အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပိုးသတ်​ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ပရိုဖီနို​ဖော့)

ပိုးသတ်​ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ပရိုဖီနို​ဖော့)

Thar Po
Thar Po • 15/06/2023

ပိုးသတ်​ဆေး ai တမျိုးချင်းစီအလိုက် အာနိသင်နှင့် အသုံးပြုပုံတွေအကြောင်း ဖော်ပြနေရာမှာ အခုဆိုရင် ပိုင်ရီသရွိုဒ်/​ဆေးဂန္ဓမာ အုပ်စုနဲ့ OPI(Organo Phosphate Insecticides - ဖော့စဖိတ်ပါ​သော ​ဆေးအုပ်စုများ အကြောင်းတွေကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ 

အောက်ပါလင့်တွေကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ပိုးသတ်​ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ပိုင်ရီသရွိုဒ်/​ဆေးဂန္ဓမာအုပ်စု)>>> https://greenwaymyanmar.com/posts/Pesticides_pyrethroid

 

ပိုးသတ်​ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ဖော့စဖိတ်ဆေးအုပ်စုများ) >>> https://greenwaymyanmar.com/posts/Organo_Phosphate_Insecticides

 

အခုအပိုင်းမှာတော့ OPI ဆေးအုပ်စုထဲက ပရိုဖီနို​ဖော့ အကြောင်း ဆက်လက်ပြောပြပေးသွားပါမယ်။

Profenofos (ပရိုဖီနို​ဖော့)

OPI (​ဖော့စဖိတ်ပါ​သောဆေးအုပ်စုများ) အုပ်စုတူ​သော်ငြားလည်း၊ ဓာတုဖွဲ့စည်းပုံမတူခြင်း၊ ထုတ်လုပ်ပုံ ​ဖော်မြူလာမတူခြင်းတို့ကြောင့်..အသုံးပြုပုံ၊​ ဆေးအာနိသင်တွေတော့ မတူကြ​ပေ။

သို့ဖြစ်ပါ၍ ​အေအိုင်တမျိုးချင်းအလိုက် တခုချင်း အ​သေးစိတ် ထပ်မံခွဲခြား​ဖော်ပြရခြင်းဖြစ်ပါသည်။

အဆိပ်သင့်လမ်း​ကြောင်း(MoA)

inhibition of the acetylcholinesterase enzyme.

ဆေးအာနိသင်

- ထိ​သေ/စား​သေ၊ အရွက်တွင်း စိမ့်ဝင်ပျံ့နှံ့​စေပါသည်။

- ပိုးဥများ ကန်း​စေ​သော(Ovicide.action) အာနိသင်ရှိပါသည်။

ဆေးအမျိုးအစား

- အင်းဆက်​ဆေး၊ မွှားပင့်ကူ​ဆေး

အဓိကနှိမ်နင်းနိုင်​သော ဖျက်ပိုးများ

စပါး၊ ​မြေပဲ ရွက်လိပ်/ကပ်၊ ရွက်ဖြတ်ပိုး၊ ဆစ်ပိုး၊ နှံစုပ်ပိုး၊ င​မြောင်​တောင်၊ ခူ​မွှေးရှည်၊ ဝါသီးလုံး​ဖောက်၊ ပဲပွင့်​ထွေးပိုး၊ ပင်ဖြတ်ပိုး၊ မွှားပင့်ကူ၊ ပိုး​စေးနှဲ၊ အ​ကြေးပိုးများ၊ ရွက်စားကျိုင်းများ၊ အခွံမာကျိုင်းများ....စသည်...

အသုံးပြုရန်နှုန်းထား

​ရေ ၁ ဂါလံ =​ ဆေး ၁၀ စီစီ

အဆိပ်သင့်မှု

သန(၅၀) = (၃၅၀ မီလီ /ကီလိုဂရမ်)

လူနှင့်​သွေး​နွေးသတ္တဝါများ အတွက် အ​ရေပြားနဲ့ထိမိပါက ယားယံခြင်း၊ ပူစပ်ခြင်း၊ ရှူမိပါက မူး​ဝေ​အော့အန်ခြင်းများ ဖြစ်​စေတတ်ပါသည်။ (အကာအကွယ်ပစ္စည်းများသုံးပြီးမှ ​ဆေးဖျန်းပါ)

ငှက်များ၊ ပျားပိတုန်းများ၊ ငါးများကို အန္တရာယ်ရှိ​စေပါသည်။

သီးနှံပင်​လောင်ကျွမ်းမှု

ပရိုဖီနို​ဖော့သည် ​ဖော့စဖိတ်ဓာတ်​ကြောင့် မြေပဲကဲ့သို့ ယာသီးနှံများတွင် ပိုးရှင်းရုံသာမက အပင်ကိုလည်း စိမ်းမြ​စေပါသည်။

သို့​သော် EC ​ဖော်မြူလာဖြစ်သဖြင့် အပွင့်ဝင်ချိန်၊ အပူချိန်မြင့်ချိန်တွင် နှုန်းထားများများဖျန်းပါက

အပွင့်​ကြွေခြင်း/ဝတ်မှုန်ကူးမှု မ​အောင်မြင်ခြင်းများ ဖြစ်စေနိုင်ပါသည်။

သတိပြုရန်

ဝါသီးနှံတွင် နှုန်းထားများများဖျန်းပါက အရွက်ဖျားများ နီရဲတတ်ပါသည်။

စေတနာများစွာဖြင့်

ဦးသာပို

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

4
ကိုဇော်

ကိုဇော်

လွန်ခဲ့သော ၁ နှစ် က

o

သော်ဇင်

သော်ဇင်

လွန်ခဲ့သော ၃ နှစ် က

နှမ်းအမြစ်မှာအနီစက်လေးတွေ တွေ့နေရလိူ

သော်ဇင်

သော်ဇင်

လွန်ခဲ့သော ၃ နှစ် က

Azoxystrobin±difenoconazole

သော်ဇင်

သော်ဇင်

လွန်ခဲ့သော ၃ နှစ် က

ဆရာဒီaiကအမြစ်ဆီရောက်နိုင်သလားဆရာ

You

ဆက်စပ်မေးခွန်းများ

ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။

Kyaw Soe Naing • ဖြေကြားချက် 2 ခု

မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ

Hnin Nu Wai • ဖြေကြားချက် 2 ခု

မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီး‌ကြွေနေလို့ပါ

ရှိုင်းထက်အောင် • ဖြေကြားချက် 4 ခု

မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်

Hnin Nu Wai • ဖြေကြားချက် 3 ခု

ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်

Khaing Zin Thet • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။