သွေးခုံး(ဂျင်း) မွေးမြူရေး ပိုကျယ်ပြန့်လာ၍ သားပေါက်ဈေးနှုန်းနှစ်ဆခန့် မြင့်တက်

13/03/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ ကျော်အနက် နုန်းမြေကောင်းသည့်ကျေးရွာအများစုတွင် သွေးခုံး(ဂျင်း)ကို စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာ၍ သွေးခုံး(ဂျင်း) သားပေါက်များ စျေးကောင်းရနေသည်ဟု သိရသည်။

သွေးခုံး(ဂျင်း)သားပေါက်တို့သည် ရေကန်တောင်ကျေးရွာတွင် အများဆုံးထွက်လေ့ရှိပြီး သွေးခုံးမွေးမြူခြင်း လုပ်ငန်းအတွက် သားပေါက်များအများအပြားဝယ်ယူရောင်းချနေကြခြင်းဖြစ်သည်။

ယခုနှစ်တွင် သွေးခုံး(ဂျင်း)သားပေါက်ရှားပါးခြင်းနှင့် အများအပြားဝယ်ယူခြင်းကြောင့် စျေးတက်သွားခြင်းဖြစ်ပြီး ယခင်ကတစ်ခြင်းလျှင် အထိုင်စျေး ကျပ် ၂ သိန်းကျော်သာရှိရာမှ သွေးခုံးသားပေါက်အရနည်းခြင်း၊ စောင့်ဆိုင်းရခြင်းတို့ကြောင့် လက်ရှိတွင် တစ်ဆင့်ခံ ရောင်းချသူများက ဈေးမြှင့်ရောင်းချနေကြခြင်းဖြစ် သည်ဟု သိရသည်။

" ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေတုန်းက ဂျင်းသားပေါက် ၂၅ ကီလိုပါ တစ်ခြင်းကို ကျပ် ၂ သိန်းလောက်ပဲ စျေးရခဲ့တာ။ အခုအချိန်မှာတော့ ကျွန်းစုမြို့နယ်ထဲမှာ ဂျင်းသားပေါက် ၂၅ ကီလိုပါတစ်ခြင်းကို ကျပ် ၄ သိန်းကျော်အထိ ပေါက်စျေးရပြီး စျေးကောင်းနေတယ်”လို့ ဂျင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ဂျင်းအရောင်းအဝယ်အနေနှင့်တော့ ဂျင်းသားပေါက် ၁ ကီလိုကို ကျပ် ၁၈၀၀၀ ကနေ ၃၀၀၀၀ လောက်ရရှိပြီး စျေးကွက်ဝင် ဂျင်းအကောင်ကြီး ၁ ကီလိုဆိုရင်တော့ ကျပ် ၆၅၀၀ ခန့်စျေးရကြသည်ဟု သိရသည်။

လက်ရှိတွင် ခုံးကောင်(ဂျင်း) ဈေးကွက်အနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် အများဆုံးတင်ပို့ရောင်းချနေသည်ဟု သိရသည်။

 

ကျန်းမာရေးရှုထောင့်အနေဖြင့်ကြည့်လျှင် ခုံးကောင်ထဲတွင် ဗီတာမင်နှင့် အာဟာရဓာတ် ပြည့်ဝစွာပါဝင်နေသလို ပရိုတင်းနှင့် အခြားသတ္တုဓာတ်များလည်း များစွာပါဝင်သည်ဟု သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်