တံတွေးပိုး(သို့မဟုတ်)ဖော့ဟော့ပါ

15/12/2020 11:45 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

        သစ်ပျော့ပင်တွေရဲ့ အရွက်နဲ့ပင်စည်ကြားမှာ တံတွေးထွေးထားသလိုမျိုး ဖြစ်နေတာကို ဉီးကြီးတို့တွေ့ဖူးကြမှာပါ။ ထိုတံတွေးအိမ်ထဲမှာနေကြတဲ့ တံတွေးပိုးကောင်လေးတွေကို တွေ့ဖူးကြသူအလွန်ဘဲနည်းပါးပါတယ်။ တံတွေးပိုးတွေက သစ်ပျော့ပင်ဖြစ်တဲ့ အလှစိုက်မြက်၊ နှင်းဆီပင်၊ဂန္ဓာပင်၊စတော်ဘယ်ရီပင်နှင့် ဉယျာဉ်ခြံသီးနှံအများစုမှာ ကျရောက်ပါတယ်။ တံတွေးပိုးတွေက လူတွေရဲ့တံတွေးလို အရွက်ပေါ်မှာ မြင်ရတဲ့အတွက် ခွဲခြားရလွယ်ကူပါတယ်။ တံတွေးပိုးအိမ်ရဲ့ အရွယ်အစားက ၃လက်မ- ၄လက်မ ဝန်းကျင်ရှိပါတယ်။ ထိုတံတွေးအိမ်ထဲမှာ ပိုးတုံးလုံးကရှိနေပါတယ်။

       

        တံတွေးပိုးတွေက သူတို့၏ ရန်သူတွေနဲ့ ခြောက်သွေ့မှုဒဏ်  ကာကွယ်ရန် အတွက်စုပ်ယူထားသော ပင်ရည်များကို လူ၏တံတွေးကဲ့သို့ပြန်လည် စစ်ထုတ်ထားခြင်း ဖြစ်ပါတယ်။ တံတွေးပိုးတွေက ပိုးတုံးလုံးအဆင့်ထဲက အပင်ပင်စည်နဲ့ပင်ရည်ကို ထိုးဖောက်စုပ်စားကြပါတယ်။ တံတွေးပိုး၏ခန္ဓာကိုယ်သည် ပျော့ပျောင်းပြီး အရှည်သည် တစ်လက်မ၏၄ပုံ၁ပုံရှိကာ ရှည်မျောမျော ပုံစံရှိပါတယ်။ ကြီးထွားလာသည်နှင့်အမျှ လိမ္မော် ရောင်မှ အဝါရောင်၊ အဝါရောင်မှ အစိမ်းရောင် ပြောင်းလဲပါတယ်။ပိုးတုံးလုံးအဆင့်တွင် ကြီးပြီးနီရဲသည့် မျက်လုံးရှိိပါတယ်။ အရွယ်ရောက်နေတဲ့ပိုးတုံးလုံးတွေကို မြင်ဖို့မလွယ်ကူပါဘူး။ ပိုးတုံးလုံးများ အရွယ်ရောက်လာသည့်အခါ အစိမ်းရောင်မှ မီးခိုးရောင်(သို့)အညိုရောင်ပြောင်းလဲသွားပါတယ်။ အရွယ်ရောက်နေတဲ့ တံတွေးပိုးများသည် ခုန်ရန် ခြေထောက်ပါရှိတဲ့ အတွက် တံတွေးပိုးတွေကို ဖော့ဟော့ပါလို့လည်း ခေါ်ပါသေးတယ်။ လိ့ဖ်ဟော့ပါနဲ့လည်း ဆင်တူပေမဲ့ ဖော့ဟောပါ က လှုပ်ရှားမှု ပိုမြန်ပါတယ်။

       တံတွေးပိုးဥတွေက  ဆောင်းရာသီတစ်လျှောက်လုံး ရွက်ဆွေးရွက်ကြွေအစုအပုံထဲမှာ နေကြပါတယ်။ ပိုးတုံးလုံးတွေက ဧပြီလနှင့် မေလအစောပိုင်းတွင် တံတွေးပိုးအိမ်ထဲမှ ထွက်လာပြီး အပင်ပင်စည်မှနေ၍ ရွက်ညွန့်နှင့် ခေါင်တိုင်ထိ တိုင်အောင်  စားသောက်ဖျက်စီးလေ့ရှိပါတယ်။  ၅ပတ်မှ၈ပတ်ကြာသည့်အခါ အရွယ်ရောက်ကောင် အဆင့်ရောက်လာတဲ့ ပိုးတုံးလုံးများတွေက အနီးအနားမှာရှိတဲ့ မြက်ခင်း၊စားကျက်မြေတွေကို ရွေ့လျားပြီး စားသောက်ကြပါတယ်။ တံတွေးပိုးအမတွေက စက်တင်ဘာ၊အောက်တိုဘာလများတွင် ပြန်လည် ကိုယ်ဝန်ဆောင် လေ့ရှိပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အပင်၏ပင်စည်နှင့် အရွက်တွေပေါ်မှာ သူတို့၏ဥတွေကို အစုလိုက်ဥချပါတယ်။ တံတွေးပိုးများ၏ ထူးခြားချက်ကတစ်နှစ်တစ်ခါသာ မျိုးပွားခြင်းပါ။

ကာကွယ်နှိမ်နင်းနည်း

        ဧပြီနောက်ပိုင်းနှင့် မေလအစောပိုင်းတွေမှာ ၁ပတ်ကို ၂ကြိမ်ခန့် အပင်၏အောက်ခြေနားတွင် တံတွေးပုံစံအစုအဝေးရှိမရှိကို စစ်ဆေးပေးသင့်ပါတယ်။ အပင်ကြီးတွေမှာတော့ အရွက်နုတွေရဲ့ အောက်မျက်နှာပြင်ကို စစ်ဆေးသင့်ပါတယ်။ မလိုအပ်သည့် ပေါင်းပင်များကြိုတင်ရှင်းလင်းခြင်းမျိုးကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။ အကယ်၍ တံတွေးပိုးတွေ့ခဲ့လျှင် လက်ဖြင့်ကောက်ယူရှင်းပေးခြင်း ၊အားပြင်းသောရေ( ရေပိုက်) ဖြင့်ပတ်ဖျန်းခြင်းမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ တံတွေးပိုးတွေကသူတို့ရဲ့တံတွေးပုံစံ အိမ်အစုအဝေးမှာ နေတဲ့အတွက် ပိုးသတ်ဆေးဖြန်းမယ်ဆိုရင် သိပ်အကျိုးမရှိနိုင်ပါဘူး။ တံတွေးပိုးတွေက အပင်တွေကို ထိုးဖောက်စုပ်စားတဲ့အခါ ဆိုးဆိုးဝါးဝါးမပျက်စီးစေသော်လည်း အပင်ပုံသဏ္ဍာန်ကိုတော့ ထိခိုက်ပျက်စီးစေပါတယ်။ တံတွေးပိုးကျရောက်ခြင်းကိုခံရသည့် စတော်ဘယ်ရီအခင်းများတွင် စတော်ဘယ်ရီပင်သည် ကြီးထွားမှုနှေးခြင်း၊ အဆစ်တိုကာ အပင်ပုခြင်း ဖြစ်စေနိုင်ပါတယ်။အထူးသဖြင့် ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကို လျော့ကျစေနိုင်တဲ့အတွက် စတော်ဘယ်ရီစိုက်ဦးကြီးတို့အနေဖြင့် သတိမူသင့်တဲ့ပိုးဖြစ်ကြောင်းတင်ပြရင်းနိဂုံးချုပ်လိုက်ရပါတယ်။

Reference: https://www.gardeningknowhow.com/plant-problems/pests/insects/spittlebug-control.htm

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်