ဇီဝလှုံဆော်ပစ္စည်း (biostimulant) အကြောင်း သိပြီးပြီလား?

25/06/2025 18:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ယနေ့ စိုက်ပျိုးရေးလောကမှာ ဇီဝလှုံ့ဆော်ပစ္စည်း(Biostimulants) များအကြောင်းကို သီးနှံစိုက်ပျိုးထုတ်လုပ်သူများ စိတ်ဝင်စားမှုမြင့်တက်လာနေတဲ့အတွက် ဒီနေ့မှာ ဇီဝလှုံဆော်ပစ္စည်းများအကြောင်းကို ဆွေးနွေးပေးသွားပါ့မယ်။

- သီးနှံပင်များဟာ ပုံမှန်အခြေနေမဟုတ်ဘဲ အချိန်ခါမဲ့ မိုးရွာခြင်း၊ ရုတ်တရက်နေပူခြင်း

- ပိုးမွှားရောဂါ/ပေါင်းမြက်များထူပြောပြီး ဓာတုဆေးများ အလွန်အကျွံအသုံးပြုနေရခြင်း

- မြေချဥ်၊ မြေငံ ပြဿနာကြုံတွေ့နေရခြင်း

- အထွက်နှုန်းကို ဓာတ်မြေသြဇာ ဖြင့် ထိန်းထားနေရခြင်း

- သဘာဝမြေသြဇာ အသုံးနည်းပြီး မြေဆီလွှာဆုတ်ယုတ်လာနေခြင်းစသော သီးနှံပင်နဲ့ မြေဆီလွှာပြဿနာများကို ဖြေရှင်းရန်အတွက် ဇီဝလှုံ့ဆော်ပစ္စည်း(Biostimulants) ကို မဖြစ်မနေ အသုံးပြုလာရခြင်းဖြစ်ပါတယ်။

■ (Biostimulants )ဆိုတာ ဘာလဲ? 

Biostimulants  ဆိုတာ အပင်အတွက်လိုအပ်သောအာဟာရများကို ကိုယ်တိုင်တိုက်ရိုက်ပံ့ပိုးမှုမပေးဘဲ ရာသီဥတု/ပိုးမွှားရောဂါဒဏ်ခံနိုင်အောင် ထောက်ပံ့ခြင်း၊ အမြစ်မှအစာစားနိုင်ကူညီခြင်း၊ အပင်ကြီးထွားဖွံ့ဖြိုးရန် မြေဆီလွှာကောင်းမွန်အောင် လှုံ့ဆော်ပေးသည့် ပစ္စည်းအမျိုးအစားဖြစ်ပါတယ်။

■ ဘယ်လိုအမျိုးအစားတွေကို Biostimulants လို့ခေါ်ပါသလဲ?

အမျိုးအစားများစွာရှိသည်။ အကြိုက်အများဆုံးမှာ

- humic acids

- ပင်လယ်ရေမှော်ပစ္စည်း(Sea weed extracts)၊ Amino acid မြေဩဇာအရည်နှင့်

- အကျိုးပြုဘက်တီးရီးယား(Bacillus, Rhizobium)နှင့်

- မှိုတို့ဖြစ်ကြပါတယ်။

(သဘာဝပစ္စည်းများနှင့်၊ သဘာဝမဟုတ်သော ဇီဝလှုံ့ဆော်ပစ္စည်းများလည်းရှိကြပါတယ်။)

 Humic နှင့် fulvic acids ဆိုတာ

အပင်၊ တိရစ္ဆာန်နှင့် အဏုဇီဝအကြွင်းအကျန်များ ပြိုကွဲပျက်စီးခြင်းမှ ထွက်ပေါ်လာသော အော်ဂဲနစ်ဒြပ်စင်များပဲ ဖြစ်ပါတယ်။

ဥပမာ  ။  ။သစ်ဆွေး၊ leonardite နှင့် ပျော့ပျောင်းသော ကျောက်မီးသွေးတို့၏ သတ္တုသိုက်များဖြစ်ပြီး အရောင်က အနက်ရောင် ဖြစ်ပါတယ်။

ဓာတ်ဖိုဖလှယ်စွမ်းအား(Cation Exchangeable  Capacity)ကို တိုးမြှင့်စေပါတယ်။

Seaweed Extracts ဆိုတာ

မတူကွဲပြားသော ထုတ်ယူမှု လုပ်ငန်းစဉ်များဖြင့် ပုံစံအမျိုးမျိုးထုတ်လုပ်ပါတယ်။

ပျော်ဝင်လွယ်သော အမှုန့် သို့မဟုတ် အရည်။

ဇီဝမြေဩဇာအရည်များ

အီးအမ်များ၊ ငါးအမိုင်နို/ခရုအမိုင်နိုများ

အကျိုးပြုဘက်တီးရီးယား/မှိုများ

အမြစ်ကြီးထွားမှုကို ကူညီပေးသော မြေဆီလွှာတွင် (ဘက်တီးရီးယားနှင့်/သို့မဟုတ် မှို)များပါဝင်ပါတယ်။

ဥပမာ- Bacillus နှင့် Rhizobium မှို

(စျေးကွက်အတွင်း ဖော်မြူလာအမျိုးမျိုးဖြင့် စီးပွားဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။)

အပင်နှင့် မြေဆီလွှာတွေအတွက် ဘယ်လိုအကျိုးပြုသလဲ?

Biostimulants များသည် အပင်ကြီးထွားမှု၊ အမြစ်ကြီးထွားမှု၊ မြေဆီလွှာတွင် ရေထိန်းနိုင်မှု၊ ပိုး/ရောဂါကာကွယ်မှုတိုးမြင့်လာမှု၊ အာဟာရဓာတ်ရရှိမှု တိုးမြင့်လာစေရန်နှင့် အကျိုးပြုအနုဇီဝများ တိုးပွားစေရန်၊ မြေဆီလွှာ အဆိပ်အတောက်များ ချေဖျက်စေရန်အပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် အပင်များ ခံစားရမှုမှ ကာကွယ်ပေးသည့် အကျိုးများကို ပေးစွမ်းပါတယ်။

အကြံပြုတိုက်တွန်းခြင်း။

Biostimulants များကို ထိရောက်စွာအသုံးပြုခြင်းဖြင့် ဓာတ်မြေသြဇာ လျှော့ချအသုံးပြုနိုင်ခြင်း

မြေဆီလွှာ ပျက်စီးခြင်းမှ ကာကွယ်နိုင်ခြင်း

မြေဆီလွှာအတွင်းရှိ အပင်အတွက် အဆိပ်သင့်ပစ္စည်းများ ချေဖျက်နိုင်ခြင်း

မြေဆီလွှာ မာကျောမှုများ ဖြေလျှော့နိုင်ခြင်း

ရေရှည်တည်တံ့သော အနာဂတ်စိုက်ပျိုးရေးအတွက် GAPအထောက်အကူပြုပစ္စည်းတစ်မျိုးဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

စေတနာများစွာဖြင့်..

ဦးသာပို

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်