နှမ်းသီးနှံ အာဟာရတန်ဖိုးပါဝင်မှုနှင့် ကျန်းမာရေးအကျိုးပြုချက်များ

16/12/2021 15:00 PM တွင် Nyan Thant Zin Nyan Thant Zin မှ ရေးသား

နှမ်းသည် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့်အာဖရိကအပူပိုင်းဒေသတို့တွင် ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးသည့် အရေးပါသောသီးနှံဖြစ်ပါသည်။ နှမ်းဆီသည်ရနံ့မွှေးကြိုင်ရုံသာမက ဆေးဖက်လည်းဝင်ပါသည်။ နှမ်းကိုသရေစာမုန့်များတွင်သော်လည်းကောင်း၊ တိုင်းရင်းဆေးများတွင်သော်လည်းကောင်းနည်းအမျိုးမျိုးဖြင့်အသုံးပြုကြပါသည်။

နှမ်း ၁၀၀ ဂရမ်တွင်ပါဝင်သော အာဟာရတန်ဖိုးများကို ဖော်ပြလိုပါသည်...

ကယ်လိုရီ -၅၇၂

အဆီဓာတ် -၅၀ဂရမ်

ပြည့်ဝဆီ -၇ ဂရမ်

ပိုတက်ဆီယမ် -၄၆၈ မီလီဂရမ်

ဆိုဒီယမ် -၁၁ မီလီဂရမ်

ကာဘိုဟိုက်ဒရိတ်-၂၃ ဂရမ်

အမျှင်ဓာတ် -၁၂ဂရမ်

ပရိုတိန်း -၁၈ ဂရမ်

သံဓာတ် -၁၄.၆ မီလီဂရမ်

ဗီတာမင် B6 - ၀.၈ မီလီဂရမ်

ကယ်လ်စီယမ်-၉၇၅ မီလီဂရမ်

မဂ္ဂနီဆီယမ် -၂.၄၆ မီလီဂရမ်

နှမ်း၏ကျန်းမာရေးအကျိုးပြုပုံများ

နှမ်းနှင့်နှမ်းဆီသည်အသားအရေကိုဝင်းလက်ပြီးဆံပင်ကိုသန်စွမ်းစေပါသည်။ နှမ်းကိုပုံမှန်စားသုံးပေးပြီးတစ်ပတ်တစ်ကြိမ်ကိုယ်ခန္ဓာပေါ်ပွတ်လိမ်းပေးခြင်းဖြင့် အသားအရေကိုဝင်းမွတ်စေပြီး ဆံပင်အရည်အသွေးကိုပိုမိုကောင်းမွန်လာစေနိုင်ပါသည်။ ထို့ပြင်နှမ်းသည်အရိုးအဆစ်များကိုသန်မာစေပါသည်။ နှမ်းတွင်ခန္ဓာကိုယ်အတွက်လိုအပ်သောကယ်လ်စီယမ်ဓာတ်လုံလုံလောက်လောက်ပါရှိပါသည်။ ထို့ပြင်အရိုးအဆစ်များကိုသန်မာစေသည့်ဇင့်ဓာတ်လည်းပါရှိပါသည်။ လေ့လာချက်များအရ နှမ်းကိုပုံမှန်စားသုံးပေးခြင်းဖြင့် သက်ကြီးရွယ်အိုများတွင်ဖြစ်တတ်သောအရိုးပွရောဂါကို ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။

နှမ်းသည်သွေးတွင်းသကြားဓာတ်ကိုလည်းထိန်းညှိပေးပါသည်။ နှမ်းနှင့်နှမ်းဆီကိုပုံမှန်စားသုံးပေးပါက ကိုယ်တွင်းသွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည်။ အထူးသဖြင့်ဆီးချိုသွေးချိုဝေဒနာရှင်များအတွက်ပိုမိုကောင်းမွန်စေပါသည်။ ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းခြင်း၊ ပရိုတိန်းပါဝင်မှုမြင့်မားခြင်း၊ ကျန်းမာရေးနှင့်သင့်လျော်သောအဆီဓာတ်များပါဝင်ခြင်းတို့ကြောင့် ရေရှည်စားသုံးပေးပါက သွေးတွင်းသကြားဓာတ်ထိန်းညှိပေးသောစက်တစ်ခုကဲ့သို့ပင် အထောက်အပံ့ဖြစ်စေပါသည်။ ထို့ပြင်နှမ်းသည်သွေးဖိအားကိုထိန်းညှိပေးပါသည်။ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်သောကြောင့် သွေးတိုးခြင်းကိုကာကွယ်ပေးပါသည်။ ဗီတာမင်နှင့်မဂ္ဂနီဆီယမ်များအပြင် အိုမီဂါ ၃ ဓာတ်လည်းပါဝင်သောကြောင့် နှမ်းစေ့သည် နေ့စဉ်လှုပ်ရှားသွားလာရန်အတွက် လိုအပ်သောစွမ်းအင်ကိုပေးနိုင်သည့် ရင်းမြစ်တစ်ခုဖြစ်ပါသည်။

နှမ်းတွင် စွမ်းအင်ကိုတိုးမြှင့်စေသောအမျှင်ဓာတ်၊ သံဓာတ်၊ ဖော့စဖောရပ်စ် ဓာတ်များလည်းပါရှိပါသည်။ နှမ်းဆီတွင်ဒဏ်ရာများ၊ ကိုက်ခဲနာကျင်မှုများကိုသက်သာစေသော ဓာတ်များလည်းပါဝင်ပါသည်။ သိုင်းရွိုက်၏ကျန်းမာရေးကိုလည်းကောင်းမွန်စေပါသည်။ နှမ်းတွင် ကမ်လ်စီယမ်ဓာတ် ၁၈ရာခိုင်နှုန်းအပြင် သံဓာတ်၊ ကော့ပါးဓာတ်၊ ဇင့်၊ B6 များပါဝင်သောကြောင့် သိုင်းရွိုက်ဟော်မုန်းများဖြစ်ပေါ်မှုကိုပိုမိုတိုးတက်စေပါသည်။

ထို့ပြင်နှမ်းစေ့သည်ခန္ဓာကိုယ်၏ခုခံနိုင်စွမ်းအားကိုတိုးမြင့်စေပါသည်။ ၎င်းတွင်ပါဝင်သောဓာတ်များက ခန္ဓာကိုယ်၏ခုခံနိုင်စွမ်းအားကိုတိုးမြင့်စေပြီး အဏုဇီဝပိုးများကိုလည်းတိုက်ထုတ်ပေးပါသည်။ နှမ်းဆီတွင်ပါဝင်သော အမိုင်နိုအက်ဆစ်နှင့် ဆိုင်ရိုင်စင်းဓာတ်များသည် စီရိုတိုနင်၏လုပ်ဆောင်ချက်များကို အကျိုးသက်ရောက်မှုရှိစေပါသည်။ စီရိုတိုနင်သည် စိတ်ခံစားမှုများကိုထိန်းချုပ်ထားသောဓာတ်တစ်မျိုးဖြစ်ပါသည်။ စီရိုတိုနင်ဓာတ်များ မညီမျှပါက စိတ်ဓာတ်ကျလွယ်ခြင်းများဖြစ်ပေါ်တတ်ပါသည်။ နှမ်းစေ့သည်စီရိုတိုနင်ဓာတ်ထုတ်လုပ်ခြင်းကို အထောက်အကူပြုစေပြီးစိတ်ကျရောဂါဖြစ်ပေါ်မှုကိုလျော့နည်းစေကာ အကောင်းမြင်စိတ်များဖြစ်ပေါ်လာစေရန် အထောက်အကူပြုပါသည်။ နှမ်းတွင်ပါဝင်သောအမျှင်ဓာတ်များနှင့် fatty acid များသည်ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါသည်။ နှမ်းဆီသည်အူလမ်းကြောင်းတွင်ချောဆီအဖြစ် ဆောင်ရွက်ပေးပါသည်။ အမျှင်ဓာတ်များက အူမကြီး၏ရွေ့လျားမှုကို အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးပါသည်။ နှမ်းဆီတွင်ကျန်းမာရေးကို

အထောက်အကူပြုစေသော vsesamolနှင့်sesaminol ဟူသော အန်တီအောက်စီဒင့်များပါရှိပါသည်။၎င်းဓာတ်များသည် ဆဲလ်၏ထိခိုက်မှုများကိုလျော့နည်းစေပြီး အဆစ်အမြစ်ယောင်ရမ်းခြင်းများ၊သွားကိုက်ခြင်းများ၊ ဒဏ်ရာများကိုလျှင်မြန်စွာပျောက်ကင်းစေနိုင်ပါသည်။ ထို့ကြောင့်လည်း မြန်မာ့တိုင်းရင်းဆေးတော်တော်များများတွင် နှမ်းဆီကိုအသုံးပြုခြင်းဖြစ်ပါသည်။

အချုပ်အားဖြင့် နှမ်းသည်ကျန်းမာရေးအတွက် လွန်စွာအထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်ပါသည်။ သို့သော် တချို့သောသူများတွင် ဓာတ်မတည့်မှုများဖြစ်ပေါ်တတ်သည်ကိုတွေ့ရှိရပါသည်။မည်သို့ပင်ဆို‌‌စေကာမူ ကျန်းမာ‌ရေးအတွက်ကောင်းကျိုးများသောနှမ်းကို ပုံမှန်စားသုံးပေးသင့်ပါသည်ဟုအကြံပြုတိုက်တွန်းလိုက်ရပါသည်။

Source - https://www.healthifyme.com/blog/sesame-seeds-top-11-benefits-healthy-recipes-and-more/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်