တံတွေးပိုး(သို့မဟုတ်)ဖော့ဟော့ပါ
သစ်ပျော့ပင်တွေရဲ့ အရွက်နဲ့ပင်စည်ကြားမှာ တံတွေးထွေးထားသလိုမျိုး ဖြစ်နေတာကို ဉီးကြီးတို့တွေ့ဖူးကြမှာပါ။ ထိုတံတွေးအိမ်ထဲမှာနေကြတဲ့ တံတွေးပိုးကောင်လေးတွေကို တွေ့ဖူးကြသူအလွန်ဘဲနည်းပါးပါတယ်။ တံတွေးပိုးတွေက သစ်ပျော့ပင်ဖြစ်တဲ့ အလှစိုက်မြက်၊ နှင်းဆီပင်၊ဂန္ဓာပင်၊စတော်ဘယ်ရီပင်နှင့် ဉယျာဉ်ခြံသီးနှံအများစုမှာ ကျရောက်ပါတယ်။ တံတွေးပိုးတွေက လူတွေရဲ့တံတွေးလို အရွက်ပေါ်မှာ မြင်ရတဲ့အတွက် ခွဲခြားရလွယ်ကူပါတယ်။ တံတွေးပိုးအိမ်ရဲ့ အရွယ်အစားက ၃လက်မ- ၄လက်မ ဝန်းကျင်ရှိပါတယ်။ ထိုတံတွေးအိမ်ထဲမှာ ပိုးတုံးလုံးကရှိနေပါတယ်။
တံတွေးပိုးတွေက သူတို့၏ ရန်သူတွေနဲ့ ခြောက်သွေ့မှုဒဏ် ကာကွယ်ရန် အတွက်စုပ်ယူထားသော ပင်ရည်များကို လူ၏တံတွေးကဲ့သို့ပြန်လည် စစ်ထုတ်ထားခြင်း ဖြစ်ပါတယ်။ တံတွေးပိုးတွေက ပိုးတုံးလုံးအဆင့်ထဲက အပင်ပင်စည်နဲ့ပင်ရည်ကို ထိုးဖောက်စုပ်စားကြပါတယ်။ တံတွေးပိုး၏ခန္ဓာကိုယ်သည် ပျော့ပျောင်းပြီး အရှည်သည် တစ်လက်မ၏၄ပုံ၁ပုံရှိကာ ရှည်မျောမျော ပုံစံရှိပါတယ်။ ကြီးထွားလာသည်နှင့်အမျှ လိမ္မော် ရောင်မှ အဝါရောင်၊ အဝါရောင်မှ အစိမ်းရောင် ပြောင်းလဲပါတယ်။ပိုးတုံးလုံးအဆင့်တွင် ကြီးပြီးနီရဲသည့် မျက်လုံးရှိိပါတယ်။ အရွယ်ရောက်နေတဲ့ပိုးတုံးလုံးတွေကို မြင်ဖို့မလွယ်ကူပါဘူး။ ပိုးတုံးလုံးများ အရွယ်ရောက်လာသည့်အခါ အစိမ်းရောင်မှ မီးခိုးရောင်(သို့)အညိုရောင်ပြောင်းလဲသွားပါတယ်။ အရွယ်ရောက်နေတဲ့ တံတွေးပိုးများသည် ခုန်ရန် ခြေထောက်ပါရှိတဲ့ အတွက် တံတွေးပိုးတွေကို ဖော့ဟော့ပါလို့လည်း ခေါ်ပါသေးတယ်။ လိ့ဖ်ဟော့ပါနဲ့လည်း ဆင်တူပေမဲ့ ဖော့ဟောပါ က လှုပ်ရှားမှု ပိုမြန်ပါတယ်။

တံတွေးပိုးဥတွေက ဆောင်းရာသီတစ်လျှောက်လုံး ရွက်ဆွေးရွက်ကြွေအစုအပုံထဲမှာ နေကြပါတယ်။ ပိုးတုံးလုံးတွေက ဧပြီလနှင့် မေလအစောပိုင်းတွင် တံတွေးပိုးအိမ်ထဲမှ ထွက်လာပြီး အပင်ပင်စည်မှနေ၍ ရွက်ညွန့်နှင့် ခေါင်တိုင်ထိ တိုင်အောင် စားသောက်ဖျက်စီးလေ့ရှိပါတယ်။ ၅ပတ်မှ၈ပတ်ကြာသည့်အခါ အရွယ်ရောက်ကောင် အဆင့်ရောက်လာတဲ့ ပိုးတုံးလုံးများတွေက အနီးအနားမှာရှိတဲ့ မြက်ခင်း၊စားကျက်မြေတွေကို ရွေ့လျားပြီး စားသောက်ကြပါတယ်။ တံတွေးပိုးအမတွေက စက်တင်ဘာ၊အောက်တိုဘာလများတွင် ပြန်လည် ကိုယ်ဝန်ဆောင် လေ့ရှိပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အပင်၏ပင်စည်နှင့် အရွက်တွေပေါ်မှာ သူတို့၏ဥတွေကို အစုလိုက်ဥချပါတယ်။ တံတွေးပိုးများ၏ ထူးခြားချက်ကတစ်နှစ်တစ်ခါသာ မျိုးပွားခြင်းပါ။

ကာကွယ်နှိမ်နင်းနည်း
ဧပြီနောက်ပိုင်းနှင့် မေလအစောပိုင်းတွေမှာ ၁ပတ်ကို ၂ကြိမ်ခန့် အပင်၏အောက်ခြေနားတွင် တံတွေးပုံစံအစုအဝေးရှိမရှိကို စစ်ဆေးပေးသင့်ပါတယ်။ အပင်ကြီးတွေမှာတော့ အရွက်နုတွေရဲ့ အောက်မျက်နှာပြင်ကို စစ်ဆေးသင့်ပါတယ်။ မလိုအပ်သည့် ပေါင်းပင်များကြိုတင်ရှင်းလင်းခြင်းမျိုးကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။ အကယ်၍ တံတွေးပိုးတွေ့ခဲ့လျှင် လက်ဖြင့်ကောက်ယူရှင်းပေးခြင်း ၊အားပြင်းသောရေ( ရေပိုက်) ဖြင့်ပတ်ဖျန်းခြင်းမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ တံတွေးပိုးတွေကသူတို့ရဲ့တံတွေးပုံစံ အိမ်အစုအဝေးမှာ နေတဲ့အတွက် ပိုးသတ်ဆေးဖြန်းမယ်ဆိုရင် သိပ်အကျိုးမရှိနိုင်ပါဘူး။ တံတွေးပိုးတွေက အပင်တွေကို ထိုးဖောက်စုပ်စားတဲ့အခါ ဆိုးဆိုးဝါးဝါးမပျက်စီးစေသော်လည်း အပင်ပုံသဏ္ဍာန်ကိုတော့ ထိခိုက်ပျက်စီးစေပါတယ်။ တံတွေးပိုးကျရောက်ခြင်းကိုခံရသည့် စတော်ဘယ်ရီအခင်းများတွင် စတော်ဘယ်ရီပင်သည် ကြီးထွားမှုနှေးခြင်း၊ အဆစ်တိုကာ အပင်ပုခြင်း ဖြစ်စေနိုင်ပါတယ်။အထူးသဖြင့် ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကို လျော့ကျစေနိုင်တဲ့အတွက် စတော်ဘယ်ရီစိုက်ဦးကြီးတို့အနေဖြင့် သတိမူသင့်တဲ့ပိုးဖြစ်ကြောင်းတင်ပြရင်းနိဂုံးချုပ်လိုက်ရပါတယ်။
Reference: https://www.gardeningknowhow.com/plant-problems/pests/insects/spittlebug-control.htm
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဒီကန်စွန်းမှာ ဖြစ်နေတဲ့ ရောဂါရယ် ဘာဆေးဖြန်းရမလဲ ပြောပြပေးပါ
သက်နိုင်ထွန်း • ဖြေကြားချက် 0 ခု
ဆရာ မိုးအရမ်းရွာနေပါတယ်ခင်ဗျ ခရမ်းချဥ်ခင်းအတွက်စိတ်ပူရပါတယ်😌 အရမ်းချဥ်က သီးလွန်းတော့ ကြိုးတွေလဲမနိုင်တော့ဘူး တစ်ခိုင်ကို ၆ လုံး ၇ လုံးထိသီးတယ် အတာအလုံးလေးတွေသေး သွားမှာ စိုးလို့ ကွန်ပေါင်းပဲထပ်ကျွေးရမလား ဒါမှမဟုတ် နောက်ဆူံးအဖျားသီးနှစ်လုံးလောက်ခြွေပစ်ရမလား 15 ပတ်လည်ကျွေးထားတာ တစ်ကြိမ်ပဲရှိပါသေးတယ်ဆရာ 15 ပတ်လည်ထပ်ကျွေးရမလား ဆရာပြောတဲ့ပိုတက်သီးသန့်တော့မရှိဘူး ရွက်ဖျန်းအားဆေး 3.39.50 ရွက်ဖျန်းဆေးတော့ရှိပါတယ်ဆရာ မိုးနည်းရပ်ဝန်းမှာ မိုးအရမ်းရွာနေတာကြီးက အဆင်ပြေမနေဘူးဆရာ😌
U Yan • ဖြေကြားချက် 2 ခု
ဘက်တီးရီးယားဆေးကော့ပါးပတ်ပြီးဘယ်နှစ်ရက်နေရင်အောက်ဆေးပုလဲပိုတက်ကျွေးရလဲခဗျ
kyaw zin • ဖြေကြားချက် 2 ခု
ဘာဆေးသုံးရမလဲဆရာတို့လမ်းညွန်ကြပါအုံး
Aung Nay Linn • ဖြေကြားချက် 2 ခု
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from ဆုမြတ်နိုး
အားလုံး