အရှေ့တောင်အာရှနိုင်ငံများ၏ အဆင့်မြင့်နှင့် အသက်မွေးဝမ်းကျောင်းပညာရေး

26/09/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

ကိုဗစ်အလွန်ကာလများတွင် စီးပွားရေးပြန်လည်နာလန်ထူမှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေးကဏ္ဍများ ကျားကန်ထားရန်လိုအပ်သလို ပညာရေးဘက်တွင်လည်း သူများထက် အောက်မကျအောင် သတိရှိရှိနှင့် ပြုလုပ်ရပါမည်။ အဆင့်မြင့်ပညာကဏ္ဍတွင် ကျွန်တော်တို့မိတ်ဆွေ အာဆီယံနိုင်ငံများ ဆောင်ရွက်နေမှုများကို ကျွန်တော်သိသလောက် ဗဟုသုတအနေနှင့် တင်ပြပါမည်။ 

ဇယား - ၁ အရှေ့တောင်အာရှနိုင်ငံများ၏ အဆင့်မြင့်ပညာရေးဆိုင်ရာ အချက်အလက်များ (၂၀၁၈)

ကျွန်တော်တို့နိုင်ငံ၏ပညာရေးအသုံးမှာ တနှစ်ထက်တနှစ်ပိုမိုလာသော်လည်း လူတစ်ဉီးချင်းကုန်ထုတ်လုပ် မှု ရာခိုင်နှုန်းနှင့်ယှဉ်ကြည့်လျှင် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နည်းနေပါသေးသည်။

 ဇယား - အရှေ့တောင်အာရှနိုင်ငံများ၏ အဆင့်မြင့်ပညာရေးဆိုင်ရာ အချက်အလက်များ (၂၀၁၈)**

** ၂၀၁၈ ခုနှစ်စာရင်းဇယားဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များသာဖြစ်ပြီး အခြားဝန်ကြီးဌာနများအောက် တက္ကသိုလ်၊ ကောလိပ်များ မပါဝင်သေးပါ၊

(*) အစိုးရမှပံ့ပိုးပေးသော တက္ကသိုလ်၊ကောလိပ်များ (Public Higher Education Institutions)

မြန်မာနိုင်ငံတွင် စုစုပေါင်း အဆင့်မြင့်ကျောင်းသားအရေအတွက်မှာ ၈ သိန်းကျော်ရှိသော်လည်း အခြားနိုင်ငံများနှင့် ယှဉ်ကြည့်ပါက ကျောင်းသား/ကျောင်းသူ တက်ရောက်နေသူဉီးရေ နည်းနေပါသေးသည်။

ဇယား - ဖိလစ်ပိုင်နိုင်ငံ၏ အစိုးရနှင့်ပုဂ္ဂလိကကျောင်းများ ဘွဲ့ကြို၊ဘွဲ့လွန် သင်တန်းများတက်ရောက်မှု

ဖိလစ်ပိုင်နိုင်ငံ အဆင့်မြင့်ပညာရေးကော်မရှင် (Commission on Higher Education) ၏ ၂၀၂၀ ဇူလိုင် လ နောက်ဆုံးရ ကိန်းဂဏန်းဖြစ်ပါသည်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားတို့တွင် အဆင့်မြင့်ပုဂ္ဂလိကကျောင်း များပြားလှပါသည်၊ ပါရဂူနှင့် မဟာဘွဲ့များမှာလည်း အခြားနိုင်ငံများထက် ပိုမိုမွေးထုတ်ပေးနေသည်ကို သတိပြုမိစေချင်ပါသည်။ 

ပုဂ္ဂလိကကဏ္ဍကို အားပေးရမည်ဖြစ်သော်လည်း အရည်အသွေးစစ်ဆေးမှု (Quality Control)၊ အသိ အမှတ်ပြုမှု (Accreditation) တို့ဖြင့် အရည်အသွေး (Quality Assurance) ကို ထိန်းချုပ်ရပါမည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူအလိုက် နာမည်ကြီး၊ ရေပန်းစားနေသောဘာသာရပ်များ (Popular Subjects)ကို အောက်ဖော်ပြပါဇယားတွင် တွေ့မြင်နိုင်ပါသည်။ 

 

 ဇယား - ၃ ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကြီး၊ ရေပန်းစားနေသောဘာသာရပ်များ

ဇယား - ဖိလစ်ပိုင်နိုင်ငံ၏နာမည်ကြီး၊ ရေပန်းစားနေသောဘာသာရပ်အလိုက်တက်ရောက်နေသောအရေအတွက်များ (၂၀၁၈-၁၉)

ဆေးနှင့်ဆေးနှီးနွယ်ဘာသာရပ်များတက်ရောက်မှုမှာ ကျောင်း/သားကျောင်းသူအရေအတွက် ၂ သိန်းကျော်ပါသည်။ ဖိလစ်ပိုင်နိုင်ငံမှ ဘွဲ့ရသူနာပြုများမှာ အင်္ဂလိပ်စကားလည်းပြောဆိုနိုင်၊ ဘာသာရပ်လည်းတတ်ကျွမ်းသဖြင့် တစ်ကမ္ဘာလုံး၌ အလုပ်လုပ်ကြကာ (စာရင်းဇယားအရ ဖိလစ်ပိုင်သူနာပြု ၂.၅ သန်း နိုင်ငံပြင်ပတွင် အလုပ်လုပ်နေပါသည်) တိုင်းပြည်ဝင်ငွေများစွာ ရှာပေးလျှက် ရှိပါသည်။

စင်္ကာပူနိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်း ၅၈-ကျောင်းက စီးပွားရေး၊ စီမံခန့်ခွဲရေးနှင့်ဆိုင်သော (Business, Management and Related Subjects) ဘာသာပေါင်း ၆၇၇ ဘာသာ သင်ကြားကာ ဘွဲ့ရကျောင်းဆင်းများက တစ်ကမ္ဘာလုံး၌ အလုပ်လုပ်နေကြသည်ကို အားကျဖွယ် တွေ့မြင်နေရပါသည်။ 

 

ဇယား - ၅ စင်္ကာပူနိုင်ငံ၏ စီးပွါးရေး၊ စီမံခန့်ခွဲရေးနှင့်ဆိုင်သော (အစိုးရ၊ ပုဂ္ဂလိက) တက္ကသိုလ်၊ ကျောင်းအမည်များ (၂၀၁၈-၁၉)

ကျွန်တော်တို့နိုင်ငံ အနေနှင့်လည်း မိတ်ဆွေအိမ်နီးချင်းနိုင်ငံများနှင့် ရင်ဘောင်တန်းလိုက်နိုင်အောင် အသက်မွေးဝမ်းကျောင်းနှင့် အဆင့်မြင့်ပညာရေးများကို အစိုးရ (Public Sector) နှင့် ပုဂ္ဂလိက (Private Sector) ကဏ္ဍများမှ ပညာရေးအရည်အသွေး (Quality Assurance) နှင့် အသိအမှတ်ပြုမှု (Accreditation) ကိုလည်း အလေးပေးရပါမည်။

စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ ကျွန်တော်၏ တပည့်ဟောင်းများ ဖြစ်ကြသော ဒေါက်တာဟန်ဖြိုးအောင် တို့စီစဉ်နေသည့် မြန်မာ့တောင်သူကြီးများအကယ်ဒမီ (Myanmar Farmer Academy) နှင့် ဦးကောင်းမြတ်တို့ ဖွင့်လှစ်ပေးနေသည့်  ဒက္ခိဏစိုက်ပျိုးရေး  ( Dekkhina Agri-Business Management Institute) စသည့် ပုဂ္ဂလိက သင်တန်းကျောင်းများ (Private Institutions for Agriculture)  ရှိပါသည်။

ယခု ကျွန်တော်တို့ ရွှေရောင်လွင်ပြင် (Golden Plain) အဖွဲ့နှင့်  (Skyward Education Myanmar Academy - SEMA) တို့ ပူးတွဲဖွင့်လှစ်မည့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry)၊ အခြေခံစိုက်ပျိုးမွေးမြူရေးသိပ္ပံပညာ (Basic Agricultural Science) နှင့် မွေးမြူရေးအာဟာရပညာ (Animal Nutrition) လက်မှတ်ရ အခြေခံသင်တန်း (Basic Certificate Courses) များကို ၂၀၂၂-ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပါပြီ။  

ဤသင်တန်းများအတွက် အသက်ကန့်သတ်ချက် မရှိပါ။ အနည်းဆုံးပညာအရည်အချင်းမှာ အလယ်တန်းကျောင်း (အဌမတန်းအောင် ဖြစ်ရမည်)။

သီးနှံသစ်တောရောနှာစိုက်ပျိုးခြင်း သင်ရိုးညွှန်းတမ်းတွင် ပါဝင်မည်များမှာ...

  • ကွန်ပြူတာ၊ အင်တာနက်လေ့ကျင့်ခန်းများ၊
  • စိုက်ပျိုးရေး ဟူသော ဝေါဟာရ၏ မူရင်းအဓိပ္ပာယ်၊
  • သစ်တောဟူသောဝေါဟာရ၏ မူရင်းအဓိပ္ပာယ်၊
  • သီးနှံသစ်တော အတူစိုက်ပျိုးခြင်းဝေါဟာရ၏ မူရင်းအဓိပ္ပာယ်များနှင့် သမိုင်းကြောင်း၊
  • မည်သည့်အတွက်ကြောင့် သီးနှံသစ်တောအတူစိုက်ပျိုးခြင်း နည်းစနစ်က အရေးကြီးရပါသလဲ၊
  • သီးနှံသစ်တောအတူစိုက်ပျိုးခြင်းနည်းစနစ်များ ခွဲခြားလေ့လာခြင်း၊
  • မြေဆီလွှာအတွင်းသို့ နိုက်တြိုဂျင် ဖြည့်တင်းပေးသောအပင်များနှင့် မြေဆီလွှာအခြေအနေ၊
  • မြေဆီလွှာ၊ စိုက်ပျိုးရေးဂေဟအခြေအနေနှင့် သင့်တော်သည့် စိုက်ပျိုးရေးပင်များ၊
  • သီးနှံသစ်တော အတူစိုက်ပျိုးခြင်းစနစ် တည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားရန် အချက်များ၊
  • ဥယျာဉ်ခြံသီးနှံ သစ်သီးပင်များ၊ နှစ်ရှည်ရော်ဘာ၊ ကော်ဖီပင်များ စိုက်ပျိုးရေးအကြောင်း၊
  • သီးနှံသစ်တောအတူစိုက်ပျိုးခြင်းနှင့် ကျေးလက်လူမှုဘဝ ဆက်စပ်ခြင်း၊ 
  • သီးနှံသစ်တောအတူစိုက်ပျိုးခြင်းစနစ်ထွန်းကားလာစေရန် ပံ့ပိုးပေးရမည့် အချက်များ၊
  • သီးနှံသစ်တောအတူစိုက်ပျိုးခြင်းတွင် သီးနှံစိုက်ပျိုးနည်းစနစ်များနှင့် အကျိုးကျေးဇူးများ၊
  • အိမ်တွင်း၊ ကျောင်းတွင်း သီးနှံ၊ သစ်တောရောနှောစိုက်ပျိုးခြင်း စသည်တို့ ဖြစ်ပါသည်။ 

အခြေခံစိုက်ပျိုးရေးပညာသင်တန်းတွင်..

  • စိုက်ပျိုးရေးပညာမိတ်ဆက်၊
  • အပင်ကြီးထွားမှု၊ အပင်နှင့်ပတ်ဝန်းကျင်များ၊
  • အပင်နှင့်မြေဆီလွာ, သဘာဝနှင့်ဓာတ်မြေသြဇာ၊
  • အပင်နှင့် ရေ၊ အစားအစာ၊
  • လယ်ယာသီးနှံပညာ,
  • စားကျက်သီးနှံများ
  • စိုက်ပျိုးရေးမိုးလေဝသ၊
  • ဥယျာဉ်ခြံသီးနှံပညာများ၊
  • အပင်မျိုးမွေးမြူရေးနှင့်ဗီဇဗေဒ၊ 
  • မျိုးစေ့သိပ္ပံပညာ၊
  • အပင်ကာကွယ်နှိမ်နှင်းခြင်း၊
  • စိုက်ပျိုးစီးပွားရေးပညာ၊
  • မွေးမြူရေးနှင့် နို့ထုတ်လုပ်ခြင်းသိပ္ပံပညာ၊
  • စိုက်ပျိုးရေးအင်ဂျင်နီယာ၊
  • ရေသွင်းရေထုတ်ခြင်း၊
  • စိုက်ပျိုးပညာပေးရေး

စသည်ဖြင့် ကျေးလက်ဒေသတောင်သူများ သိသင့်သိထိုက်သည်တို့ကို ပညာရှင်များစွာဖြင့် သင်ကြားပေးပါမည်။ အများ ဝေဖန်အကြံပြုသလို အင်္ဂလိပ်လို များစွာမရှိဘဲ တောင်သူများ နားလည်လွယ်အောင် ဆွေးနွေးပါမည်။ 

အဆိုပါ Online သင်တန်းများကို တက်ရောက်၊ ပါဝင်ဆွေးနွေးလိုပါက ရွှေရောင်လွင်ပြင် (Golden Plain Livelihood Development Services Co-op Ltd. Facebook Page) တွင် မှတ်ပုံတင် (Registration) ပြုလုပ်၍ တက်ရောက်ရန်ပဲ ဖြစ်ပါသည်။

ကျေးလက်လူငယ်များ၊တောင်သူဦးကြီးများ၊ အဒေါ်ကြီးများ အနေဖြင့် (Zoom Application) ကို သုံးတတ်ပြီး မိမိအိမ်တွင် အင်တာနက် (Internet Access) တယ်လီဖုန်းမှ (Mobile data) သို့မဟုတ်  ဝိုင်ဖိုင် (Wi-Fi) စသည်တို့ရရှိရန်ကိုပဲ လိုပါသည်။ အများစု အားလပ်သည့်အချိန် ညဦးပိုင်းတွင် ရက်သတ္တ တစ်ပတ်လျှင် တစ်ချိန်နှုန်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပါသည်။

အစိမ်းရောင်လမ်းမှလည်း အကြံပြုဆွေးနွေးနိုင်ပါသည်။

ဒေါက်တာမျိုးကြွယ် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်