တစ်ပတ်အတွင်းသတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ

05/02/2023 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မူးယစ်ဆေးဆိုတာ အမြတ်အများဆုံးလုပ်ငန်းတွေထဲကတစ်ခုဆိုတာ အားလုံးသိကြသည်။ ခေတ်အ ဆက်ဆက် မူးယစ်ဆေးထိန်းချုပ်ရေးတွေ လုပ်ဆောင်ခဲ့ကြဖူးသော်လည်း အပြည့်အဝ မအောင်မြင်။ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးကုန်ကူးကြသည်။ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာကျော်မူးယစ် ရာဇာတွေထိ ရှိခဲ့ဖူးသည်။ ပါဝင်ပတ်သက်သူတွေထဲလည်း ဟိုလူပါ ဒီလူပါတွေဆိုတော့...ဆိုတော့ပေါ့။

 

ပြောချင်သည်က ယခုနောက်ဆုံးအနေအထားများအရ မူးယစ်ဆေးတွေကို နွားသင်္ဘောတွင်တင်ပြီး ကမ္ဘာပတ်စေခြင်းအကြောင်းဖြစ်သည်။ ဒေါက်တာသက်ခိုင် အပတ်စဉ် တနင်္လာနေ့တိုင်း တင်ပြနေသည့် ကမ္ဘာတလွှားစိတ်ဝင်စားဖွယ်သတင်းများတွင် ‘နွားသင်္ဘောကြီးစီးလာသည့် မူးယစ် ဆေးဝါးများဖမ်းမိ’ ဆိုသည့်သတင်းကို စိတ်ဝင်စားမိသည်။ 

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တိုဂို (Togo)နိုင်ငံ အလံလွှင့်ထူထားတဲ့ Orion V ဆိုသည့် နွားတင်သင်္ဘောပေါ်ကနေ အမေရိကန်ဒေါ်လာ ၁၁၄ သန်း တန်ဖိုးရှိသည့် ကိုကင်းမူးယစ်ဆေးဝါးများကို စပိန်ရဲတွေက ဖမ်းမိခဲ့ခြင်းဖြစ်သည်။ 

စပိန်နိုင်ငံကို မဆိုက်ကပ်ခင် ဒီနွားတင်သင်္ဘောကြီးဟာ ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ရပ်နားခဲ့ပြီးပြီလို့ သတင်းထဲတွင် ဆိုထားသည်။  ဆိုတော့...မူးယစ်ဆေးတွေက ဘယ်လောက် တောင် ကမ္ဘာပတ်ကုန်ပြီမသိ။ ဘာကြောင့် ဒီလိုနွားတင်သင်္ဘောကိုမှ မူးယစ်ဆေးသယ်ဖို့ ရွေးချယ်လာ ကြသလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါသည်။

အပြည့်အစုံသိလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

 https://bit.ly/40xLhje

တစ်ခါတလေ လျှောက်တွေးမိသည်။ ငါတို့ကသာ တိရစ္ဆာန်တွေကို တိရစ္ဆာန်တွေလို့မြင်နေတာ။ သူတို့ကကျ ငါတို့ကို ဘယ်လိုပြန်မြင်မလဲမသိဘူးဆိုပြီး။ လူဆိုတာလည်း သတ္တဝါထဲက သတ္တဝါတစ်မျိုးပဲ မဟုတ်လား။ သတ္တဝါထဲမှာမှ အစုံပလုံစားတတ်တဲ့သတ္တဝါမျိုး။ ဆိုတော့ မမြင်ဖူး၊ မကြားဖူးသည့်ရောဂါမျိုးတွေလည်း ရလာကြပါလေကော။ အခုနောက်ဆုံး ကြောက်စရာအကောင်းဆုံးရောဂါတစ်မျိုးဖြစ်တဲ့ ကိုဗစ်-၁၉ တောင် တိရစ္ဆာန်တွေစားသုံးရာကနေ စတင်ခဲ့သည်လို့ ဆိုကြသည်ကိုး။ 

ဆိုတော့ သတ္တဝါအချင်းချင်းပင်ဖြစ်၍ တိရစ္ဆာန်တွေမှာဖြစ်သည့်ရောဂါများသည်လည်း လူတွေအတွက် မပေါ့ပါ။ သူတို့လည်းဖြစ် ကိုယ့်လည်းကူးတွေ အများအပြားရှိသည်။ ဒီအတွက် ဆောင်းပါးရှင် တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာယုဘုန်း ပြီးခဲ့သည့်တစ်ပတ်ကစပြီး ရေးသားလာသည့် လူကိုပါကူးစက်စေတတ်သောတိရစ္ဆာန်ရောဂါများအကြောင်းက မိမိရင်ကို ထိရှစေသလို အများသူငှာလည်းသိသင့်သည့်ဆောင်းပါးမျိုးဖြစ်သည်ဟု ညွှန်းချင်ပါသည်။ 

ပထမဆုံးစရေးလာသည်က လက်ပ်တိုစပိုင်ရိုးဆစ် (Leptospirosis) ဆိုသည့်ရောဂါအကြောင်း ဖြစ်သည်။ အခုမှအပိုင်း(၁) သာရှိသေးပြီး မပြီးသေးပါ။ နောက်ထပ်အပိုင်းများကိုလည်း စောင့်ဖတ်ဖို့ ရည်ရွယ်ထားပါသည်။ သူက လူတွေနဲ့ နီးစပ်လွန်းလှသည့် တိရစ္ဆာန်များထဲမှ နွား၊ ခွေး၊ မြင်းနှင့် ဝက်တွေမှာ အဖြစ်များသည်ဟုဆိုသည်။ ဆိုတော့ ကူးစက်လွယ်နိုင်လိမ့်မည်။ ရောဂါလက္ခဏာတွေ အကြောင်းတော့ ဒီအပိုင်းမှာ ပါမလာသေးပါ။ မိမိတွေ့မိသလောက်တော့ ဖျားတာ၊ ခေါင်းကိုက်တာ၊ အန်တာ၊ မျက်စေ့တွေနီတာ၊ ကြွက်သားတွေနာတာ၊ ချောင်းဆိုးတာ စသဖြင့် ဖြစ်နိုင်သည်ဟု ဆိုသည်။ ဘယ်လောက်အထိ ပြင်းထန်နိုင်သလဲဆိုတော့ ဒေါက်တာယုဘုန်း၏ နောက်ထပ်အပိုင်းများတွင် စောင့်ဖတ်စေချင်ပါသည်။ 

ယခု ပထမပိုင်းကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3HW0a7S

နောက်ဆုံးအနေဖြင့် ပြောချင်သည်ကတော့ မိမိစိတ်အဝင်စားခဲ့ဆုံးနှင့် တောင်သူများလည်း စိတ်ဝင်စား မည်ဟု ယူဆသည့် သတင်းကောင်းများအကြောင်းပါ။ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ ဈေးများ ပြီးခဲ့သည့် တစ်ပတ်အတွင်း သိသိသာသာ ခုန်တက်ကြသည်။

စိုက်စရိတ်တွေ အလွန်အမင်း ကြီးမြင့်နေချိန်မျိုး တွင် ယခုလို ဈေးကောင်းရလာခြင်းက တောင်သူများအတွက် အသက်ရှူပေါက်ချောင်စေနိုင်ပါသည်။ သွင်းအားစုတွေ တက်နှုန်းနှင့်ယှဉ်လျှင်တော့ အလွန်အမင်းချောင်ခြင်းမျိုးတော့လည်း မဟုတ်ပါ။ ပြန်ကျသွားမလားဆိုပြီး စိုးရိမ်မှုများလည်း ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်က ပဲတီစိမ်း၊ မတ်ပဲ လှိုင်လှိုင်ထွက်ချိန် မဟုတ်သေးတာကြောင့်ဖြစ်သည်။ လှိုင်လှိုင်ထွက်ပြီဆို ခဲမှန်ဖူးကြသည်ကိုး။

ဆိုတော့ ဒီပဲတွေ ဒီလို ဈေးတွေတက်နေတာ ဘာကြောင့်လဲ၊ ရှေ့အလားအလာကော ဘယ်လိုရှိနိုင်သလဲဆိုတာတွေအပေါ် ကုန်သည်တွေက ဘယ်လိုသုံးသပ်ကြသလဲဆိုတာကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ 

https://bit.ly/3Yld6cM

ယခုတစ်ပတ်သတင်းဆောင်းပါးသုံးသပ်ချက်ကိုတော့ ဒီလောက်နှင့်ပဲ အဆုံးသတ်ပါရစေ။ မိမိ အမြဲ ပြောနေသလိုပင် တခြားသတင်းဆောင်းပါးတွေက မကောင်းလို့လားဆိုသည်မျိုးမဟုတ်ပါ။ မိမိ တစ်ကိုယ်ရည်အတွက် စိတ်အဝင်စားဆုံးဖြစ်မိသည့် သတင်းဆောင်းပါးများကိုသာ ရွေးချယ်ဖော်ပြခြင်း ဖြစ်ပါသည်။ ကျန်သည်များတွင်လည်း ဗဟုသုတရစရာ၊ သိသင့်စရာ၊ စိတ်ဝင်စားစရာတွေ ရှိပါသည်။ သိချင်လျှင်တော့ အစိမ်းရောင်လမ်း App တွင်သာ ဝင်ရောက်ရှာဖွေဖတ်ရှုကြပါတော့ ဟု တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်