မြန်မာနိုင်ငံနှင့် သြဂဲနစ်စိုက်ပျိုးရေး

06/04/2020 13:30 PM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တောင်သူဦးကြီးတို့ မင်္ဂလာပါခင်မျာ။

သြဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ သီးနှံတစ်ခုကို စတင်စိုက်ပျိုးရန် မြေပြင်ချိန်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ မည်သည့် ဓာတုပစ္စည်းကိုမှ အသုံးမပြုဘဲ သဘာဝအတိုင်းစိုက်ပျိုးခြင်း ဖြစ်ပါသည်။ ဓာတုပစ္စည်းဆိုသည်မှာ ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ ဟော်မုန်းများ စသည်တို့ ဖြစ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် သြဂဲနစ်စိုက်ပျိုးရေးသို့ ရောက်ရှိရန် အတော် ခက်ခဲပါအုံးမည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှာရှိ တောင်သူအများစုသည် ပိုးသတ်ဆေးဟုဆိုလိုက်သည်နှင့် ဓာတုပိုးသတ် ဆေးတွေကိုသာ ပြေးမြင်ကြပါသည်။ သဘာဝပိုးသတ်ဆေးပြုလုပ်နည်း၊ သဘာဝအတိုင်းရောဂါပိုးကာကွယ်နှိမ်နင်းနည်းလမ်းများကို သိရှိမှု အားနည်းခြင်း၊ သိသော်လည်း အသုံးပြုမှုနည်း ခြင်းတို့ကြောင့် ဖြစ်ပါသည်။ မြေသြဇာဆိုလိုက်သည်နှင့်လည်း ဓာတုမြေသြဇာများကိုသာ ပြေးမြင်ကြပါသည်။ မြန်မာနိုင်ငံတွင် နွားချေး၊ ကြက်ချေးများ ရှားပါခြင်းကတစ်ကြောင်း၊ ဓာတုမြေသြဇာတွေက အလွယ်တကူရရှိပြီး အပင်များအတွက် လျှင်မြန်စွာကြီးထားခြင်းကတစ်ကြောင်း၊ သဘာဝမြေသြဇာတွေပြုလုပ်ရန် ဗဟုသုတမရှိခြင်းကြောင့် ဓာတုမြေသြဇာများကို အသုံးများနေကြခြင်းဖြစ်ပါသည်။ ဓာတုပစ္စည်းများသည် လူ၏ ကျန်းမာရေးကို ထိခိုက်စေရုံသာမက ပတ်ဝန်းကျင်ကိုပါ များစွာထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် သြဂဲနစ်စိုက်ပျိုးရေးကို မည်သို့ သွားကြမည်နည်း?

မြန်မာနိုင်ငံမှ ပြည်ပသို့ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် သီးနှံများကို တင်ပို့ရာတွင် ဓာတ်ကြွင်းအာနိသင်များ သီးနှံများထဲတွင် ကျန်နေသောကြောင့် ဈေးအနှိမ်ခံရခြင်းများ၊ တင်သွင်းခွင့်များပိတ်ပင်ခြင်းများ မကြာခဏဆိုသလို ကြားနေရပါသည်။ ဓာတ်ကြွင်းအာနိသင်များ သီးနှံများထဲ၌ အဘယ့်ကြောင့် ကျန်ရှိနေသနည်းဆိုလျှင် ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ ဓာတုမြေသြဇာများ စသည်တို့ကို လိုသည်ထက်ပို၍ အဆမတန်သုံးစွဲကြခြင်းကြောင့် ဖြစ်ပါသည်။

ပြည်တွင်းသီးနှံများ ပြည်ပသို့ တင်ပို့နိုင်မှသာ တောင်သူများ၏ ဝင်ငွေတိုးနိုင်မည် ဖြစ်ပါသည်။ ပြည်ပသို့ တင်ပို့နိုင်ရန်ဆိုလျှင် သီးနှံများ၌ ဓာတ်ကြွင်းအာနိသင်များ အနည်းဆုံးလျော့ချပေးနိုင်မှ ဈေးကောင်းရ၍ တင်ပို့နိုင်မည် ဖြစ်ပါသည်။ ထိုသို့လျော့ချနိုင်ရန် နိုင်ငံတကာတွင် အသုံးပြုနေသော GAP (Good Agricultural Practices) စိုက်နည်းစနစ်များဖြင့် စိုက်ပျိုးရပါမည်။ GAPဆိုသည်မှာ သီးနှံတစ်ခုကို စတင်စိုက်ပျိုးရန် မြေပြင်ချိန်မှ စားသုံးသူလက်ဝယ်ရောက်သည်အထိ ဓာတုပစ္စည်းများ အနည်းဆုံး အသုံးပြု၍ စားသုံးသူများ နှင့် ပတ်ဝန်းကျင်အတွက် ထိခိုက်မှု အနည်းဆုံးအခြေအနေဖြင့် စိုက်ပျိုးခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင် GAP ဆိုသည်မှာ သြဂဲနစ်စိုက်ပျိုးရေး၏ အခြေခံဖြစ်ပါသည်။ ယခုလက်ရှိမြန်မာနိုင်ငံတွင် GAPနည်းစနစ်ဖြင့် စိုက်ပျိုးသော သီးနှံများမှာ သာမန်စိုက်ပျိုးသော သီးနှံများထက် ဈေးနှစ်ဆနီးပါး ပိုရရှိသည်ကို တွေ့ရပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့် သြဂဲနစ်စိုက်ပျိုးရေးကို သွားမည်ဆိုလျှင် ယခုလက်ရှိ အခြေအနေမှ ချက်ချင်းကြီးသွားနိုင်ရန် မလွယ်ကူလှပါ။ GAP မှတစ်ဆင့် ဖြည်းဖြည်းချင်း သွားမည်ဆိုလျှင်တော့ ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံအနေနှင့် GAP နည်းစနစ်ဖြင့် သီးနှံများ စိုက်ပျိုးနိုင်လျှင် တောင်သူများအတွက် အတော်လေးအကျိုးရှိနိုင်ပါသည်။ GAPစနစ်ကို တောင်သူတိုင်းလိုက်နာ ကျင့်သုံးရန် တွန်းအားပေးဆောင်ရွက်နေမှုများရှိသော်လည်း မြန်မာနိုင်ငံအနေနှင့် လွယ်ကူမည်တော့မဟုတ်ပါ။ မလွယ်ကူဟုဆိုသော်လည်း ခက်ခဲနေခြင်းကား မဟုတ်ပါ။ တောင်သူတစ်ဦးချင်းမှ GAPစနစ်ကို ကျင့်သုံးလာခြင်းအားဖြင့် ဓာတုကင်းလွတ်သော ဩဂဲနစ်စိုက်ပျိုးရေးစနစ်ကို ရရှိလာနိုင်ပါသည်။ ထို့ကြောင့် သြဂဲနစ် စိုက်ပျိုးရေးသို့ ရောက်ရှိနိုင်ရန်အတွက် တောင်သူဦးကြီးတို့အားလုံး ညီညွတ်စွာဖြင့် GAPစနစ်သို့ တက်လှမ်းကြပါစို့။

ချမ်းသာဦး

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်