စိုက်ပျိုးသုတ ဒီဇင်ဘာလ

01/12/2023 13:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

စိုက်ပျိုးခြင်း မပြုရသေးသည့် ဆောင်းသီးနှံများကို လျင်မြန်စွာ စိုက်ပျိုးရေးနှင့် နွေစပါးစိုက်ပျိုးရန် ပြင်ဆင်ရေးတို့ကို ယခုလတွင် ဆောင်ရွက်ရန်ဖြစ်ပါသည်။ 

မတ်ပဲနှင့် ပဲတီစိမ်း

နိုဝင်ဘာလအတွင်းက အများစုစိုက်ပျိုးခဲ့ကြသော ပဲတီစိမ်းနှင့် မတ်ပဲသီးနှံ စိုက်ခင်းကို မျက်ခြေမပြတ်ကြည့်ရှုသင့်သည်။ အရွက်အနုပေါ်မှာ အဝါရောင် အစက် အပြောက်တွေ ပေါ်နေသလား။ အရွက်တွေသည် အဝါရောင်နှင့် အစိမ်းရောင် ပုံမမှန် ကွက်ကြားတွေ ဖြစ်ပေါ်လာပြီလား။ အပင်တွေ ကြီးထွားမှု နှေးလာသလား။ 

အထူးဂရုပြုရမှာက အဝါရောင်မိုစေ့ရောဂါဖြစ်သည်။ အဝါရောင်မိုစေ့ရောဂါက မတ်ပဲနှင့် ပဲတီစိမ်းသီးနှံနှစ်မျိုးလုံးမှာ ကျရောက်နိုင်တာ ဖြစ်ပါသည်။

  • ရောဂါကျရောက်နေသော အပင်တွေတွေ့လျှင် ချက်ချင်းနှုတ်ယူမီးရှို့ပစ်ပါ။ ချက်ချင်းပိုးသတ်ဆေးဖျန်းပါ။
  • အဝါရောင်မိုစေ့ရောဂါသည် ရောဂါဖြစ်စေသောသက်ရှိဗိုင်းရပ်စ်ကြောင့် ဖြစ်ရသည်။ ရောဂါပျံ့နှံ့ရခြင်းသည် ယင်ဖြူ (White Fly) မှတစ်ဆင့် ကူးစက်ခြင်းကြောင့် ပိုးသတ်ဆေးဖျန်းရန် လိုပါသည်။ 

ကုလားပဲသီးနှံ

  • မြေတွင်းအစိုဓာတ်လုံလောက်စေဖို့နှင့် အပူဒဏ်ကင်းလွတ်စေရေးအတွက် ဒီဇင်ဘာပထမပတ်အတွင်း အပြီးစိုက်ပါ။ 
  • လေဝင်လေထွက်ကောင်းဖို့ ထွန်းရေနက်နက် ထွန်ရေးညက်ညက်ဖြင့် စိုက်ပျိုးပါ။ 
  • ကုလားပဲသီးနှံသည် ရောဂါကျရောက်ဖျက်ဆီးမှုခံရလေ့ရှိသည့် သီးနှံတစ်မျိုးဖြစ်သဖြင့် ရောဂါဒဏ်ခံနိုင်သောမျိုးကို သုံးစွဲစိုက်ပျိုးပါ။

ပဲပုပ်သီးနှံ  

  • မြေ၌အစိုဓာတ်ပြည့်ဝစွာရှိနေချိန် ဒီဇင်ဘာလအတွင်း အလျင်အမြန်စိုက်ပျိုးပါ။ 
  • မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးပါ။
  • အပင်ငယ်စဉ်တွင် ကျရောက်တတ်သည့်မှိုရောဂါ၊ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ကျရောက်တတ်သည့် ပင်စည်ထိုးပိုး (Stem Fly)တို့အတွက် ကြိုတင်ကာကွယ်ပါ။

ကြံသီးနှံ

  • အပင်ပေါက်ပြီးရှင်သန်ချိန်ကာလအတွင်း ပူပြင်းသောနွေရာသီကာလကို ကျော်ဖြတ်ရမည်ဖြစ်သဖြင့် မြေအစိုဓာတ်ရှိချိန် ဒီဇင်ဘာလအတွင်းအပြီးစိုက်ပါ။ 
  • ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ရရှိစေရန် စက်ထယ်ထွန်တို့ဖြင့် မြေပြင်ပါ။
  • ရေမြေဒေသနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်သော အထွက်ကောင်းမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
  • အပင်ပေါက်စုံ၍ညီစေရန် ကြံမျိုးပိုင်းချရာတွင် ကြံမျက်စိများအား ဘေးတစ်ဖက် တစ်ချက်ထား၍ စိုက်ပါ။ 
  • ကြံမျိုးပိုင်းအဖြစ် အပင်ပေါက်နှုန်းကောင်းသောအဖျားပိုင်းကိုသာ အသုံးပြုပါ။ 

နွေစပါးသီးနှံ စိုက်ပျိုးသူများအနေဖြင့်

၁၉၉၂-၁၉၉၃ ခုနှစ်ကစ၍ နွေစပါးစိုက်လာသည်။ ဒေသအလိုက် အကြိုက်နှင့် ဖြစ်ထွန်းမှုအရ ဧရာဝတီတိုင်းဒေသကြီးမှာ သီးထပ်ရင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ရွှေသွယ်ရင်၊ မန္တလေးတိုင်းဒေသကြီးမှာ ရွှေသွယ်ရင်နှင့် မနောသုခ၊ ပဲခူးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့မှာ ရတနာတိုး၊ ရန်ကုန်တိုင်းဒေသကြီးမှာ ရက်(၉၀)နှင့် ဆင်းသုခ၊ ကရင်ပြည်နယ်မှာ ဆင်းသုခ၊ နေပြည်တော်မှာတော့ နှံကောက်-စသည်တို့ သည် ထင်ရှားကြောင်း သိရသည်။ 

  • မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နွေစပါးအတွက် စိုက်ချိန်မှန်ဖြစ်သော ဒီဇင်ဘာလအတွင်း စိုက်ပျိုးပါ။
  • ရေမြေဒေသ ကိုက်ညီဖြစ်ထွန်းစျေးကွက်ရှိသည့် အပင်ပေါက်(၈၀)ရာခိုင်နှုန်း အထက်ရှိသော သက်လျင်အထွက်ကောင်း စပါးမျိုး(HYV)ကို အသုံးပြုပါ။
  • ယခုအခါသက်လျင်အထွက်ကောင်းစပါးမျိုးသစ်များ တစ်မျိုးပြီး တစ်မျိုး ပေါ်ထွန်း လာလျက်ရှိရာ လက်ရှိစိုက်ပျိုးနေသည့် စပါးမျိုးများနေရာတွင် ပို၍ပို၍ ကောင်းမွန်သည့် အရည်အချင်းများနှင့်ပြည့်စုံသောမျိုးများကို စမ်းသပ်ပြောင်းလဲ စိုက်ပျိုးပါ။ 
  • စိုက်နည်းစနစ်အနေဖြင့် စိုက်ပျိုးရေကိုချွေတာရာရောက်ပြီး ကုန်ကျစရိတ် သက်သာလွယ်ကူကာ လျင်မြန်စွာပြီးစီးနိုင်သောစိုက်ပျိုးနည်းစနစ်ကို အသုံးပြုပါ။
  • စပါးတိုက်ရိုက်မျိုးစေ့ချစနစ်ဖြစ်ပါက ပေါင်းမြက်ကြောင့် စပါးအထွက် လျော့နည်း မှု မဖြစ်စေရန် ပေါင်းမြက်ကာကွယ်နှိမ်းနင်းမှုလုပ်ငန်းများကို အလေးထား လုပ်ကိုင်ပါ။

ဒီဇင်ဘာလသည် မုတ်သုန်မိုးဆုတ်ခွာတာကြာသည်နှင့်အမျှ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှု ကုန်ဆုံးသည်နှင့်အမျှ မြေအမျိုးအစားပေါ်မူတည်ပြီး မြေတွင်းအစိုဓာတ် တဖြည်းဖြည်း လျော့နည်းသွားတော့မည်ဖြစ်ရာ စိုက်ပျိုးရန်ကျန်သည့်ဆောင်းသီးနှံများ အမြန်ဆက်လက်စိုက်ပျိုုးရန်နှင့် စိုက်ပြီးဆောင်းသီးနှံများ ပြုစုထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အရေးပါသောလ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်