတွေ့ရှိချက်များအရ အောက်ပါဇီဝအညစ်အကြေးများမှာ သားလောင်းများ ထုတ်လုပ်ရာတွင် အသင့်လျော်ဆုံး ဖြစ်သည် - 

(၁) စည်ပင်သာယာထွက် အညစ်အကြေးများ

  • စည်ပင်သာယာလုပ်ငန်းများမှ ထွက်ရှိလာသော သြဂဲနစ်အညစ်အကြေးများ
  • အစားအသောက်များနှင့် စားသောက်ဆိုင်ထွက် စွန့်ပစ်အညစ်အကြေးများ
  • စျေးများမှ ထွက်ရှိလာသည့် စွန့်ပစ်အညစ်အကြေးများ

(၂) စိုက်ပျိုးရေးလုပ်ငန်းထွက် အညစ်အကြေးများ

  • စားသောက်ကုန်လုပ်ငန်းထွက်  အညစ်အကြေးများ
  • အရက်ချက်လုပ်လုပ်ငန်းများမှ ထွက်ရှိလာသော ကောက်ပဲသီးနှံ ဘေးထွက်ပစ္စည်းများ
  • သားသတ်ရုံများမှ ထွက်ရှိသည့် အညစ်အကြေးများ

(၃) လူနှင့် တိရစ္ဆာန်မစင်များ

  • ကြက်မစင်
  • ဝက်မစင်
  • လူမစင်
  • မိလ္လာအနည်အနှစ်များ

စွန့်ပစ်ပစ္စည်းများ၏ အရည်အသွေး

BSF သားလောင်းများက စွန့်ပစ်ဇီဝအညစ်အကြေးများကို ချေဖျက်နိုင်ခြင်းမှာ symbiotic microorganisms ခေါ် အဏုဇီဝပိုးမွှားများကြောင့် ဖြစ်ပါသည်။ ၄င်းပိုးမွှားများနှင့် BSF သားလောင်းများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျိုးပြုနေကြပါသည်။

အညစ်အကြေးများအတွင်းမှ သားလောင်းများချေဖျက်ရန် ခက်ခဲသော အစိတ်အပိုင်းများ၊ အာဟာရဓာတ်များကို အဏုဇီဝပိုးမွှားများက ရယူအသုံးပြုကြပါသည်။ ထိုသို့ အဏုဇီဝပိုးမွှားများက ရယူအသုံးပြုခြင်းဖြင့် ယင်းတို့ကို ဖြိုခွဲချေဖျက်ပေးသကဲ့သို့ ဖြစ်သွားစေပါသည်။

အဏုဇီဝပိုးမွှားများက ဖြိုခွဲချေဖျက်ပြီးသား အာဟာရဓာတ်များကို BSF သားလောင်းများက ရယူစားသုံးကြခြင်း ဖြစ်ပါသည်။

BSF သားလောင်းအတွက် အစာအဖြစ် အသုံးပြုမည့် စွန့်ပစ်အညစ်အကြေးများသည် အဓိက အချက် ၃ ချက်နှင့် ပြည့်စုံရန် လိုအပ်ပါသည် - 

  • စွန့်ပစ်အညစ်အကြေးများသည် သြဂဲနစ်ပစ္စည်းများဖြစ်ရန်လိုအပ်ပြီး ဇီဝနည်းဖြင့် ပြိုကွဲပျက်ဆီးနိုင်သည့် အရာများ ဖြစ်သင့်ပါသည်။ 
  • သင့်လျော်သော အရွယ်အစားဖြစ်ရန် လိုအပ်ပါသည်။
  • ရေဓာတ် (အစိုဓာတ်) ၆၀% မှ ၉၀% အထိ ပါဝင်ရပါမည်။ 

စွန့်ပစ်ပစ္စည်းများ၏ အရည်အသွေးကို ထိန်းချုပ်ခြင်း

BSF စခန်းသို့ ရောက်ရှိလာသည့် အညစ်အကြေးများ၏ အရည်အသွေးကို ထိန်းချုပ်ရာတွင် ပထမအဆင့်အနေဖြင့် သေချာရမည့် အချက်မှာ အညစ်အကြေးများအတွင်း အန္တရာယ်ဖြစ်နိုင်သော အရာများ (hazardous materials) နှင့် အင်သြဂဲနစ်ဓာတုပစ္စည်းများ (Inorganic substances) မပါဝင်ရန် ဖြစ်ပါသည်။ 

ပလပ်စတစ်အိတ် အနည်းငယ် ပါဝင်ခြင်းမှာ ကြီးမားသော ပြဿနာမရှိဘဲ ယင်းတို့ကို ဖယ်ရှားပစ်နိုင်ပါသည်။

သို့ရာတွင် hazardous materials များမှာမူ သက်ရှိများဖြစ်သည့် သားလောင်းများ၊ ဗက်တီးယားများနှင့် BSF စခန်း တွင် အလုပ်လုပ်ကိုင်ကြသော ဝန်ထမ်းများကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။ အက်ဆစ်များ၊ ဓာတုပျော်ရည်များ၊ ပိုးသတ်ဆေးများ၊ အစွန်းချွတ်ဆေးများ၊ heavy metals များသည် hazardous materials များတွင် စာရင်းဝင်ပါသည်။

အထူးသဖြင့် ယင်းတို့သည် အရည်ပုံသဏ္ဍန်ဖြင့် ရှိနေပါက ပို၍ အန္တရာယ်ကြီးပြီး ထုတ်လုပ်မှုဖြစ်စဉ် တလျှောက်လုံးအပေါ် သက်ရောက်မှု ဖြစ်ပေါ်စေပါသည်။ အကယ်၍ ယင်းကဲ့သို့သောပစ္စည်းများ ပါဝင်သည်ဟု သံသယဖြစ်ပါက ရောက်ရှိလာသည့် အညစ်အကြေးများကို အသုံးမပြုဘဲ ဖယ်ရှားပစ်ရပါမည်။

အညစ်အကြေးများ၏ အရည်အသွေးနှင့် ပတ်သက်၍ ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်ရန်မှာ အညစ်အကြေး အစိုင်အခဲများ၏ အရွယ်အစားကို သေးငယ်အောင် ပြုလုပ်ပေးရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် စက္ကူဖြတ်စက်ကဲ့သို့ နုတ်နုတ်စင်းနိုင်သည့်စက် (shredder) သို့မဟုတ် ကြိတ်ခွဲစက် (hammer mill) ကို အသုံးပြုနိုင်သည်။ 

မည်သည့်စက်ကို သုံးသည်ဖြစ်စေ၊ လိုရင်းမှာ အညစ်အကြေးများကို အချင်း ၁-၂ စင်တီမီတာ အရွယ် အစားသို့‌ ရောက်ရှိအောင် သေးငယ်သွားစေရန်ပင် ဖြစ်သည်။ ထိုသို့ အညစ်အကြေးအစိုင်အခဲများအား သေးငယ်အောင် ပြုလုပ်ပေးခြင်းဖြင့် ဗက်တီးရီးယားများတွယ်ကပ်ရန် မျက်နှာပြင်ကို ပိုမိုကျယ်ပြန့်စေသည်။ အစိုင်အခဲအကြီးများကို ကိုက်ဖျက်စားသောက်ရန် ပါးစပ်အစိတ်အပိုင်းများ မပါဝင်သည့် သားလောင်းများအတွက် အစာစားရန် ပိုမိုလွယ်ကူသွားစေသည်။ 

အညစ်အကြေးများအား သားလောင်းများဖြင့် ပြုပြင်ထုတ်လုပ်ခြင်း မပြုလုပ်မီ ကြိုတင်ပြင်ဆင်မှုအဖြစ် ကြိတ်ခွဲစက်(hammer mill) ဖြင့် ကြိတ်ခွဲနေပုံ

ကြိတ်ခွဲထားသော အညစ်အကြေးများတွင် ရေဓာတ် ၈၀% အထက် ပါဝင်နေပါက အညစ်အကြေးများသည် မီးဖိုချောင်ရှိ ကြိတ်စက်ဖြင့် ကြိတ်ထားသော သစ်သီးဖျော်ရည်ကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ထိုသို့ ဖြစ်နေပါက အညစ်အကြေးများထဲရှိ ရေဓာတ်ကို လျှော့ချရပါမည်။ ပိုမိုခြောက်သွေ့သော အညစ်အကြေးများဖြင့် ရောစပ်ပေးကာ ရေဓာတ် ၈၀% အောက်သို့ရောက်အောင် ဆောင်ရွက်ပေးရပါမည်။  

အကယ်၍ အညစ်အကြေးများတွင် ရေပါဝင်မှုမှာ ၇၀% အောက် ‌ရောက်ရှိနေပါက ရေ ထပ်ထည့်ပေးရပါမည်။ 

သြဂဲနစ်အညစ်အကြေးများ၏ အရည်အသွေးကို BSF စခန်းက လက်ခံပြီးနောက်တွင် ယင်းတို့၏ အလေးချိန်ကို တိုင်းတာသင့်ပါသည်။ ထိုသို့ တိုင်းတာမှသာ BSF စခန်း၏ နေ့စဉ်အညစ်အကြေးသုံးစွဲမှုကို သိရှိနိုင်မည် ဖြစ်ပါသည်။

BSF စခန်းသို့ ရောက်ရှိလာသည့် အညစ်အကြေးများ၏ အလေးချိန်ကို တိုင်းတာရန် အကောင်းဆုံးအချိန်မှာ စက်ဖြင့်ကြိတ်ခွဲပြီး ယာယီသိုလှောင်ထားချိန် ဖြစ်သည်။ အကယ်၍ ရေဓာတ်များလွန်းပြီး ရေဓာတ်လျှော့ရန် လိုအပ်ပါက ရေဓာတ် မလျှော့ချမီနှင့် လျှော့ချပြီးချိန်တွင် အလေးချိန်တိုင်းတာရန် လိုအပ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်