မန်ချူးစပါး (သို့) စား၍ရသော စပါးရိုင်းအကြောင်း

29/12/2020 11:45 AM တွင် Nyan Thant Zin Nyan Thant Zin မှ ရေးသား

      စပါးရိုင်းတဖြစ်လည်း မန်ချူးစပါးသည် အာရှမျိုးရင်းဖြစ်ပြီးသိပ္ပံအမည်မှာ Zizania Latifoliaဖြစ်ပါသည်။ ၎င်းစပါးရိုင်းတွင်မူ အစေ့ရောပင်စည်ကိုပါ စားသုံး၍ရပါသည်။ လေ့လာချက်များအရ စပါးရိုင်းမျိုးများထဲမှ ရှေးခတ်တရုတ်ပြည်တွင် အရေးကြီးသောသီးနှံဖြစ်ခဲ့‌သော စပါးမျိုးရိုင်းဖြစ်ပါသည်။ ၎င်းမျိုးရိုင်းများကို လယ်မြေများတွင် အတွေ့ရများတတ်ပြီး ယခုအချိန်တွင် ၎င်းကိုစပါးရိုင်းအဖြစ် မသတ်မှတ်ကြတော့ပါ။ တရုတ်တွင် မူ၎င်းစပါးပင်၏ အစေ့ကို မစားကြတော့သည်အထိရှိလာပါသည်။အဘယ်ကြောင့်ဆိုသော် ၎င်းစပါးမျိုးတွင် ပင်စည်ကို အဓိကစားသုံးရသောကြောင့်ဖြစ်ပါသည်။မန်ချူးစပါးကို အာရှနိုင်ငံများတွင် စိုက်ပျိုးရေးသီးနှံအဖြစ် သတ်မှတ်ကာစိုက်ပျိုးကြပါသည်။

       ၎င်းစပါးမျိုးများ၏ သီးနှံအောင်မြင်မှုသည် Ustilago esculentaဟုခေါ်သော မှိုတစ်မျိုးအပေါ်မူတည်ပါသည်။ ၎င်းမှိုကျရောက်ခြင်းကိုခံရပါမှ ပင်စည်သည်အရည်ရွှမ်းလာပြီး နူးညံ့လာမည်ဖြစ်ပါသည်။ ၎င်းမှိုကျရောက်ခြင်းခံရပြီးနောက် ပင်စည်တွင်းရှိဆဲလ်များ အဆမတန်ကြီးလာပြီးဆဲလ်အရေအတွက်များ များပြားလာပြီးအရည်ရွှမ်းပါသည်။ ၎င်းမှိုသည် အပင်တွင်ပန်းပွင့်ခြင်း ၊ အသီးတည်ခြင်းတို့ကို တားဆီးသောကြောင့် ရိုင်ဇုမ်း(ပင်ပိုင်းမျိုးပွားနည်း)ဖြင့်သာ မျိုးပွားပေးရပါသည်။ဖောင်းပွနေသောပင်စည်များကိုမူ သီးနှံအဖြစ် ရိတ်သိမ်းရပါသည်။ ၎င်းပင်စည်များသည် ၃စင်တီမီတာမှ ၄ စင်တီမီတာအထိကျယ်တတ်ကြပြီး ၂၀စင်တီမီတာအထိရှည်လျားပါသည်။

        ယခုဆိုလျှင် ၎င်းစပါးရိုင်းမျိုးအားစိုက်ပျိုးလာသည်မှာ နှစ်ပေါင်း၄၀၀ကျော်ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်အရပ်အခေါ်အရ ရေပြောင်းဖူးဟု ခေါ်ကြသည်ဟုလည်း မှတ်သားဖူးပါသည်။ ၎င်း၏အရသာနှင့် နူးညံ့မှုကြောင့် လူကြိုက်များသောသီးနှံဖြစ်ပြီး အစိမ်းလိုက်သုပ်စား၍ဖြစ်စေ ချက်စား၍ဖြစ်စေ စားသုံးနိုင်ပါသည်။ ၎င်းစပါးကိုစက်တင်ဘာလမှ အောက်တိုဘာလအထိ စိုက်ပျိုးရိတ်သိမ်းကြပါသည်။ ၎င်းရာသီသည် အခြားသီးနှံများ ရှားပါးချိန်ဖြစ်၍ စားသုံးသူများကိုပို၍ ဆွဲဆောင်နိုင်စေပါသည်။ ယခုအခါ၎င်းစပါးကို နယူးဇီလန်နိုင်ငံတွင် ပြည်ပမှလာသောစပါးအဖြစ် သတ်မှတ်ထားရှိပြီး စားသုံးကြပါသည်။ ဟာဝိုင်အီသို့လည်း တင်သွင်းနေကြပြီ ဖြစ်ပါသည်။အမေရိကန်‌နိုင်ငံသို့ တင်သွင်းခြင်းကိုမူQuarantineဥပ‌ဒေများအရ တားဆီးထားပါသည်

Source။ ။https://en.m.wikipedia.org/wiki/Zizania_latifolia

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်