တစ်ပတ်အတွင်းသတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ

05/03/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Green Way ၏ ရည်မှန်းချက်များထဲတွင် တောင်သူများနည်းပညာကို အကျိုးရှိရှိ အသုံးချနိုင်ပြီး မိရိုးဖလာလုပ်ငန်းမှသည် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အသုံးချလုပ်ကိုင်တတ်လာစေရေး လည်း ပါဝင်သည်။ ထို့အတွက် ယင်းကဲ့သို့ လက်တွေ့အသုံးချလုပ်ကိုင်နေသူများအကြောင်းကို အလျဉ်း သင့်သလို ဖော်ပြပေးနေခြင်းမျိုးရှိပါသည်။ 

ပြီးခဲ့သည့်တစ်ပတ်ထဲတွင်တော့ ယင်းကဲ့သို့ နည်းပညာကိုလက်တွေ့အသုံးချပြီး စပါးမျိုးများ ကိုယ် တိုင်ထုတ်လုပ်ဖြန့်ချိပေးနေသည့် လယ်သမားကြီး မန်းမြင့်အောင်အကြောင်းကို ဖော်ပြပေးဖြစ်ခဲ့သည်။ မန်းမြင့်အောင်အနေဖြင့် ထွန်းလာသည့်စပါးမျိုးကောင်းများကို မွေးမြူရင်း မျိုးသစ်များထုတ်လုပ်နေ သလို လက်ရှိတွင် တောင်သူပညာပေးအဖွဲ့များထံမှ ရရှိလာသည့် နည်းပညာများကို အသုံးချပြီး စပ်မျိုးများပင် စမ်းသပ်ထုတ်လုပ်နေပေပြီ။ 

သူသည်လည်း ခေတ်ပညာတတ်တစ်ဦးမဟုတ်သည့် သာမန်လယ်သမားတစ်ဦးသာဖြစ်သည်။ သို့သော် လေ့လာအားကောင်းသည်။ လက်တွေ့အသုံးချနိုင်စွမ်းကောင်းသည်။ စမ်းသပ်တီထွင်လိုစိတ်ကောင်း သည်။ နောက်ဆုံး ဘဝတူတောင်သူများအတွက် ပိုမိုအကျိုးရှိစေမည့် မျိုးကောင်းမျိုးသန့်များ ပေါ်ထွက် ရေးဆိုသည့် စိတ်စေတနာကောင်းသည်။ ယင်းအချက်များကို စည်းစနစ်ကျမှုနှင့်ပေါင်းစပ်လိုက်သည့် အခါတွင်တော့ မိကျောင်းသွယ်နှင့် ဧရာအောင်ဆိုသည့် စပါးမျိုးသစ်များကို ဖြစ်လာစေခြင်း ဖြစ်သည်။ 

မန်းမြင့်အောင်ကို အစိမ်းရောင်လမ်းက အင်တာဗျူးလုပ်ကြည့်တော့ အတော်လေး လေးစားစရာလူ တစ်ဦးဆိုသည်ကို သတိထားမိခဲ့သည်။ တကယ်တော့ ကန်ကြီးထောင့်မြို့နယ်ထဲရှိ အခြား လယ်သမား များလည်း ယင်းကဲ့သို့ တီထွင်စမ်းသပ်လုပ်ကိုင်လိုစိတ်များရှိကြသည်ဟု သိရသည့်အတွက် ပိုမို အား တက်မိပါသည်။ 

ဆိုတော့ မန်းမြင့်အောင်လယ်သမားကြီး မိကျောင်းသွယ်ဆိုသည့်စပါးမျိုးကို ဘယ်ပုံဘယ်နည်းတွေ့ရှိ လို့ ဘယ်ပုံဘယ်နည်း မျိုးအဖြစ်ထုတ်လုပ်ခဲ့သလဲဆိုတာကို အပိုင်း(၁) အဖြစ် ဖော်ပြပေးဖြစ်ခဲ့ပါသည်။ ဖတ်ရှုလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3F0jOhc

ဧရာအောင်စပါးမျိုးဖြစ်ပေါ်လာပုံအကြောင်းကိုလည်း လာမည့်တစ်ပတ်အတွင်း အပိုင်း(၂) အဖြစ် ဖော်ပြပေးသွားဖို့ ရှိပါသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာ့ဓလေ့ထုံးတမ်းအရ လယ်ယာလုပ်ငန်းဆိုလျှင် အမျိုးသားများကသာ ဦးဆောင်လုပ်ကိုင်ရမည်ဟူသော အလေ့အထမျိုးရှိနေသည်။ စိုက်ပျိုးရေးလုပ်ငန်းဆိုလျှင် အမျိုး သားများနှင့်သာဆိုင်သည့်သဘောမျိုးအထိပင်။ သို့သော် ယခုနောက်ပိုင်းတွင်ကား လယ်ယာလုပ် ငန်းသည် အမျိုးသမီးများနှင့်ပါ ပိုမိုသက်ဆိုင်သည့်လုပ်ငန်းတစ်ခုဖြစ်လာသည်။ အဘယ်ကြောင့်နည်း။ 

ရှင်းပါသည်။ လုပ်နိုင်ကိုင်နိုင်အမျိုးသားများ ကုန်ခန်းလာခြင်းကြောင့်ဖြစ်သည်။ တိုင်းပြည်အခြေအနေ အရ တိုင်းတပါးသို့သွားရောက်ပြီး အလုပ်လုပ်ကိုင်ခြင်းကသာ မိသားစုစားဝတ်နေရေးကို လုံလောက်စွာဖြေရှင်းပေးနိုင်သည့် အဖြေတစ်ခု ဖြစ်လာနေသည်။ အနေအထားကလည်း ယင်းကဲ့သို့အခြေအနေမျိုးကို တစ်နေ့တခြား ပိုမိုတွန်းပို့ပေးနေသည်။ ထို့ကြောင့် ဆက်စပ်ပြီးဖြစ်လာသည်က လယ်ယာလုပ်ငန်းကို အမျိုးသမီးများ မဖြစ်မနေ ဦးဆောင်လုပ်ကိုင်လာရခြင်းမျိုးပဲ ဖြစ်ပါသည်။

အမျိုးသမီးများဆိုသည်က အထက်မှာဖော်ပြခဲ့သလိုပင်။ ဓလေ့ထုံးတမ်းအရဖြစ်တည်လာသည့် တောင်သူမျိုးမဟုတ်။ ထို့အတွက် လယ်ယာလုပ်ငန်းအပေါ် ကျွမ်းကျင်မှုနည်းပါးသည်။ မကျွမ်းကျင် တော့ တောင်သူဆွေးနွေးပညာပေးပွဲများတွင်လည်း ဆွေးနွေးရမှာကို ရှက်ကြောက်ကြသည်။

ဆိုဆိုပါသောအကြောင်းများကြောင့် မိမိတို့နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတိုးတက်ဖို့ဆိုလျှင် အမျိုးသမီးတောင်သူအခန်းကဏ္ဍကိုမြှင့်တင်ပေးဖို့မဖြစ်မနေ လိုအပ်လာပြီဖြစ်ကြောင်း တောင်သူ အကျိုးရှေးရှုသည့်ဆောင်းပါးများရေးနေသော ဆောင်းပါးရှင်ဒို့ဦးလေး၏ ‘ မြန်မာ့လယ်ယာလုပ်ငန်းခွင် အမျိုးသမီးလယ်သမားများကို အားပေးကူညီပေးကြပါ’ ဆိုသည့်ဆောင်းပါးကို ပြီးခဲ့သည့်တစ်ပတ် အတွင်း Green Way တွင် ဖော်ပြဖြစ်ခဲ့ပါသည်။ 

"ဆရာရေ..အမျိုးသားတွေက ငရုတ်စိုက်ချိန်လောက်သာရှိတာ စိုက်ပြီးတာနဲ့ တချို့ မြို့တက်အလုပ်ထွက်လုပ်တယ် တချို့ကတော့..ထိုင်း၊ မလေး၊ လာအိုမှာ အလုပ်ထွက်လုပ်နေကြတာ။ အဖိုးအဖွား၊ ကလေးနဲ့ မသန်မစွမ်းတွေပဲကျန်တာ" တဲ့။

အဲ့ဒီဆောင်းပါးထဲက တောင်သူတစ်ဦးရဲ့ပြောစကား။ ဆိုတော့ ဒီလိုမျိုးဖြစ်စဉ်တွေဆိုတာ နေရာတော်တော်များများကို ကိုယ်စားပြုနေပါပြီ။ အသေးစိတ်ဖတ်ချင်လိုရင်တော့ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/41Kq1re

နောက်ဆုံးအနေဖြင့် ပြောချင်သည်ကတော့ စစ်အတွင်းဒုက္ခရောက်သူတွေမှာ လူတွေချည်းပဲမဟုတ်။ တိရစ္ဆာန်တွေလည်းပါသည်ဆိုသောအချက်။ ရုရှားကျူးကျော်စစ်အတွင်း ထွက်ပြေးကြရမှုများကြောင့် ယူကရိန်းတိရစ္ဆာန်အချို့ ခိုကိုးရာမဲ့၊ စစ်ဒဏ်ထိ ဖြစ်ကုန်ကြသည်။ ယင်းအခြေအနေကြား ထိုတိရစ္ဆာန်များ အတွက် သူရဲကောင်းအမျိုးသမီးတစ်ဦးတော့ရှိနေသည်။ သူ့နာမည်က မစ္စပိုပိုဗာ။

တိုက်ပွဲများကြားပိတ်မိနေသည့်တိရစ္ဆာန်များကို အသက်နှင့်ရင်းပြီး ကယ်ဆယ်ကူညီပေးနေသည့် အမျိုးသမီးတစ်ဦး။ စိတ်ဝင်စားစရာ၊ လေးစားစရာ အာဂအမျိုးသမီးတစ်ဦးပင်။ သူ့အနေနဲ့ အခုလို ကူညီနိုင်ဖို့အတွက် ဘယ်လိုကြိုးစားရသလဲ၊ ဘယ်လိုအခက်အခဲတွေကို တွေ့ကြုံရင်ဆိုင် ကျော်ဖြတ် ရသလဲဆိုတာတွေ သိချင်လျှင်တော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3mqkzK3

Green Way ၏ ထုံးစံအတိုင်း ပြီးခဲ့သည့်တစ်ပတ်အတွင်းတွင်လည်း စိတ်ဝင်စားစရာ၊ သိမှတ်စရာ သတင်းဆောင်းပါးပေါင်းများစွာကို ဖော်ပြပေးခဲ့ပါသည်။ တောင်သူလယ်သမားနေ့နှင့်လည်း တိုက် ဆိုင်ခဲ့သည်။ ဘယ်လိုနေ့ပဲဖြစ်ဖြစ် လက်ရှိတွင်တော့ တောင်သူလယ်သမားအများစု မငြိမ်းချမ်းနိုင်ကြ ပါ။ စစ်ဘေးရှောင်ရင်း မိမိတို့၏လုပ်ငန်းခွင်ကို စွန့်ခွာပြေးလွှားနေရခြင်းမျိုးကို သူတို့ခံစားနိုင်မည် မထင်ပါ။ ထိုသူများအားလုံး လိုအင်ဆန္ဒများ ပြည့်ဝကြပြီး မိမိတို့လုပ်ငန်းခွင်ဆီ အမြန်ဆုံးပြန်လာ နိုင်ကြပါစေဟု ဆုတောင်းရင်း ယခုတစ်ပတ် ‘တစ်ပတ်အတွင်းသတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ’  ကို နိဂုံးချုပ်လိုက်ပါရစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်