အသားတိုးကြက်မွေးမြူရေး မိတ်ဆက် (၁)

02/12/2022 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

"အဝေးက မြက်ဟာ ပိုစိမ်းတယ်" ဟူသော ဆိုရိုးစကား ရှိပါသည်။ အဖက်ဖက်က ကျဆင်းလာနေသည့် လူမှုစီးပွားဘဝအခြေအနေများကြောင့် မိမိလုပ်ကိုင်နေသော စီးပွားရေးကို စိတ်ကုန်လာကာ ပိုမို၍ တွက်ချေ ကိုက်သည်ဟု ယူဆမိသော လုပ်ငန်းသစ်တစ်ခုခုသို့ ကူးပြောင်းရန် စိတ်ကူးသူများကို မကြာခဏ တွေ့ရပါ သည်။ ထိုအထဲတွင် "အသားတိုးကြက် မွေးမြူရေးလုပ်ရင် ကောင်းမလား” ဟု စဉ်းစားသူအများအပြား ပါဝင်ပါသည်။ 

အသားတိုးကြက်မွေးမြူရေးသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအနက် အချိန်တိုအတွင်း (၄၅ ရက် အတွင်း) ငွေပြန်ပေါ်နိုင်သည့် လုပ်ငန်းဖြစ်ရာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားစရာ လုပ်ငန်းတစ်ရပ် ဖြစ်လာသည် မှာ မထူးဆန်းပါ။ သို့သော် ထိုသို့ အချိန်တိုနှင့် ထုတ်လုပ်ရသည့်အတွက်ပင် အမှားမခံသည့် လုပ်ငန်းတစ်ခု ဖြစ်သည်ကိုလည်း မမေ့လျော့သင့်ပါ။   ထို့ကြောင့် ယခုမှ စတင်ကာ အသားတိုးကြက်မွေးမြူလိုသူများ အနေ ဖြင့်၊ အသားတိုးကြက် မွေးမြူထုတ်လုပ်‌ရေးနည်းပညာနှင့် အသားတိုးကြက်မွေးမြူရေး၏ စီးပွားရေးဆိုင်ရာ အချက်အလက်များကို အခြေခံသဘော ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။ 

ကြီးထွားနှုန်း အလွန်ကောင်းခြင်း

အသားတိုးကြက်တစ်ကောင်၏ ဥ က ပေါက်ခါစ အလေးချိန်မှာ ၄၀ ဂရမ် ဝန်းကျင်သာ ရှိပါသည်။ ထို ကြက်ကလေးသည် အချိန် ၇ ပတ် (၄၂ ရက်) အကြာတွင် အလေးချိန် ၂.၈ ကီလိုဂရမ် (၂၈၀၀ ဂရမ်) အထိ ကြီးမားလာနိုင်ပါသည်။ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် အလေးချိန် ၆၆ ဂရမ် ခန့် တိုးနေခြင်း ဖြစ်ပါသည်။ တ နည်းအားဖြင့် အသားတိုးကြက်တစ်ကောင်သည် ၇ ပတ်အတွင်း ကိုယ်အလေးချိန် အဆ ၇၀ ကြီးထွားလာ ရခြင်း ဖြစ်ပါသည်။ 

ထိုမျှ လျင်လျင်မြန်မြန် ကြီးထွားရန်အတွက် တော်တန်ရုံ ဂရုစိုက်မှုမျိုးနှင့် မဖြစ်နိုင်သည်မှာ ငြင်းစရာ မလို အောင် ထင်ရှားပြီး၊  သဘာဝလည်းကျ၊ မျှလည်း မျှတပါသည်။ 

တစ်နှစ်အတွင်း မွေးမြူနိုင်သည့် အကြိမ်ရေ

အသားတိုးကြက်များကို ကာလတိုမွေးမြူကာ ဈေးကွက်တင် ရောင်းချနိုင်ခြင်းက ယင်းလုပ်ငန်းအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကြက်တစ်သုတ် မွေးမြူရန် ၇ ပတ်ခန့် ကြာမြင့်သည်။ တစ်သုတ်နှင့် တစ်သုတ်ကြားတွင် အနည်းဆုံး ၂ ပတ် (ဖြစ်နိုင်လျှင် ၃ ပတ်) ခြား၍ မွေးမြူရသည်။ ထိုသို့ ခြံကို နားထားချိန်တွင် ခြံအား ပိုးသတ်သန့်စင်ခြင်း၊ နောက်တစ်သုတ်အတွက် ပြင်ဆင်ခြင်းများ လုပ်ဆောင်ရသည်။ ထို့ကြောင့် ကြက်တစ်သုတ်အတွက် ပျမ်းမျှကြာချိန်မှာ ၉-၁၀ ပတ်ခန့် ရှိသည်ဟု ဆိုနိုင်ပါသည်။ အချို့ကာလ များတွင် ကြက်ကို အနည်းငယ်စော၍ ရောင်းချသည့် အခြေအနေမျိုးလည်း ရှိနိုင်ပါသည်။ သို့ဖြစ်ရာ တစ်နှစ် လျှင် အသားတိုးကြက် ၅-၆ သုတ်ခန့် မွေးမြူနိုင်မည်ဟု အကြမ်းသဘော ယူဆနိုင်ပါသည်။ 

ကုန်ကျစရိတ် ကြီးမြင့်ခြင်း

အသားတိုးကြက်များ၏ ကြီးထွားနှုန်းမှာ မြင့်မားသလို၊ မြန်ဆန်လှသဖြင့် ယင်းနှင့်ကိုက်ညီသော အစာ အာဟာရကိုလည်း လုံလောက်အောင် ဖြည့်ဆည်းပေးရန် လိုအပ်မည် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် အသားတိုးကြက်မွေးမြူရေးတွင် ထုတ်လုပ်မှုကုန်ကျစရိတ်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ အစာဖိုး ကုန်ကျ စရိတ် ဖြစ်ပါသည်။ ထိုအစာဖိုးအတွက် ရင်းနှီးမြှုပ်နှံရမည့် ငွေကြေးပမာဏက ကြီးမြင့်သည်ကိုလည်း သတိ ပြုရမည် ဖြစ်ပါသည်။ 

ကြက်စာဖိုးအပြင် ကြက်ကျန်းမာရေးနှင့် အခြားသော စီမံခန့်ခွဲမှုများအတွက်လည်း ကုန်ကျစရိတ်မှာ မြင့်မား သည်ကို မမေ့လျော့သင့်ပါ။ 

စွန့်စားရခြင်း

ကာလတိုအတွင်း အလွန်အမင်းကြီးထွားရခြင်းသည် အသားတိုးကြက်များကို အခြားမွေးမြူရေး သတ္တ ဝါများထက် ပို၍ ရောဂါ၊ ရာသီဥတု၊ အစာအာဟာရချို့တဲ့မှု စသည့် ဒဏ်များကို ခံနိုင်ရည် ကျဆင်းစေပါသည်။ အခြားတစ်ဖက်တွင် အသားတိုးကြက်များကို မွေးမြူရာတွင် အကောင်ရေ မြောက်များစွာကို နေရာ ကျဉ်းကျဉ်းတွင် မွေးမြူကြခြင်းဖြစ်ရာ ရောဂါကူးစက်မှုက ပိုမိုလွယ်ကူစေပါသည်။ ဖြစ်ပွားသည့် ရောဂါ များမှာလည်း ကူးစက်မှုနှုန်းသာမက သေနှုန်းပါ မြင့်မားသည့် ရောဂါများ ဖြစ်နေပြန်ပါသည်။ ထို့ကြောင့် အသားတိုးကြက်မွေးမြူရေးမှာ အလျော်အစားကြီးပြီး စွန့်စားရသည့် လုပ်ငန်းတစ်ခု ဖြစ်သည်ကို သတိပြု သင့်ပါသည်။ 

အစာဈေးနှုန်း အရှိနှင့်မြင့်တက်နိုင်ခြင်း၊ ကြက်ခြံဖမ်းဈေးနှုန်း အရှိနှင့် လျော့ကျနိုင်ခြင်း စသည့် စီးပွားရေး ဆိုင်ရာ စိန်ခေါ်မှုများလည်းရှိနေပြန်ရာ အသားတိုးကြက်မွေးမြူရေးအတွက် စွန့်စားလုပ်‌ဆောင်ရမှု အတိုင်း အဆမှာ ပို၍ပင် ကြီးမားလာပြန်ပါသည်။ 

ရာသီဥတု

ထုတ်လုပ်မှုမြင့်မားလေလေ၊ ၄င်းတို့အတွက် လိုအပ်သည့် အကောင်းဆုံးပတ်ဝန်းကျင် အခြေအနေကို ဖန်တီး ပေးရန် လိုအပ်လေလေဖြစ်ပါသည်။ ကြက်များအတွက် အသင့်လျော်ဆုံး ပတ်ဝန်းကျင် အပူချိန်မှာ ၁၈ - ၂၄ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နေရာအတော်များများတွင် ယင်းအပူချိန်မျိုးကို တစ်နေ့လုံး၊ တစ်နှစ်ပတ်လုံး ရရှိနိုင်ရန် မဖြစ်နိုင်ပါ။ များသောအားဖြင့် ကြက်များသည် အပူဒဏ်ကို မြင့်မြင့်မားမား ခံစားကြရမည် ဖြစ်ပါသည်။ ကြက်များအတွက် အကောင်းဆုံး ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးနိုင်ရန် အဆင့်မြင့် ကြက်ခြံများကို တည်ဆောက်မည်ဆိုပါက ငွေပင်ငွေရင်းပမာဏ အမြောက်အများ လိုအပ်မည် ဖြစ်ပါသည်။ အကယ်၍ ပတ်ဝန်းကျင်ကို မထိန်းချုပ်နိုင်သည့် ခြံအမျိုးအစားဖြစ်ပါက ငွေကြေးရင်းနှီးမြှုပ်နှံမှု လျော့ကျသွားသလို၊ ကြက်များ၏ ထုတ်လုပ်မှုမှာလည်း (ကြက်များက အမှန်တကယ်ထုတ်လုပ်နိုင်သည့် ပမာဏသို့ မရောက်ဘဲ) လျော့ကျနေမည်သာ ဖြစ်ပါသည်။ ယင်းအချက်မှာ ကြက်မွေးမြူရေး မစတင်မီ ကြိုတင်သိရှိ သတိပြုထားရမည့်အချက် ဖြစ်ပါသည်။)

ရာသီဥတုပူပြင်းသည့် ကာလများတွင် အသားတိုးကြက်ထုတ်လုပ်မှု လျော့ကျပြီး ကြက်သားဈေးမြင့် မားတတ်ပါသည်။ တပြိုင်နက်တည်းတွင် ထိုကာလများ၌ ရောဂါကျရောက်ကာ ကြက်သေဆုံးမှုကလည်း မြင့် မားနိုင်ပြန်ပါသည်။ ထိုအခြေအနေတွင် အကျိုးအမြတ်နှင့် စွန့်စားရမှုကို ချိန်ဆဆောင်ရွက်ရန် လိုအပ်ပါ သည်။ 

(ဆက်လက်ဖော်ပြပါမည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်